ဂ်ပန္​ေခ်း​ေငြက်ပ္ ဘီလီယံ ၁၄၀ ​ေက်ာ္ကို SME လုပ္ငန္းမ်ား​ေခ်းယူႏိုင္​ေၾကာင္း ျမန္မာ့စီးပြား​ေရးဘဏ္​ေၾကညာ - Property News in Myanmar from iMyanmarHouse.com
5176 Views

ဂ်ပန္​ေခ်း​ေငြက်ပ္ ဘီလီယံ ၁၄၀ ​ေက်ာ္ကို SME လုပ္ငန္းမ်ား​ေခ်းယူႏိုင္​ေၾကာင္း ျမန္မာ့စီးပြား​ေရးဘဏ္​ေၾကညာ

### Zawgyi Version ###

JICA ေခ်းေငြက်ပ္ ဘီလီယံ ၁၄၀ ေက်ာ္ကို အေသးစား၊ အလတ္စားႏွင့္ အငယ္စား (MSME) လုပ္ငန္းရွင္မ်ား​ေခ်းယူႏိုင္ေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္ကထုတ္ျပန္ေၾကညာသည္။

JICA-ဂ်ပန္ အျပည္ျပည္ဆိုင္ရာပူး​ေပါင္း​ေဆာင္႐ြက္​ေအဂ်င္စီ ၏ MSME လုပ္ငန္းမ်ားအေပၚ ႏွစ္ဆင့္​ေခ်း​ေငြစနစ္ျဖင့္ရယူႏိုင္သည္ဟုဆိုသည္။

MSME မ်ားအတြက္ က်ပ္ ၁၄၀ ဘီလီယံ​ေက်ာ္ကို ရယူထားသည္ဟုဆိုသည္။ ထို​ေခ်း​ေငြအနက္ ၂၀၁၉ ႏိုဝင္ဘာအထိ လုပ္ငန္းရွင္ ၄၈၉ ဦးအတြက္ က်ပ္ ၈၃ ဘီလီယံထုတ္​ေခ်းၿပီးဟုဆိုသည္။

က်န္​ေခ်း​ေငြမ်ားကို MSME လုပ္ငန္းရွင္မ်ားက ျပည္တြင္းဘဏ္ ၁၁ ခုတြင္ ေလွ်ာက္ထားႏိုင္သည္ဟုဆိုသည္။

ယင္းဘဏ္မ်ားသည္ ျမန္မာႏိုင္ငံသားမ်ားဘဏ္၊ ကေမာၻဇဘဏ္၊ ျမန္မာ့စီးပြားေရးဘဏ္၊ သမဝါယမဘဏ္၊ ဧရာဝတီဘဏ္၊ ပထမပုဂၢလိကဘဏ္၊ ယူႏိုက္တက္အမရဘဏ္၊ အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးဘဏ္၊ ျမန္မာ့အေရွ႕တိုင္းဘဏ္၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ႏွင့္ ေနျပည္ေတာ္စည္ပင္ဘဏ္ တို႔ျဖစ္သည္။

အေသးစား၊ အလတ္စားႏွင့္ အငယ္စားလုပ္ငန္းတစ္ခုလွ်င္ အမ်ားဆုံးက်ပ္သန္း ၅၀၀ ထုတ္ေခ်းႏိုင္ၿပီး အတိုးႏႈန္းအေနျဖင့္ အေပါင္ပစၥည္းေပးအပ္ႏိုင္မႈအေပၚ မူတည္၍ အနည္းဆုံး ၈ ဒသမ ၅ မွ အမ်ားဆုံး ၁၃ ရာခိုင္ႏႈန္းရွိမည္ ျဖစ္သည္။

ေခ်းေငြအေပၚ အသုံးျပဳရန္ ပုံေသရင္းႏွီးေငြအတြက္ ေခ်းေငြ ၏အနည္းဆုံး ၈၀ ရာခိုင္ႏႈန္းအ သုံးျပဳရမည္ျဖစ္ၿပီး လုပ္ငန္းလွည့္ပတ္ရင္းႏွီးေငြအတြက္ ေခ်းေငြ၏ အမ်ားဆုံး ၂၀ ရာခိုင္ႏႈန္းသတ္မွတ္ထားသည္။ ေခ်းေငြသက္တမ္းကို တစ္ႏွစ္အထက္မွ ငါးႏွစ္အထိေပးမည္ျဖစ္ေၾကာင္း ေၾကညာခ်က္က ဆိုသည္။

