ကုန္ထုတ္လုပ္မႈမွာ ဗီယက္နမ္ လုပ္ငန္းရွင္ေတြ ထပ္မံဝင္ေရာက္ဖြယ္ရွိေန - Property News in Myanmar from iMyanmarHouse.com
832 Views

ကုန္ထုတ္လုပ္မႈမွာ ဗီယက္နမ္ လုပ္ငန္းရွင္ေတြ ထပ္မံဝင္ေရာက္ဖြယ္ရွိေန

### Zawgyi Version ###

ျမန္မာႏိုင္ငံ ရဲ႕ ကုန္ထုတ္လုပ္မႈက႑မွာ ဗီယက္နမ္လုပ္ငန္းရွင္ေတြ အမ်ားအျပားဝင္ေရာက္လုပ္ကိုင္ဖို႔ရွိေနတယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ တြဲဖက္အတြင္းေရးမႉး ဦးမ်ိဳးသန႔္ကေျပာပါတယ္။

လက္ရွိမွာလည္း အေျခခံအေဆာက္အဦးနဲ႔ ဟိုတယ္၊ စားေသာက္ဆိုင္၊ သယ္ယူပို႔ေဆာင္ေရးက႑ စတဲ့ဝန္ေဆာင္မႈက႑ေတြမွာလည္း ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံေနတာေတြရွိတယ္လို႔ ဆိုပါတယ္။

ဗီယက္နမ္လုပ္ငန္းေတြဝင္ေရာက္မႈကလည္း ႏွစ္စဥ္တိုးတက္မႈရွိေနတာျဖစ္ၿပီး ျမန္မာေဈးကြက္ကိုလည္း ထိုးေဖာက္ႏိုင္တဲ့ အရည္အေသြးရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ႏွစ္ႏိုင္ငံအက်ိဳးရွိတဲ့ လုပ္ငန္းေတြျဖစ္ဖို႔လိုတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္တဲ့ ဖက္စပ္လုပ္ငန္းေတြနဲ႔ ရာႏႈန္းျပည့္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြကို ပိုမိုႀကိဳက္ႏွစ္သက္တယ္လို႔ ဦးမ်ိဳးသန႔္ကေျပာပါတယ္။

လက္ရွိ ဗီယက္နမ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ စုစုေပါင္း အေမရိကန္ေဒၚလာ ၂ ဘီလီယံေက်ာ္နဲ႔ အဆင့္ ၇ ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။

ဒီရင္းႏွီးျမႇဳပ္ႏွံမႈေတြထဲမွာ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနရဲ႕ စာရင္းေတြအရေတာ့ ပို႔ေဆာင္ေရးက႑မွာ အမ်ားဆုံးလုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဟိုတယ္နဲ႔ ခရီးသြားက႑၊ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕က႑၊ သတၱဳက႑နဲ႔ ေမြးျမဴေရးက႑ေတြမွာလည္း ဝင္ေရာက္လုပ္ကိုင္ေနတယ္လို႔ ဆိုပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

 မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ဗီယက်နမ်လုပ်ငန်းရှင်တွေ အများအပြားဝင်ရောက်လုပ်ကိုင်ဖို့ရှိနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်ကပြောပါတယ်။

လက်ရှိမှာလည်း အခြေခံအဆောက်အဦးနဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စတဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံနေတာတွေရှိတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်လုပ်ငန်းတွေဝင်ရောက်မှုကလည်း နှစ်စဉ်တိုးတက်မှုရှိနေတာဖြစ်ပြီး မြန်မာဈေးကွက်ကိုလည်း ထိုးဖောက်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံအကျိုးရှိတဲ့ လုပ်ငန်းတွေဖြစ်ဖို့လိုတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ ဖက်စပ်လုပ်ငန်းတွေနဲ့ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ပိုမိုကြိုက်နှစ်သက်တယ်လို့ ဦးမျိုးသန့်ကပြောပါတယ်။

လက်ရှိ ဗီယက်နမ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်နဲ့ အဆင့် ၇ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရတော့ ပို့ဆောင်ရေးကဏ္ဍမှာ အများဆုံးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုကဏ္ဍနဲ့ မွေးမြူရေးကဏ္ဍတွေမှာလည်း ဝင်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service