ျမန္မာႏိုင္ငံတြင္ ေက်ာက္မ်က္ေဈးကြက္ေပၚေပါက္ရန္ အေရးႀကီးသည္ဟုရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဆို - Property News in Myanmar from iMyanmarHouse.com
674 Views

ျမန္မာႏိုင္ငံတြင္ ေက်ာက္မ်က္ေဈးကြက္ေပၚေပါက္ရန္ အေရးႀကီးသည္ဟုရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဆို

### Zawgyi Version ###

ျမန္မာႏိုင္ငံတြင္ ေက်ာက္မ်က္ေဈးကြက္ေပၚေပါက္လာရန္အေရးႀကီးၿပီး လက္ရွိထြက္ရွိေနသည့္ ေက်ာက္မ်က္ရတနာမ်ားကို အက်ိဳးရွိစြာအသုံးခ်ရန္လိုအပ္သည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ Lotte ဟိုတယ္တြင္ ဇန္နဝါရီ ၁၀ မွ ၁၃ ရက္အထိ က်င္းပသည့္ တတိယအႀကိမ္ ေက်ာက္မ်က္ရတနာျပပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေဟာင္ေကာင္ႏိုင္ငံသည္ သယံဇာတ မထြက္ရွိေသာ္လည္း ကမာၻေပၚတြင္ နာမည္ေက်ာ္ ေဈးကြက္ကို ရရွိထားသည္ဟုဆိုသည္။ ျမန္မာႏိုင္ငံလည္း ထိုသို႔ေဈးကြက္ တစ္ခုအေကာင္အထည္ ေဖာ္ရန္လိုအပ္ေနသည္ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။

ထိုေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္ ႏွစ္စဥ္ ဇန္နဝါရီလတြင္ ေက်ာက္မ်က္ေဈးကြက္က်င္းပျခင္းျဖစ္ျပီးႏိုင္ငံတကာ ေဈးကြက္တြင္ ျမန္မာႏိုင္ငံ၏ ေက်ာက္မ်က္ရတနာမ်ားေရာင္းခ်ႏိုင္မည္ဟုဆိုသည္။ ေက်ာက္မ်က္ေဈးကြက္ေဖာ္ေဆာင္ၿပီး စနစ္တက်ေရာင္းဝယ္ႏိုင္ျခင္းမရွိပါက ျမန္မာႏိုင္ငံသည္ အက်ိဳးအျမတ္မ်ားကို မရရွိဘဲ ရွိေနသည့္ အခြင့္အလမ္းမ်ားလည္း တစတစေပ်ာက္ဆုံးသြားမည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ ကထြက္ရွိသည့္ ေက်ာက္မ်က္အ႐ိုင္းမ်ား၏ ၅ ရာခိုင္ႏႈန္းခန္႔သာ အေခ်ာအထည္အေနျဖင့္ အေကာင္အထည္ေဖာ္ႏိုင္ေသးသည္ဟု ျမန္မာႏိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္အသင္းခ်ဳပ္ဥကၠဌဦးလဖိုင္ခြန္ဆာက ေျပာသည္။

ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ ေက်ာက္မ်က္ရတနာထြက္ရွိရာတြင္ ေက်ာ္ၾကားေသာ္လည္း ေက်ာက္မ်က္ မထြက္သည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားထက္ အက်ိဳးအျမတ္ရရွိမူ ေလ်ာ့နည္းေနသည္ဟု ၎ကဆိုသည္။

“ ျမန္မာႏိုင္ငံက ေက်ာက္မ်က္ရတနာကို ေရာင္းဝယ္ရာတြင္ ေပါေပါထြက္ ေပါေပါေရာင္းခ်တဲ့ အဆင့္ပဲရွိတယ္”ဟု ဦးလဖိုင္ခြန္ဆာကေျပာသည္။

အကယ္၍ ျမန္မာႏို္င္ငံက ေက်ာက္မ်က္ရတနာမ်ားကို ေဈးကြက္ အျပည့္အဝေဖာ္ေဆာင္ႏိုင္ပါက က်ပ္ဘီလီယံ ၃၀၀၀ ခန္႔ႏွစ္စဥ္ရရွိႏိုင္သည္ဟု ၎ကဆိုသည္။

