ရွှေအထည်ပိုင်ဆိုင်ခြင်းကိုဗဟိုဘဏ်ထံခွင့်ပြုချက်ယူတာဟာ အခက်အခဲရှိတယ်လို့ဆို - Property News in Myanmar from iMyanmarHouse.com
1107 Views
ရွှေအထည်ပိုင်ဆိုင်ခြင်းကိုဗဟိုဘဏ်ထံခွင့်ပြုချက်ယူတာဟာ အခက်အခဲရှိတယ်လို့ဆို
### Zawgyi Version ###
### Unicode Version ###
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကြမ်းမှာ ပါဝင်တဲ့ ရွှေတုံး၊ ရွှေခဲနဲ့ ရွှေချောင်း ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတွေကို ဗဟိုဘဏ်ထံမှ ခွင့်ပြုချက်ယူရမယ်ဆိုတဲ့အချက်ဟာ ရွှေလုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
ဒါ့ကြောင့် ရွှေလုပ်ငန်းရှင်တွေနဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေ တိုင်ပင်ပြီးပါက ပြည်ထောင်စုလွှတ်တော်ထံ အကြံပြုစာတင်သွင်းသွားမယ်လို့ ဆိုပါတယ်။
“ အချိန်ကာလတော့ မသတ်မှတ်ရသေးဘူး။ ကျွန်တေ်ာတို့အသင်းမှာ ဥပဒေပညာရှင်တွေရှိတယ်လေ သူတို့နဲ့တိုင်ပင်ပြီးတော့မှ တင်မှာပေါ့ ။ မကြာခင်လောက်တော့ဖြစ်မှာပါ။” လို့ ဦးမျိုးမြင့်ကပြောပါတယ်။
ဒါ့အပြင် ဥပဒေကြမ်းမှာ စံချိန်မမီလို့ခေါ်တဲ့ အခြားရွှေကိုတော့ ရောင်းဝယ်ခြင်းနဲ့ ပြည်ပတင်ပို့ခြင်းတွေဆောင်ရွက်ပါက ခွင့်ပြုပြီး တင်သွင်းခြင်းကို ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကြမ်း စံချိန်မီရွှေကို နိုင်ငံခြားငွေအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းနဲ့ ချေးငှားခြင်းတွေအတွက် ဗဟိုဘဏ်က ကန့်သတ်လိုက်တာပါ။
ဒါ့ကြောင့် ဥပဒေကြမ်းပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးလိုပါက တင်ပြနိုင်ပြီး ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကိုတော့ ရုတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
Upcoming Property Events
From 06 Sep To 07 Sep
Mingalar Market
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service