ေအာင္ဘာေလထီလက္မွတ္မ်ား ယခုနွစ္အတြင္း အြန္လိုင္းမွေရာင္းရန္စီစဥ္ - Property News in Myanmar from iMyanmarHouse.com
1092 Views

ေအာင္ဘာေလထီလက္မွတ္မ်ား ယခုနွစ္အတြင္း အြန္လိုင္းမွေရာင္းရန္စီစဥ္

### Zawgyi Version ###

အစိုးရ၏ ေအာင္ဘာေလထီလက္မွတ္မ်ားကုိ ထီေစ်းနွဳန္းထိန္းခ်ဳပ္ရန္နွင့္ ထီေပါက္မဲလာမထုတ္မွဳမ်ား ေလ်ာ့ခ်ေစရန္ အြန္လိုင္းမွ တဆင့္ေရာင္းခ်မွဳမ်ား ၂၀၂၀ ခုနွစ္အတြင္း စတင္နိုင္ရန္ ေဆြးေႏြးမွဳမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သိရသည္။

" ဒါနဲ႔ပတ္သတ္ျပီး လံုျခံဳစိတ္ခ်မွဳရွိမရွိ ေဆြးေႏြးတာမ်ိဳးေတြလုပ္သြားမယ္။ ဒါကိုစအေကာင္ထည္ေဖာ္ရင္ တရား၀င္ထုတ္ျပန္သြားမယ္။ ထီထိုးတာေတြ၊ ေပါက္တဲ့သူကုိ ျပန္အေၾကာင္းၾကားတာေတြကုိ အြန္လိုင္းစနစ္နဲ႕ လုပ္ေဆာင္သြားမယ္။ " ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ညြန္ၾကားေရးမွဳးခ်ဳပ္ဦးမင္းထြဋ္ကေျပာၾကားသည္။

လက္ရွိတြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ အြန္လိုင္းစနစ္ အီလက္ထရြန္းနစ္ ထီ စတင္လုပ္ေဆာင္ရန္ ျပင္ဆင္လ်က္ရွိျပီး လက္ရွိေရာင္းခ်ေနသည့္ထီ လက္မွတ္မ်ားကုိ အြန္လိုင္းနစ္ျဖင့္ ၀ယ္ယူနိုင္ရန္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အဆိုပါ၀န္ႀကီးဌာနထံမွသိရသည္။

စတင္ေရာင္းခ်ရာတြင္ လက္ရွိေရာင္းခ်သည့္ ထီလက္မွတ္မ်ားမွ အကၡရာတစ္လံုးကုိသာ စတင္သြားမည္ျဖစ္ျပီး ေနာက္ပုိင္းတြင္၀ယ္ယူသည့္အေရအတြက္ေပၚမူတည္၍ တိုးခ်ဲ့ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ၄င္းကဆက္လက္ေျပာၾကားသည္။

အဆိုပါ အြန္လိုင္းစနစ္ျဖင့္ ထီလက္မွတ္ေရာင္းခ်ျခင္းကုိ မိုဘိုင္းဖုန္းမ်ားမွတဆင့္ ၀ယ္ယူနိုင္မည္ျဖစ္ျပီး မူရင္းထီလက္မွတ္တန္ဖိုးအတိုင္း က်ပ္ ၁၀၀၀ ျဖင့္သာေရာင္းခ်ေပးသြားမည္ျဖစ္ျပီး ထီလက္မွတ္ေပါက္သည့္ လူမ်ားကုိလည္း မိုဘိုင္းဖုန္းမွတဆင့္ နိုတီမ်ားျဖင့္အေၾကာင္းၾကား သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနထံမွသိရသည္။

ယင္းထီေပါက္သည့္နံပါတ္မ်ားကုိ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ တရား၀င္၀က္ဘ္ဆိုက္တြင္လည္း တရား၀င္ေၾကျငာေပးထားမည္ျဖစ္ျပီး ထီေပါက္သည့္ လူနွင့္အမည္စာရင္းကုိလြယ္ကူစြာ ၾကည့္ရွဳနိုင္မည္ျဖစ္ေၾကာင္း ၄င္း၀န္ႀကီးဌာနထံမွသိရသည္။

