ႏွစ္ဦးအမည္ႏွင့္ ၀ယ္ထားသည့္ အိမ္ျခံေျမ တိုက္ခန္းကို ၀ယ္မည္ဆိုလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
1570 Views

ႏွစ္ဦးအမည္ႏွင့္ ၀ယ္ထားသည့္ အိမ္ျခံေျမ တိုက္ခန္းကို ၀ယ္မည္ဆိုလွ်င္

Knowledge | Posted by Aye Myat Thu

### Zawgyi Version ###

''ဖခင္ႏွင့္ သမီးႏွစ္ဦးအမည္နဲ႔ ဝယ္ထားတဲ့ တုိက္ခန္းကုိ သမီးက ေရာင္းရင္ျဖစ္ပါသလား''ဟု မိတ္ေဆြ တစ္ဦးက ေဆြးေႏြးလာပါသည္။

''သာမန္အားျဖင့္ေတာ့ ျပႆနာမျဖစ္ႏုိင္ဘူးလုိ႔ ေတြ႔ရေပမယ့္ သမီးျဖစ္သူက အိမ္ေထာင္ကြဲလား၊ ဖခင္မွာ သားသမီးဘယ္ႏွေယာက္ရွိသ လဲဆုိတာေတြက ဆက္စပ္မႈျဖစ္လာတယ္။ အခုကိစၥက သမီးျဖစ္သူက ဖခင္မသိေအာင္ ေရာင္းမွာလား''

''ဖခင္က ကြယ္လြန္သြားၿပီ။ ဒါ ေၾကာင့္ သမီးျဖစ္သူက ျပန္ေရာင္းမွာ''

''ဒါဆုိရင္ေတာ့ ဥပေဒအရ ၾကည့္မယ္ဆုိရင္ စဥ္းစားစရာျဖစ္လာၿပီ''

''သမီးျဖစ္သူကလည္း အိမ္ေထာင္ရွိတယ္လုိ႔ေျပာတယ္။ ေမာင္ႏွမဘယ္ႏွေယာက္ရွိတယ္လုိ႔ေတာ့ မေမးလုိက္မိဘူး''

''ဖခင္က ကြယ္လြန္သြားၿပီဆုိေတာ့ အေမြဆုိင္ အိမ္သေဘာမ်ဳိးျဖစ္လာႏုိင္တယ္။ မိခင္ကရွိေသးလား။ ကြယ္လြန္သြားၿပီလား''

''ဖခင္က ေနာက္အိမ္ေထာင္ျပဳ ထားတယ္လို႔ေျပာတယ္။ ပထမဇနီး ကြယ္လြန္ၿပီး မၾကာမီပဲ အိမ္ေထာင္ ထပ္ျပဳတယ္လုိ႔ ေျပာပါတယ္''

''ဒါဆုိရင္ေတာ့ ေနာက္ဇနီးက ကန္႔ကြက္မွာေပါ့''

''ဟုတ္တယ္ သူငယ္ခ်င္း။ အခုစရန္ေငြေပးၿပီး သတင္းစာထဲ ထည့္လုိက္မွ ကန္႔ကြက္သူေပၚလာတာပဲ။ ဒါေၾကာင့္ ဘာဆက္လုပ္ရင္ေကာင္း မလဲလုိ႔ လာေဆြးေႏြးတာ''

''ဥပေဒအရ ေျပာရရင္ အေၾကာင္းအရာက ႏွစ္ပုိင္းျဖစ္ေနတယ္ သူငယ္ခ်င္း။ ဦးစြာေျပာရရင္ ပထမတစ္ပုိင္းကေတာ့ မိရင္း၊ ဖရင္း ကြယ္လြန္တဲ့အတြက္ က်န္တဲ့သားသမီးေတြက မိေထြးနဲ႔ အေမြခြဲေဝရပုိင္ ခြင့္အပုိင္းျဖစ္တယ္''

''ဒါဆုိ ဒီတုိက္ခန္းက အေမြဆုိင္ ပစၥည္းထဲပါသြားမွာေပါ့''