လက္ရွိတြင္ ျမန္မာနိင္ငံက ေက်ာက္အ႐ိုင္းတင္သြင္းၿပီး အေခ်ာထည္ေဈးကြက္ အေကာင္အထည္ေဖာ္ေနသည့္ အိမ္နီးခ်င္းတ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံသည္ ထိုအက်ိဳးအျမတ္ကို ခံစားေနရသည္ဟုဆိုသည္။ အလုပ္အကိုင္ အခြင့္အလမ္း သန္းခ်ီရရွိေနသည္ဟုလည္း ၎ကဆိုသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 မြန်မာနိုင်ငံတွင် ကျောက်မျက်ဈေးကွက်ပေါ်ပေါက်လာရန်အရေးကြီးပြီး လက်ရှိထွက်ရှိနေသည့် ကျောက်မျက်ရတနာများကို အကျိုးရှိစွာအသုံးချရန်လိုအပ်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ဇန်နဝါရီ ၁၀ မှ ၁၃ ရက်အထိ ကျင်းပသည့် တတိယအကြိမ် ကျောက်မျက်ရတနာပြပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်နိုင်ငံသည် သယံဇာတ မထွက်ရှိသော်လည်း ကမ္ဘာပေါ်တွင် နာမည်ကျော် ဈေးကွက်ကို ရရှိထားသည်ဟုဆိုသည်။ မြန်မာနိုင်ငံလည်း ထိုသို့ဈေးကွက် တစ်ခုအကောင်အထည် ဖော်ရန်လိုအပ်နေသည်ဟု ဝန်ကြီးချုပ်ကပြောသည်။

ထိုကြောင့် ရန်ကုန်မြို့တွင် နှစ်စဉ် ဇန်နဝါရီလတွင် ကျောက်မျက်ဈေးကွက်ကျင်းပခြင်းဖြစ်ပြီးနိုင်ငံတကာ ဈေးကွက်တွင် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာများရောင်းချနိုင်မည်ဟုဆိုသည်။ ကျောက်မျက်ဈေးကွက်ဖော်ဆောင်ပြီး စနစ်တကျရောင်းဝယ်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံသည် အကျိုးအမြတ်များကို မရရှိဘဲ ရှိနေသည့် အခွင့်အလမ်းများလည်း တစတစပျောက်ဆုံးသွားမည်ဟုဆိုသည်။

မြန်မာနိုင်ငံ ကထွက်ရှိသည့် ကျောက်မျက်အရိုင်းများ၏ ၅ ရာခိုင်နှုန်းခန့်သာ အချောအထည်အနေဖြင့် အကောင်အထည်ဖော်နိုင်သေးသည်ဟု မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်းချုပ်ဥက္ကဌဦးလဖိုင်ခွန်ဆာက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာထွက်ရှိရာတွင် ကျော်ကြားသော်လည်း ကျောက်မျက် မထွက်သည့် အိမ်နီးချင်းနိုင်ငံများထက် အကျိုးအမြတ်ရရှိမူ လျော့နည်းနေသည်ဟု ၎င်းကဆိုသည်။

“ မြန်မာနိုင်ငံက ကျောက်မျက်ရတနာကို ရောင်းဝယ်ရာတွင် ပေါပေါထွက် ပေါပေါရောင်းချတဲ့ အဆင့်ပဲရှိတယ်”ဟု ဦးလဖိုင်ခွန်ဆာကပြောသည်။

အကယ်၍ မြန်မာနိုင်ငံက ကျောက်မျက်ရတနာများကို ဈေးကွက် အပြည့်အဝဖော်ဆောင်နိုင်ပါက ကျပ်ဘီလီယံ ၃၀၀၀ ခန့်နှစ်စဉ်ရရှိနိုင်သည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာနိင်ငံက ကျောက်အရိုင်းတင်သွင်းပြီး အချောထည်ဈေးကွက် အကောင်အထည်ဖော်နေသည့် အိမ်နီးချင်းတရုတ်နှင့် ထိုင်းနိုင်ငံသည် ထိုအကျိုးအမြတ်ကို ခံစားနေရသည်ဟုဆိုသည်။ အလုပ်အကိုင် အခွင့်အလမ်း သန်းချီရရှိနေသည်ဟုလည်း ၎င်းကဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service