ေက်ာက္တန္းၿမိဳ႕နယ္ရွိ ေက်းရြာ (၄၁) ရြာမီးေပးနိုင္မည့္ဓာတ္အားခြဲ႐ုံဖြင့္လွစ္ - Property News in Myanmar from iMyanmarHouse.com
890 Views

ေက်ာက္တန္းၿမိဳ႕နယ္ရွိ ေက်းရြာ (၄၁) ရြာမီးေပးနိုင္မည့္ဓာတ္အားခြဲ႐ုံဖြင့္လွစ္

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တန္းၿမိဳ႕နယ္ ရွိ ေက်းရြာ ၄၁ ရြာကိုလၽွပ္စစ္ဓာတ္အားအျပည့္ေပးနိုင္မည့္ ဓာတ္အားခြဲ႐ုံကို စတင္ဖြင့္လွစ္ေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ရန္ကုန္ေတာင္ပိုင္းခရိုင္ လၽွပ္စစ္မန္ေနဂ်ာ ဦးစံထြန္းေအာင္က ေျပာၾကားသည္။

ေက်ာက္တန္းၿမိဳ့နယ္ ကမာကလုတ္/ကရင္ေခ်ာင္ေက်းရြာတြင္ ၃၃/၁၁ KV၊ ၅ MVA ဓာတ္အားခြဲ႐ုံ ဖြင့္လွစ္မွုေၾကာင့္ လက္ရွိတြင္ လၽွပ္စစ္ရရွိသည့္ေက်းရြာမ်ားအပါအဝင္၂၀၁၉- ၂၀၂၀ ျပည့္ႏွစ္အတြင္း အသစ္တိုးလာသည့္ ေက်းရြာမ်ားအားလုံး လၽွပ္စစ္မီးဗို႔အားျပည့္ရရွိမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“ ျပည္သူေတြအားလုံး လၽွပ္စစ္ကိုယခင္ထက္စာရင္အမ်ားႀကီးတိုးတက္ၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္ စိတ္ခ်လက္ခ်သုံးစြဲနိုင္တဲ့အေနအထားေရာက္မယ္လို႔ ေျပာၾကားလိုပါတယ္။ ကၽြန္ေတာ္တို႔ဝန္ႀကီးဌာနအေနနဲ႔ေတာ့ ျပည္သူနဲ႔ စက္မႈလက္မႈလုပ္ငန္းေတြမွာ လၽွပ္စစ္ျပည့္ဝစြာရရွိဖို႔အဓိကထားၿပီးေဆာင္ရြက္ေနပါတယ္” ဟု လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္ က ဓာတ္အားခြဲ႐ုံဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားသည္။

၂၀၂၀ ျပည့္ႏွစ္တြင္ နိုင္ငံေတာ္ဓာတ္အားစနစ္မွ လၽွပ္စစ္စီးမီး ၅၀ ရာခိုင္ႏႈန္းထိေပးထားနိုင္ၿပီျဖစ္ကာ လာမည့္ ၂၀၂၁ ျပည့္ႏွစ္တြင္ ၅၅ ရာခိုင္ႏႈန္းထိတိုးတက္သုံးစြဲနိုင္ရန္လ်ာထားလုပ္ေဆာင္ေနၿပီး ဓာတ္အားခြဲ႐ုံမ်ား ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“ လၽွပ္စစ္မီးရတယ္။ ဒါေပမယ့္ အားမျပည့္လို႔ သုံးလို႔မရဘူး။ မီးအားဆြဲနိုင္တဲ့ အိမ္ကဆြဲလိုက္ရင္ဘာမွ မရေတာ့ဘူး။ အခုဓာတ္အားခြဲ႐ုံေရာက္လာေတာ့ မီးအားျပည့္ရမယ္” ဟု ေက်ာက္တန္းၿမိဳ့နယ္၊ ကုလားတန္းေက်းရြာမွ ဦးထြန္းၿငိမ္းက ေျပာၾကားသည္။

၂၀၁၆ ခုႏွစ္မွစကာ ရန္ကုန္တိုင္းေဒသႀကီးတြင္ ျပည္ေထာင္စုဘတ္ဂ်က္ျဖင့္ ၁၇၉.၆၉ ဘီလီယံ၊ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၏ ဘတ္ဂ်က္ ၃၂.၆ ဘီလီယံက်ပ္ျဖင့္ ဓာတ္အားခြဲ႐ုံ ၇ ႐ုံ၊ ဓာတ္အားလိုင္း ၆၁ လိုင္း အစရွိသည့္လၽွပ္စစ္မီးရရွိေရးအတြက္ သုံးစြဲထားေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနထံမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

 ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ ၄၁ ရွာကိုလျှပ်စစ်ဓာတ်အားအပြည့်ပေးနိုင်မည့် ဓာတ်အားခွဲရုံကို စတင်ဖွင့်လှစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဦးစံထွန်းအောင်က ပြောကြားသည်။

ကျောက်တန်းမြို့နယ် ကမာကလုတ်/ကရင်ချောင်ကျေးရွာတွင် ၃၃/၁၁ KV၊ ၅ MVA ဓာတ်အားခွဲရုံ ဖွင့်လှစ်မှုကြောင့် လက်ရှိတွင် လျှပ်စစ်ရရှိသည့်ကျေးရွာများအပါအဝင်၂၀၁၉- ၂၀၂၀ ပြည့်နှစ်အတွင်း အသစ်တိုးလာသည့် ကျေးရွာများအားလုံး လျှပ်စစ်မီးဗို့အားပြည့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ပြည်သူတွေအားလုံး လျှပ်စစ်ကိုယခင်ထက်စာရင်အများကြီးတိုးတက်ပြီးတော့ တည်တည်ငြိမ်ငြိမ် စိတ်ချလက်ချသုံးစွဲနိုင်တဲ့အနေအထားရောက်မယ်လို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့တော့ ပြည်သူနဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာ လျှပ်စစ်ပြည့်ဝစွာရရှိဖို့အဓိကထားပြီးဆောင်ရွက်နေပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်စီးမီး ၅၀ ရာခိုင်နှုန်းထိပေးထားနိုင်ပြီဖြစ်ကာ လာမည့် ၂၀၂၁ ပြည့်နှစ်တွင် ၅၅ ရာခိုင်နှုန်းထိတိုးတက်သုံးစွဲနိုင်ရန်လျာထားလုပ်ဆောင်နေပြီး ဓာတ်အားခွဲရုံများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ လျှပ်စစ်မီးရတယ်။ ဒါပေမယ့် အားမပြည့်လို့ သုံးလို့မရဘူး။ မီးအားဆွဲနိုင်တဲ့ အိမ်ကဆွဲလိုက်ရင်ဘာမှ မရတော့ဘူး။ အခုဓာတ်အားခွဲရုံရောက်လာတော့ မီးအားပြည့်ရမယ်” ဟု ကျောက်တန်းမြို့နယ်၊ ကုလားတန်းကျေးရွာမှ ဦးထွန်းငြိမ်းက ပြောကြားသည်။

၂၀၁၆ ခုနှစ်မှစကာ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၁၇၉.၆၉ ဘီလီယံ၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက် ၃၂.၆ ဘီလီယံကျပ်ဖြင့် ဓာတ်အားခွဲရုံ ၇ ရုံ၊ ဓာတ်အားလိုင်း ၆၁ လိုင်း အစရှိသည့်လျှပ်စစ်မီးရရှိရေးအတွက် သုံးစွဲထားကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service