''ဖခင္အေနနဲ႔ မိရင္းေသဆုံးစဥ္က က်န္ရွိတဲ့ ပစၥည္းေတြအေပၚ သားသမီးေတြကို အေမြခြဲမေပးခ့ဲရင္ ေတာ့ ဖခင္ကြယ္လြန္တဲ့အခ်ိန္မွာ ဖခင္နဲ႔ ေနာက္အိမ္ေထာင္လက္ထက္ပြား ပစၥည္းအပါအဝင္ မိခင္ပုိင္ ေဝစု ကို ေတာင္းဆုိခြင့္ရွိတယ္။ ဒါေၾကာင့္ အဲဒီ တုိက္ခန္းတစ္ခုတည္းသာမဟုတ္ဘဲ အျခားပစၥည္းေတြ က်န္ရွိ ေနရင္ သားသမီးအားလုံးက အေမြပစၥည္းအျဖစ္ အေမြေတာင္းခြင့္ရွိလာမွာျဖစ္တယ္''

''သမီးျဖစ္သူက တစ္စိတ္တစ္ ပုိင္းေငြထည့္ဝင္ဝယ္ထားမယ္ဆုိရင္ ဘယ္လုိျဖစ္ႏုိင္ပါသလဲ''

''ဒါကေတာ့ မိမိပုိင္ေငြ ထည့္ ဝင္ထားေၾကာင္း အေထာက္အထား ျပႏုိင္ရင္ပိုၿပီး အဆင္ေျပတာေပါ့''

''ဥပေဒအရ ပူးတြဲအမည္ေပါက္ ဆုိရင္ ပုိင္ဆုိင္မႈက ဘယ္လုိ ျဖစ္ႏုိင္ပါသလဲ''

''ဥပေဒအရဆုိရင္ေတာ့ ႏွစ္ဦး ပုိင္ ပစၥည္းကုိ တစ္ဦးတည္း သေဘာျဖင့္ မေရာင္းႏုိင္လုိ႔ ျပ႒ာန္းထား တယ္''

''ဒါဆုိရင္ အခုကိစၥမွာ သမီးျဖစ္ သူက ေရာင္းပုိင္ခြင့္မရွိဘူးေပါ့''

''မွန္ပါတယ္။ တစ္ဦးတည္း ေရာင္းၿပီး ေရာင္းဖုိးေငြအားလုံးရပုိင္ ခြင့္ မရွိဘူးလုိ႔ ဆုိရမယ္''

''သမီးျဖစ္သူက ေငြစုိက္ထုတ္ ထားသည့္တုိင္ ဖခင္ရဲ႕ ေဝစုအပုိင္း ကို ရပုိင္ခြင့္မရွိဘူးေပါ့''

''အခုကိစၥက ဇနီးသည္ရွိေန ေသးတယ္ဆုိေတာ့ ဖခင္ရဲ႕ေဝစုဟာ ေနာက္အိမ္ေထာင္ ဇနီးဆီေရာက္ သြားမွာျဖစ္တယ္ သူငယ္ခ်င္း။ တရား ႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးစုိးၫႊန္႔ ႏွင့္ ေဒၚၾကည္ၾကည္ ၂ဝ၁၃ ခုႏွစ္၊ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ ႏွာ - ၂၁၄ မွာ အေရာင္းအဝယ္စာ ခ်ဳပ္တြင္ ဝယ္သူႏွစ္ဦး အမည္ေပါက္ ၍ မည္မွ်အက်ဳိးသက္ဆုိင္သည္။ အခ်ဳိးက်ေငြမည္မွ်စုိက္သည္ဟု မေဖာ္ျပလွ်င္ ၄င္းတုိ႔ဝယ္ယူသည့္ ပစၥည္း အေပၚ ညီတူညီမွ် အက်ဳိးခံစား ပုိင္ဆုိင္သည္လုိ႔ ဆံုးျဖတ္ထားပါတယ္''

''ဒီတရား႐ံုးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ အရဆုိရင္ေတာ့ တုိက္ခန္းတန္ဖုိးကို သမီးကတစ္ဝက္၊ ဖခင္ကတစ္ဝက္ ပုိင္ဆုိင္တဲ့ သေဘာေပါ့ေနာ္။ ဒါဆုိ ဖခင္ရဲ႕ ေဝစုကုိ ဇနီးက ရပုိင္ခြင့္ရွိမွာေပါ့''

