စတော့အိတ်ချိန်းဝင် FMI အကျိုးအမြတ် ၃၅ ရာခိုင်နှုန်းကျော်တိုးတက် - Property News in Myanmar from iMyanmarHouse.com
867 Views

စတော့အိတ်ချိန်းဝင် FMI အကျိုးအမြတ် ၃၅ ရာခိုင်နှုန်းကျော်တိုးတက်

### Zawgyi Version ###










 

### Unicode Version ###

စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီအုပ်စုအနေနဲ့ ယခုနှစ် စက်တင်ဘာ ဘဏ္ဍာနှစ်အတွင်း အကြမ်းအမြတ်ဟာ ကျပ် ၆၉ ဘီလီယံကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

လာမယ့်နှစ်မှာတော့ ဘဏ္ဍာရေးဝန်ဆောင်မှု၊ အိမ်ရာစီမံကိန်းတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။

FMI ကုမ္ပဏီအုပ်စုဝင် ရိုးမဘဏ်ကိုလည်း ဒီဂျစ်တယ်နည်းပညာအပြည့်အဝ အသုံးပြုတဲ့ စီးပွားရေးဘဏ်တစ်ခုအဖြစ် ထွက်ပေါ်လာဖို့ ဆောင်ရွက်နေတယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် City Loft အိမ်ရာစီမံကိန်းရဲ့ နောက်အဆင့်တွေကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လုပ်ငန်းတစ်ခု ဖြစ်တဲ့ ပန်းလှိုင်စီလုံဆေးရုံကိုလည်း စီးပွားရေးအကျိုးအမြတ်တွေရရှိဖို့နဲ့ ဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ စွမ်းဆောင်ရည်တွေ မြင့်တက်လာစေဖို့အတွက် ဆေးရုံ တိုးချဲ့မှုအစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်း ကဏ္ဍအတွက်လည်း Memories Group ကိုတည်ထောင်ထားပြီး အချက်အခြာကျတဲ့ ဟိုတယ်တွေမှာ အစုရှယ်ယာတွေဝယ်ယူ ရင်းနှီးမြှုပ်နှံခြင်းနဲ့ စီမံခန့်ခွဲမှု ကန်ထရိုက်စာချုပ်တွေပိုချုပ်ဆိုနိုင်ရေးလုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

FMI ကုမ္ပဏီအနေနဲ့ မနေ့ကအထိ ရှယ်ယာတစ်စုကို ၁၁၀၀၀ ကျပ်နဲ့ရောင်းချပြီး နံပါတ် နှစ်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service