ေခ်းေငြစီမံကိန္းတြင္ အက်ဳံးမဝင္ေသာလုပ္ငန္းမ်ားလည္းရွိၿပီး ယင္းတို႔သည္ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္မွ ေခ်းေငြရယူရန္အရည္အေသြးျပည့္မီမႈရွိေသာ လယ္သမားမ်ား၊ အိမ္ၿခံေျမအ က်ိဳးေဆာင္လုပ္ငန္းမ်ား၊ ဘ႑ာေရးႏွင့္အာမခံလုပ္ငန္းမ်ား၊ အဖိုးတန္သတၱဳေရာင္းဝယ္ေရးလုပ္ငန္းမ်ား၊ အရက္ဆိုင္မ်ားႏွင့္ ေပ်ာ္ပြဲစား႐ုံလုပ္ငန္းမ်ား၊ ေျဖေဖ်ာ္မႈ၊ တင္ဆက္မႈလုပ္ငန္းမ်ား ႏွင့္လက္နက္ခဲယမ္းထုတ္လုပ္ ေရာင္းဝယ္ေရးလုပ္ငန္းမ်ားျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္းရွိ MSME လုပ္ငန္းအေရအတြက္ ခုနစ္ေသာင္းေက်ာ္၌ လုပ္ငန္းရွင္ ၂,၂၀၇ ဦးကို ေခ်းေငြထုတ္ ေခ်းထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

JICAချေးငွေ ကျပ်ဘီလီယံ ၁၄၀ ကျော်ကို အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) လုပ်ငန်းရှင်များ ချေးယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ကထုတ်ပြန်ကြေညာသည်။

JICA-ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အေဂျင်စီ ၏ MSME လုပ်ငန်းများအပေါ် နှစ်ဆင့်ချေးငွေစနစ်ဖြင့်ရယူနိုင်သည်ဟုဆိုသည်။

MSME များအတွက် ကျပ် ၁၄၀ ဘီလီယံကျော်ကို ရယူထားသည်ဟုဆိုသည်။ ထိုချေးငွေအနက် ၂၀၁၉ နိုဝင်ဘာအထိ လုပ်ငန်းရှင် ၄၈၉ ဦးအတွက် ကျပ် ၈၃ ဘီလီယံထုတ်ချေးပြီးဟုဆိုသည်။

ကျန်ချေးငွေများကို MSME လုပ်ငန်းရှင်များက ပြည်တွင်းဘဏ် ၁၁ ခုတွင် လျှောက်ထားနိုင်သည်ဟုဆိုသည်။

ယင်းဘဏ်များသည် မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် နေပြည်တော်စည်ပင်ဘဏ် တို့ဖြစ်သည်။

အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းတစ်ခုလျှင် အများဆုံးကျပ်သန်း ၅၀၀ ထုတ်ချေးနိုင်ပြီး အတိုးနှုန်းအနေဖြင့် အပေါင်ပစ္စည်းပေးအပ်နိုင်မှုအပေါ် မူတည်၍ အနည်းဆုံး ၈ ဒသမ ၅ မှ အများဆုံး ၁၃ ရာခိုင်နှုန်းရှိမည် ဖြစ်သည်။

ချေးငွေအပေါ် အသုံးပြုရန် ပုံသေရင်းနှီးငွေအတွက် ချေးငွေ ၏အနည်းဆုံး ၈၀ ရာခိုင်နှုန်းအ သုံးပြုရမည်ဖြစ်ပြီး လုပ်ငန်းလှည့်ပတ်ရင်းနှီးငွေအတွက် ချေးငွေ၏ အများဆုံး ၂၀ ရာခိုင်နှုန်းသတ်မှတ်ထားသည်။ ချေးငွေသက်တမ်းကို တစ်နှစ်အထက်မှ ငါးနှစ်အထိပေးမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သောလုပ်ငန်းများလည်းရှိပြီး ယင်းတို့သည်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန်အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ၊ အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်အာမခံလုပ်ငန်းများ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်းများ၊ ဖြေဖျော်မှု၊ တင်ဆက်မှုလုပ်ငန်းများ နှင့်လက်နက်ခဲယမ်းထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းများဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ MSME လုပ်ငန်းအရေအတွက် ခုနစ်သောင်းကျော်၌ လုပ်ငန်းရှင် ၂,၂၀၇ ဦးကို ချေးငွေထုတ် ချေးထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service