''ဥပေဒအရ တိတိက်က်ေျပာရရင္ေတာ့ လက္ရွိဇနီးသည္ကလည္း ရပုိင္ခြင့္ရွိမွာမုိ႔ ကန္႔ကြက္ခ်က္ေတြ ျဖစ္လာတာပဲျဖစ္တယ္။ ႏွစ္ဖက္ညိႇႏႈိင္းလုိ႔ အဆင္ေျပသြားရင္ေတာ့ အေရာင္းအဝယ္ဆက္လုပ္ႏုိင္မွာ ျဖစ္ပါတယ္''

''အခ်ဳိ႕ကေျပာေတာ့ ကြယ္လြန္သူပုိင္ပစၥည္းကုိ မိမိပစၥည္းအျဖစ္ အလြဲသုံးစားျပဳေရာင္းစားခဲ့ရင္ ရာဇဝတ္မႈနဲ႔ တရားစြဲႏုိင္တယ္လုိ႔လည္းေျပာၾကတယ္။ အဲဒါက ဘယ္လုိကိစၥမ်ဳိးလဲ အခုကိစၥက အက်ဳံးဝင္သလား''

''ရာဇသတ္ႀကီး ဥပေဒပုဒ္မ - ၄ဝ၄ မွာေတာ့ ေသသူရဲ႕ က်န္ရစ္ခဲ့တဲ့ပစၥည္းကို ေသသူပုိင္ပစၥည္းမွန္း သိလ်က္နဲ႔ ဥပေဒနဲ႔အညီ လက္ရွိရ ပိုင္ခြင့္ရွိသူလက္သို႔ မေရာက္မီ မိမိ ပစၥည္းအျဖစ္ အလြဲသုံးစားျပဳလုပ္ရင္ သုံးႏွစ္အထိ ေထာင္ဒဏ္တစ္မ်ဳိးမ်ဳိး ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္တယ္လုိ႔ ျပ႒ာန္းထားတယ္''

''ဝယ္တဲ့သူကမသိဘဲ ဝယ္ လုိက္ရင္ ဘယ္လုိျဖစ္ႏုိင္သလဲ''

''ေငြအေၾကေခ်လုိက္ၿပီဆုိရင္ေတာ့ အေျခအေနေျပာင္းလဲသြားႏုိင္တာေပါ့။ အခုကိစၥက စရန္ပဲ သူငယ္ ခ်င္းေပးရေသးတယ္ဆုိေတာ့ ညိႇႏႈိင္းလုိ႔ အဆင္ေျပႏုိင္ပါတယ္။ တရားစြဲဆုိရင္လည္း ဝယ္သူအေနနဲ႔ သက္ ဆုိင္မႈမရွိႏုိင္ပါဘူး။ သူငယ္ခ်င္းကသာ စရန္ေပးစာခ်ဳပ္အရ ဆက္လက္ေဆာင္ရြက္ဖုိ႔ပဲလုိပါတယ္''ဟု ရွင္းျပ ေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာ ကိုႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

### Unicode Version ###

''ဖခင်နှင့် သမီးနှစ်ဦးအမည်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းကို သမီးက ရောင်းရင်ဖြစ်ပါသလား''ဟု မိတ်ဆွေ တစ်ဦးက ဆွေးနွေးလာပါသည်။

''သာမန်အားဖြင့်တော့ ပြဿနာမဖြစ်နိုင်ဘူးလို့ တွေ့ရပေမယ့် သမီးဖြစ်သူက အိမ်ထောင်ကွဲလား၊ ဖခင်မှာ သားသမီးဘယ်နှယောက်ရှိသ လဲဆိုတာတွေက ဆက်စပ်မှုဖြစ်လာတယ်။ အခုကိစ္စက သမီးဖြစ်သူက ဖခင်မသိအောင် ရောင်းမှာလား''

''ဖခင်က ကွယ်လွန်သွားပြီ။ ဒါ ကြောင့် သမီးဖြစ်သူက ပြန်ရောင်းမှာ''