လက္ရွိ ေအာင္ဘာေလထီေရာင္းခ်မွဳကုိ အစိုးရဘက္မွ တရား၀င္ ထီတစ္ေစာင္လွ်င္ က်ပ္ ၁၀၀၀ နွဳန္းျဖင့္ ေရာင္းခ်ေသာ္လည္း ျပင္ပေစ်းကြက္တြင္ ထီတစ္ေစာင္လွ်င္ က်ပ္ ၁၁၀၀ မွ ၁၃၀၀ ေလာက္အထိ ေစ်းနွဳန္းမ်ားျဖင့္ေရာင္ခ်မွဳမ်ား ရွိေၾကာင္း ထီလက္မွတ္ေရာင္းခ်သူမ်ားထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အစိုးရ၏ အောင်ဘာလေထီလက်မှတ်များကို ထီဈေးနှုန်းထိန်းချုပ်ရန်နှင့် ထီပေါက်မဲလာမထုတ်မှုများ လျော့ချစေရန် အွန်လိုင်းမှ တဆင့်ရောင်းချမှုများ ၂၀၂၀ ခုနှစ်အတွင်း စတင်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

" ဒါနဲ့ပတ်သတ်ပြီး လုံခြုံစိတ်ချမှုရှိမရှိ ဆွေးနွေးတာမျိုးတွေလုပ်သွားမယ်။ ဒါကိုစအကောင်ထည်ဖော်ရင် တရားဝင်ထုတ်ပြန်သွားမယ်။ ထီထိုးတာတွေ၊ ပေါက်တဲ့သူကို ပြန်အကြောင်းကြားတာတွေကို အွန်လိုင်းစနစ်နဲ့ လုပ်ဆောင်သွားမယ်။ " ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ်ဦးမင်းထွဋ်ကပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ အွန်လိုင်းစနစ် အီလက်ထရွန်းနစ် ထီ စတင်လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိပြီး လက်ရှိရောင်းချနေသည့်ထီ လက်မှတ်များကို အွန်လိုင်းနစ်ဖြင့် ဝယ်ယူနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှသိရသည်။

စတင်ရောင်းချရာတွင် လက်ရှိရောင်းချသည့် ထီလက်မှတ်များမှ အက္ခရာတစ်လုံးကိုသာ စတင်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်ဝယ်ယူသည့်အရေအတွက်ပေါ်မူတည်၍ တိုးချဲ့ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ အွန်လိုင်းစနစ်ဖြင့် ထီလက်မှတ်ရောင်းချခြင်းကို မိုဘိုင်းဖုန်းများမှတဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး မူရင်းထီလက်မှတ်တန်ဖိုးအတိုင်း ကျပ် ၁၀၀၀ ဖြင့်သာရောင်းချပေးသွားမည်ဖြစ်ပြီး ထီလက်မှတ်ပေါက်သည့် လူများကိုလည်း မိုဘိုင်းဖုန်းမှတဆင့် နိုတီများဖြင့်အကြောင်းကြား သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှသိရသည်။

ယင်းထီပေါက်သည့်နံပါတ်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင်လည်း တရားဝင်ကြေငြာပေးထားမည်ဖြစ်ပြီး ထီပေါက်သည့် လူနှင့်အမည်စာရင်းကိုလွယ်ကူစွာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနထံမှသိရသည်။

လက်ရှိ အောင်ဘာလေထီရောင်းချမှုကို အစိုးရဘက်မှ တရားဝင် ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချသော်လည်း ပြင်ပဈေးကွက်တွင် ထီတစ်စောင်လျှင် ကျပ် ၁၁၀၀ မှ ၁၃၀၀ လောက်အထိ ဈေးနှုန်းများဖြင့်ရောင်ချမှုများ ရှိကြောင်း ထီလက်မှတ်ရောင်းချသူများထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service