ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
916 Views

ရန်ကုန်တိုင်းအစိုးရက ​ရောင်းသည့် ​မြေကွက်များဝယ်ယူခွင့်ကို ၂၀၂၀ နှစ်ဆန်းတွင်ထုတ်ပြန်​ပေးမည်ဟုဆို

### Zawgyi Version ###











 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အစိုးရရောင်းချသည့် မြေကွက်ဝယ်ယူခွင့် ရရှိသူစာရင်းကို ၂၀၂၀ နှစ်ဆန်းမှသာ ကြေညာနိုင်မည်ဟု တိုင်းအစိုးရအဖွဲ့ရုံးမှ သိရသည်။

တိုင်းအစိုးရက စီမံခွင့်ရှိသည့် မြေကွက် ၅၀၀ ကိုရောင်းချရန် ကြေညာပြီးနောက် မြေကွက်ဝယ်ယူရန်လျောက်လွှာဝယ်ယူသူ တစ်သောင်းကျော်ရှိပြီး ဝယ်ယူရန်လျှောက်လွှာပြန်သွင်းသူ နှစ်ထောင်ကျော်ရှိသည်ဟု တိုင်းအစိုးရက ဆိုထားသည်။

ဝယ်ယူလိုသူများအတွက် အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်းလျှောက်လွှာတင်သွင်းခွင့်ပြုခဲ့သည်။

အဆိုပြုချက်များကို စိစစ်ခြင်းလုပ်ငန်းမပြီးပြတ်သေး၍ ထုတ်ပြန်ကြေညာမှုမပြုလုပ်နိုင်သေးကြောင်း တိုင်းအစိုးရရုံးတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ပထမအဆင့်အဖြစ် အဆိုပါ မြေကွက် ၅၀၀ စတင်ရောင်းချရန် စီစဉ်ခြင်းဖြစ်သည်။ ထပ်မံ၍ မြေကွက် ဧက ၉၀၀၀ ကျော်ကိုရောင်းချရန်လည်းရှိသည်ဟု တိုင်းအစိုးရကဆိုထားသည်။

ယင်းမြေကွက်များ ရောင်းချမည့်ဈေးနှုန်းကို ထုတ်ပြန်ကြေညာထားခြင်းမရှိဘဲ ဝယ်ယူလိုသူက ဈေးနှုန်းအဆိုပြုရန် သတ်မှတ်ပေးထားသည်။

တိုင်းအစိုးရက ၎င်းတို့စီမံခန့်ခွဲခွင့်ရှိသည့် မြေများကို စီးပွားရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေလျှောက်ထားနိုင်သည်ဟု ကြေညာခဲ့သည်။

ရောင်းချရာတွင် ပထမအဆင့် လှိုင်သာယာ၊ ရွှေပြည်သာ နှင့်ဒဂုံလေးမြို့နယ်တို့ရှိ စက်မှုမြေကွက် ၅၀၀၊ ဒုတိယအဆင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် ၁၈၀ ကျော်၊ တတိယအဆင့်တွင် ဒဂုံအရှေ့နှင့်ဒဂုံဆိပ် ကမ်းမြို့နယ်တို့မှ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် ဧက ၉,၀၀၀ ကျော် ပါဝင်မည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service