''ဒါဆိုရင်တော့ ဥပဒေအရ ကြည့်မယ်ဆိုရင် စဉ်းစားစရာဖြစ်လာပြီ''

''သမီးဖြစ်သူကလည်း အိမ်ထောင်ရှိတယ်လို့ပြောတယ်။ မောင်နှမဘယ်နှယောက်ရှိတယ်လို့တော့ မမေးလိုက်မိဘူး''

''ဖခင်က ကွယ်လွန်သွားပြီဆိုတော့ အမွေဆိုင် အိမ်သဘောမျိုးဖြစ်လာနိုင်တယ်။ မိခင်ကရှိသေးလား။ ကွယ်လွန်သွားပြီလား''

''ဖခင်က နောက်အိမ်ထောင်ပြု ထားတယ်လို့ပြောတယ်။ ပထမဇနီး ကွယ်လွန်ပြီး မကြာမီပဲ အိမ်ထောင် ထပ်ပြုတယ်လို့ ပြောပါတယ်''

''ဒါဆိုရင်တော့ နောက်ဇနီးက ကန့်ကွက်မှာပေါ့''

''ဟုတ်တယ် သူငယ်ချင်း။ အခုစရန်ငွေပေးပြီး သတင်းစာထဲ ထည့်လိုက်မှ ကန့်ကွက်သူပေါ်လာတာပဲ။ ဒါကြောင့် ဘာဆက်လုပ်ရင်ကောင်း မလဲလို့ လာဆွေးနွေးတာ''

''ဥပဒေအရ ပြောရရင် အကြောင်းအရာက နှစ်ပိုင်းဖြစ်နေတယ် သူငယ်ချင်း။ ဦးစွာပြောရရင် ပထမတစ်ပိုင်းကတော့ မိရင်း၊ ဖရင်း ကွယ်လွန်တဲ့အတွက် ကျန်တဲ့သားသမီးတွေက မိထွေးနဲ့ အမွေခွဲဝေရပိုင် ခွင့်အပိုင်းဖြစ်တယ်''

''ဒါဆို ဒီတိုက်ခန်းက အမွေဆိုင် ပစ္စည်းထဲပါသွားမှာပေါ့''

''ဖခင်အနေနဲ့ မိရင်းသေဆုံးစဉ်က ကျန်ရှိတဲ့ ပစ္စည်းတွေအပေါ် သားသမီးတွေကို အမွေခွဲမပေးခဲ့ရင် တော့ ဖခင်ကွယ်လွန်တဲ့အချိန်မှာ ဖခင်နဲ့ နောက်အိမ်ထောင်လက်ထက်ပွား ပစ္စည်းအပါအဝင် မိခင်ပိုင် ဝေစု ကို တောင်းဆိုခွင့်ရှိတယ်။ ဒါကြောင့် အဲဒီ တိုက်ခန်းတစ်ခုတည်းသာမဟုတ်ဘဲ အခြားပစ္စည်းတွေ ကျန်ရှိ နေရင် သားသမီးအားလုံးက အမွေပစ္စည်းအဖြစ် အမွေတောင်းခွင့်ရှိလာမှာဖြစ်တယ်''

''သမီးဖြစ်သူက တစ်စိတ်တစ် ပိုင်းငွေထည့်ဝင်ဝယ်ထားမယ်ဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ''

''ဒါကတော့ မိမိပိုင်ငွေ ထည့် ဝင်ထားကြောင်း အထောက်အထား ပြနိုင်ရင်ပိုပြီး အဆင်ပြေတာပေါ့''

''ဥပဒေအရ ပူးတွဲအမည်ပေါက် ဆိုရင် ပိုင်ဆိုင်မှုက ဘယ်လို ဖြစ်နိုင်ပါသလဲ''

''ဥပဒေအရဆိုရင်တော့ နှစ်ဦး ပိုင် ပစ္စည်းကို တစ်ဦးတည်း သဘောဖြင့် မရောင်းနိုင်လို့ ပြဋ္ဌာန်းထား တယ်''

''ဒါဆိုရင် အခုကိစ္စမှာ သမီးဖြစ် သူက ရောင်းပိုင်ခွင့်မရှိဘူးပေါ့''

