ဒက္ခိဏသီရိမြို့ရှိ ၈၀ ပတ်လည် မြေကွက်(၁၉၇)ကွက်ကို ဝယ်ယူခွင့် လျှောက်ထားသူ(၃၂၇)ဦး၏ရှိပြီး ယခုလ ၁၀ ရက်တွင်မဲဖောက် နေရာ ချထားမည် - Property News in Myanmar from iMyanmarHouse.com
1793 Views

ဒက္ခိဏသီရိမြို့ရှိ ၈၀ ပတ်လည် မြေကွက်(၁၉၇)ကွက်ကို ဝယ်ယူခွင့် လျှောက်ထားသူ(၃၂၇)ဦး၏ရှိပြီး ယခုလ ၁၀ ရက်တွင်မဲဖောက် နေရာ ချထားမည်

### Zawgyi Version ###






 

### Unicode Version ###

နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ၈၀ ပတ်လည် မြေကွက်(၁၉၇)ကွက်ကို ဝယ်ယူခွင့် လျှောက်ထားသူ(၃၂၇)ဦး၏ရှိပြီး ယခုလ ၁၀ ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်မှ စတင်၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မင်္ဂလာခန်းမတွင် ကျင်းပမည်ဖြစ်ပြီး မဲနှိုက်ခြင်းအစီ အစဉ်ကို မြေကွက်လျှောက်ထားသူများမှ စိတ်ဝင်စားသူများ မင်္ဂလာခန်းမသို့ လာရောက်ကြည့်ရှုနိုင်ပါရန် နေပြည်တော်စည်ပင် သာယာ ရေးကော်မတီက ဖိတ်ခေါ်ထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါမြေကွက်များအားရောင်းချရန် ကြေညာခဲ့ရာ ဒီဇင်ဘာလအတွင်း လျှောက်ထားသူပေါင်း (၃၂၇) ဦးရှိခဲ့ကြောင်းသိရသည်။အမည်စာရင်းတွင် ပါဝင်ခြင်းမရှိသည့် မြေကွက်လျှောက်ထားသူများရှိပါက မူလ လျှောက်ထားခဲ့သည့် အထောက်အထားနှင့်အတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ (၈-၁-၂၀၂၀) ရက်နေ့နောက်ဆုံးထား၍ တင်ပြ လျှောက်ထား နိုင်ကြောင်း nptdc Webportal မှသိရသည်။

ယင်းမြေကွက်များကို ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒက္ခိဏခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ ရှေ့မှောက်တွင် မဲစနစ်ဖြင့် နေရာချထားခြင်း ပြုလုပ် မည်ဖြစ်သဖြင့် မြေကွက်လျှောက်ထားသူများ လာရောက်ကြည့်ရှုနိုင်ပါရန် ဖိတ်ခေါ်ထားပြီး လာရောက်ကြည့်ရှုနိုင်ခြင်း မရှိသူများအ တွက်လည်း nptdc Webportal နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook Page တွင် Live ထုတ်လွှင့်ပြသပေးမည်ဖြစ် ကြောင်းသိရသည်။

ယခုမဲနှိုက်ရာတွင် မဲမပေါက်သူ များအတွက် ဒုတိယအကြိမ် မြေကွက်များထပ်မံ ရောင်းချမည့် အစီအစဉ်တွင် ထည့်သွင်းပေး မည်ဖြစ်ပြီး ယင်းအစီအစဉ်အား ကြိုတင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်းသိရသည်။

မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service