ဗိုလ္ဗထူး တန္ဖိုးမၽွတအိမ္ရာ စီမံကိန္းအပိုင္း ( ၂) တြင္ တည္ေဆာက္ၿပီးစီးေသာ အေဆာက္အဦမ်ား ဖြင့္လွစ္ - Property News in Myanmar from iMyanmarHouse.com
1314 Views

ဗိုလ္ဗထူး တန္ဖိုးမၽွတအိမ္ရာ စီမံကိန္းအပိုင္း ( ၂) တြင္ တည္ေဆာက္ၿပီးစီးေသာ အေဆာက္အဦမ်ား ဖြင့္လွစ္

### Zawgyi Version ###

ဒီဇင္ဘာ ၁၈ ရက္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၈)ရပ္ကြက္၊ ဗိုလ္မႉးဗထူးလမ္းႏွင့္ ဘုရွင့္ေနာင္လမ္းေထာင့္ရွိ ဗိုလ္ဗထူး တန္ဖိုးမၽွတ အိမ္ရာစီမံကိန္းအပိုင္း(၂)တြင္ တည္ေဆာက္ၿပီးစီးေသာ အေဆာက္အအုံမ်ား ဖြင့္ပြဲအခမ္းအနားက်င္းပခဲ့ေၾကာင္းရန္ကုန္တိုင္း အစိုးရမွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက အဆိုပါ အိမ္ရာအားတက္ေရာက္၍ ဖြင့္လွစ္ေပးခဲ့ၿပီး ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးစိုးလြင္၊ စည္ပင္သာယာေရး ေကာ္မတီဝင္မ်ား၊ ျမန္မာေဇပိုင္ကုမၸဏီလီမိတက္မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ ေၾကာင္းသိရသည္။ ယင္းအေဆာက္အအုံမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ႀကီးမႉး၍ ျမန္မာဗြီပိုင္ ကုမၸဏီလီမိတက္က ေဆာက္လုပ္လ်က္ရွိၿပီး၊ (၄)ခန္းတြဲ၊ (၈)ထပ္တိုက္ အေဆာက္အအုံ(၈)လုံး ျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္ တိုက္ခန္းဝယ္ယူရာတြင္ အရစ္က်ဝယ္ယူမႈ ႏွင့္ ဘဏ္ေခ်းေငြျဖင့္ဝယ္ယူမႈတို႔ျဖင့္ ဝယ္ယူႏိုင္ေၾကာင္းသိရသည္။

ဘဏ္ေခ်းေငြမွာ အနည္းဆုံး ေလးႏွစ္ျပန္ဆပ္ရမည္ျဖစ္ေၾကာင္း၊ အရစ္က်ျဖင့္ ဝယ္ယူမႈအတြက္ တိုက္ခန္းတစ္ခန္းအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခ်ိန္တြင္ တိုက္ခန္းတန္ဖိုး၏ ၃၀ ရာခိုင္ႏႈန္းေပးေခ်ရမည္ျဖစ္သည္။

အထပ္အျမင့္ ၿပီးစီးမႈအေပၚလိုက္ၿပီး ဒုတိယထပ္ၿပီးပါက ၁၅ ရာခိုင္ႏႈန္း၊ စတုတၳထပ္ၿပီးပါက ၁၅ ရာခိုင္ႏႈန္း၊ ဆ႒မထပ္ ၿပီးပါက ၁၅ ရာခိုင္ႏႈန္း၊ တိုက္အမိုးမိုးၿပီးခ်ိန္တြင္ ၁၅ ရာခိုင္ႏႈန္းႏွင့္ တိုက္ခန္းအား အပ္ႏွံသည့္အခ်ိန္တြင္ ၁၀ ရာခိုင္ႏႈန္း ေပးသြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။

ဘဏ္ေခ်းေငြျဖင့္ ဝယ္ယူမည္ဆိုပါက ၆၁၄ စတုရန္းေပရွိသည့္ အခန္းကို တန္ဖိုးက်ပ္ ၂၈၅ သိန္းႏွင့္ ၉၀၀ စတုရန္းေပရွိသည့္ အခန္းကို တန္ဖိုးက်ပ္ သိန္း ၃၇၀ တို႔အား ႀကိဳတင္ေငြ ၃၀ ရာခိုင္ႏႈန္း၊ (Bank Commision Chgarge) ၁ ရာခိုင္ႏႈန္း၊ ပထမႏွစ္ဘဏ္တိုး ၉ ရာခိုင္ႏႈန္းတို႔ေပါင္း၍ စုစုေပါင္း ၄၀ ရာခိုင္ႏႈန္းအား စာခ်ဳပ္ခ်ဳပ္ဆိုသည့္ အခ်ိန္တြင္ ေပးေခ်ရမည္ျဖစ္ၿပီး၊ ဒုတိယႏွစ္၊တတိယႏွစ္ႏွင့္ စတုတၳႏွစ္ တို႔တြင္ ဘဏ္တိုး ၅ ရာခိုင္ႏႈန္းျဖင့္သာ ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ဒီဇင်ဘာ ၁၈ ရက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရှင့်နောင်လမ်းထောင့်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအပိုင်း(၂)တွင် တည်ဆောက်ပြီးစီးသော အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းရန်ကုန်တိုင်း အစိုးရမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဆိုပါ အိမ်ရာအားတက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြန်မာဇေပိုင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။ ယင်းအဆောက်အအုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ မြန်မာဗွီပိုင် ကုမ္ပဏီလီမိတက်က ဆောက်လုပ်လျက်ရှိပြီး၊ (၄)ခန်းတွဲ၊ (၈)ထပ်တိုက် အဆောက်အအုံ(၈)လုံး ဖြစ်ပြီး ပြည်သူများအနေဖြင့် တိုက်ခန်းဝယ်ယူရာတွင် အရစ်ကျဝယ်ယူမှု နှင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူမှုတို့ဖြင့် ဝယ်ယူနိုင်ကြောင်းသိရသည်။

ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အရစ်ကျဖြင့် ဝယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းအတွက် စာချုပ်ချုပ် ဆိုသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပေးချေရမည်ဖြစ်သည်။

အထပ်အမြင့် ပြီးစီးမှုအပေါ်လိုက်ပြီး ဒုတိယထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ် ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအား အပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ဘဏ်ချေးငွေဖြင့် ဝယ်ယူမည်ဆိုပါက ၆၁၄ စတုရန်းပေရှိသည့် အခန်းကို တန်ဖိုးကျပ် ၂၈၅ သိန်းနှင့် ၉၀၀ စတုရန်းပေရှိသည့် အခန်းကို တန်ဖိုးကျပ် သိန်း ၃၇၀ တို့အား ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ (Bank Commision Chgarge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ၄၀ ရာခိုင်နှုန်းအား စာချုပ်ချုပ်ဆိုသည့် အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ် တို့တွင် ဘဏ်တိုး ၅ ရာခိုင်နှုန်းဖြင့်သာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service