''မှန်ပါတယ်။ တစ်ဦးတည်း ရောင်းပြီး ရောင်းဖိုးငွေအားလုံးရပိုင် ခွင့် မရှိဘူးလို့ ဆိုရမယ်''

''သမီးဖြစ်သူက ငွေစိုက်ထုတ် ထားသည့်တိုင် ဖခင်ရဲ့ ဝေစုအပိုင်း ကို ရပိုင်ခွင့်မရှိဘူးပေါ့''

''အခုကိစ္စက ဇနီးသည်ရှိနေ သေးတယ်ဆိုတော့ ဖခင်ရဲ့ဝေစုဟာ နောက်အိမ်ထောင် ဇနီးဆီရောက် သွားမှာဖြစ်တယ် သူငယ်ချင်း။ တရား ရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစိုးညွှန့် နှင့် ဒေါ်ကြည်ကြည် ၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ - ၂၁၄ မှာ အရောင်းအဝယ်စာ ချုပ်တွင် ဝယ်သူနှစ်ဦး အမည်ပေါက် ၍ မည်မျှအကျိုးသက်ဆိုင်သည်။ အချိုးကျငွေမည်မျှစိုက်သည်ဟု မဖော်ပြလျှင် ၎င်းတို့ဝယ်ယူသည့် ပစ္စည်း အပေါ် ညီတူညီမျှ အကျိုးခံစား ပိုင်ဆိုင်သည်လို့ ဆုံးဖြတ်ထားပါတယ်''

''ဒီတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် အရဆိုရင်တော့ တိုက်ခန်းတန်ဖိုးကို သမီးကတစ်ဝက်၊ ဖခင်ကတစ်ဝက် ပိုင်ဆိုင်တဲ့ သဘောပေါ့နော်။ ဒါဆို ဖခင်ရဲ့ ဝေစုကို ဇနီးက ရပိုင်ခွင့်ရှိမှာပေါ့''

''ဥပဒေအရ တိတိကျကျပြောရရင်တော့ လက်ရှိဇနီးသည်ကလည်း ရပိုင်ခွင့်ရှိမှာမို့ ကန့်ကွက်ချက်တွေ ဖြစ်လာတာပဲဖြစ်တယ်။ နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေသွားရင်တော့ အရောင်းအဝယ်ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်''

''အချို့ကပြောတော့ ကွယ်လွန်သူပိုင်ပစ္စည်းကို မိမိပစ္စည်းအဖြစ် အလွဲသုံးစားပြုရောင်းစားခဲ့ရင် ရာဇဝတ်မှုနဲ့ တရားစွဲနိုင်တယ်လို့လည်းပြောကြတယ်။ အဲဒါက ဘယ်လိုကိစ္စမျိုးလဲ အခုကိစ္စက အကျုံးဝင်သလား''

''ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၄ဝ၄ မှာတော့ သေသူရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းကို သေသူပိုင်ပစ္စည်းမှန်း သိလျက်နဲ့ ဥပဒေနဲ့အညီ လက်ရှိရ ပိုင်ခွင့်ရှိသူလက်သို့ မရောက်မီ မိမိ ပစ္စည်းအဖြစ် အလွဲသုံးစားပြုလုပ်ရင် သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်''

''ဝယ်တဲ့သူကမသိဘဲ ဝယ် လိုက်ရင် ဘယ်လိုဖြစ်နိုင်သလဲ''

''ငွေအကြေချေလိုက်ပြီဆိုရင်တော့ အခြေအနေပြောင်းလဲသွားနိုင်တာပေါ့။ အခုကိစ္စက စရန်ပဲ သူငယ် ချင်းပေးရသေးတယ်ဆိုတော့ ညှိနှိုင်းလို့ အဆင်ပြေနိုင်ပါတယ်။ တရားစွဲဆိုရင်လည်း ဝယ်သူအနေနဲ့ သက် ဆိုင်မှုမရှိနိုင်ပါဘူး။ သူငယ်ချင်းကသာ စရန်ပေးစာချုပ်အရ ဆက်လက်ဆောင်ရွက်ဖို့ပဲလိုပါတယ်''ဟု ရှင်းပြ ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာ ကိုနှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service