သန်လျင်ဆိပ်ကမ်းတွင် တရုတ်ကုမ္ပဏီက ရေယာဉ်ကြီးများ ဆိုက်ကပ်ဆိပ်ကမ်းတစ်ခု​ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
4444 Views

သန်လျင်ဆိပ်ကမ်းတွင် တရုတ်ကုမ္ပဏီက ရေယာဉ်ကြီးများ ဆိုက်ကပ်ဆိပ်ကမ်းတစ်ခု​ဆောက်မည်

### Zawgyi Version ###










 

### Unicode Version ###

သန်လျင်တွင် တရုတ် China Harbour Engineering ကုမ္ပဏီက ရေယာဉ်ကြီးများ ဆိုက်ကပ်မည့် ဆိပ်ခံတံတားတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန် သည်။

နွေရာသီ မီးမပျက်စေရေး ဆောင်ရွက်မည့် လျှပ်စစ် စီမံကိန်းအတွက် ဖြစ်ပြီး ရန်ကုန်မြစ်အရှေ့ဘက် ကမ်း သီလဝါနယ်မြေ ဆိပ်ကမ်း အမှတ်(၁၃) နှင့် (၁၄) တွင် တည်ဆောက်မည်ဟု ဆိုသည်။

အဆိုပါ ဆိပ်ခံတံတားတည်ဆောက်ရေး သောင်တူးခြင်းနှင့် တံတားပိုင်တိုင်ရိုက်ခြင်းကို ၂၀၂၀ ဇွန်လ ၁၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။

ထို့ကြောင့် ဖြတ်သန်းသွားလာမည့် ရေယာဉ်များကို စီမံကိန်းနှင့် အနည်းဆုံး မီတာ ၅၀ အကွာမှ ဖြတ်သန်းမောင်းနှင်ရမည်ဟု ဆိုသည်။

၂၀၂၀ နွေရာသီတွင် လျှပ်စစ်မီးမပြတ်စေရေး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၄၀ ဝယ်ယူရန်အစိုးရက စီစဉ်ခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ စီမံကိန်းငါးခုသည် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် တည်ဆောက်ရမည်ဖြစ်ပြီး စီးပွား ဖြစ်ထုတ်လုပ်သည့်နှစ်မှ ငါးနှစ် ကြာ ဓာတ်အားဝယ်ယူမည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ဟောင်ကောင်အခြေစိုက် V-Power ကုမ္ပဏီက ထိုတင်ဒါ များကို အများစုအောင်မြင်ပြီး တရုတ်လုပ်ငန်းစုများလည်း ပါဝင်ခဲ့သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service