iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ - Property News in Myanmar from iMyanmarHouse.com
1033 Views
iMyanmarHouse.com မှကြီးမှူးကျင်းပသည့် မန္တလေးမြို့၏ပထမဆုံး Night Bazaar (ညဈေး) ဆိုင်ခန်းများ အငှားဖွင့်ပွဲ
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ဈေးချိုတော်ပလာဇာ ( Night Bazaar ) ဆိုင်ခန်းများ အငှားဖွင့်ပွဲကို ၂ဝ၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ( ၁၁ ၊ ၁၂ ၊ ၁၃ ) ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ နေ့များတွင် မန္တလေးမြို့ ဈေးချိုတော်ပလာဇာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဈေးချိုတော်ညဈေး မိတ်ဆက်ပွဲ အခမ်းအနားတွင် နာမည်ကျော် ပန်းချီဆရာ (၇) ဦး၏ ပန်းချီကားများ ၊ ကျောက်ပန်းချီကားများ ၊ ပန်းပုလက်ရာများ ၊ ကြေးသွန်းထည်များ ၊ ကိုရီးယားစတိုင်ဝတ်စုံများ ပါဝင်ပြသရောင်းချပေးသွားခဲ့သည်။ အထူးအစီအစဉ်များအနေဖြင့် ၁၁ ရက်နေ့ ဒီဇင်ဘာလ ( ဗုဒ္ဓဟူးနေ့ ) ညနေတွင် ရုပ်သေးနှင့် ခြင်းလုံးအကများဖြင့် ဖျော်ဖြေတင်ဆက် ပေးသွားခဲ့ကြောင်း သိရသည်။
မန္တလေးဈေးချိုတော်ပလာဇာသည် မန္တလေးမြို့၏ ပထမဆုံး Night Bazaar ( ညဈေး ) တစ်ခုဖြစ်သည်။ ဆိုင်ခန်းများကို နေ့လည် ၁၁ နာရီ မှ ည ၁၁ နာရီ အထိ ဖွင့်လှစ်နိုင်ပြီး အပတ်စဉ် စနေ ၊ တနင်္ဂနွေ နေ့များတွင် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ အဝတ်အထည်များ ၊ အလှကုန်ပစ္စည်းများ ၊ လက်ဝတ်ရတနာပစ္စည်းများ ၊ ဖန်စီပစ္စည်းများ ၊ ပရိဘောဂပစ္စည်းများ ၊ မီးဖိုချောင်သုံးပစ္စည်းများ နှင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
ဆိုင်ခန်းတစ်ခန်းစီအတွက် အကျယ်အဝန်း ၁၀ ပေ ပတ်လည်မှစတင်ငှားရမ်းနိုင်သည်။ အဆိုပါပွဲအတွင်းတွင် ငှားရမ်းဖြစ်ပါက ၃ လအထိ ဆိုင်ခန်းများ အခမဲ့ ဖွင့်လှစ်ခွင့် ၊ ဆိုင်ခန်းငှားခ၏ ၅၀% အထိ အထူးသက်သာခွင့်များဖြင့် ငှားရမ်းခွင့်များပေးခဲ့ကြောင်း သိရသည်။
“ အခုကျင်းပနေတဲ့ပွဲဟာ မန္တလေးဈေးချိုတော်ပလာဇာမှာ Night Bazzar (ညဈေး)အဖြစ် ဆိုင်ခန်းများ ငှားရမ်းနိုင်ရန်အတွက် ကျင်းပပြုလုပ်ပေးတဲ့ပွဲပါ။ ဈေးချိုတော်ပလာဇာက မန္တလေးမြို့ရဲ့ ပထမဆုံးညဈေးတစ်ခုဖြစ်ပြီး အချက်အချာကျတဲ့ မြို့လည်မှာတည်ရှိတာဖြစ်တဲ့အတွက် ဆိုင်ခန်းငှားရမ်းသူများအနေဖြင့် အလုပ်အကိုင်တွေ အဆင်ပြေစေမယ်လို့ ယုံကြည်မိပါတယ် " ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Upcoming Property Events
From 02 Aug To 03 Aug
Inno City Special Sales Event
From 02 Aug To 03 Aug
Emerald Bay Luxury Condo
From 08 Jul To 08 Aug
Central Shophouse
From 09 Aug To 10 Aug
THADAR CONDOMINIUM
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service