နိုင္ငံအတြင္း အိမ္၊ ျခံ၊ ေျမ ေစ်းကစားမႈထိန္းခ်ဳပ္ရန္ အက်ိဳးေဆာင္ဥပေဒလိုအပ္ဟုဆို - Property News in Myanmar from iMyanmarHouse.com
1755 Views

နိုင္ငံအတြင္း အိမ္၊ ျခံ၊ ေျမ ေစ်းကစားမႈထိန္းခ်ဳပ္ရန္ အက်ိဳးေဆာင္ဥပေဒလိုအပ္ဟုဆို

### Zawgyi Version ###

ျမန္မာနိုင္ငံအတြင္း အိမ္၊ ျခံ၊ ေျမ ေစ်းကြက္မွ ေစ်းကစားမႈမ်ားကိုထိန္းခ်ဳပ္ရန္ အက်ိဳးေဆာင္ဥပေဒ လိုအပ္ေၾကာင္း ျမန္မာနိုင္ငံ အိမ္၊ ျခံ၊ ေျမ ဖ႔ြံျဖိဳးတိုးတက္ေရးအသင္းမွ ဗဟိုအလုပ္မွဳေဆာင္ဥကၠဌ ဦးတင္ေမာင္ကေျပာၾကားသည္။

“ အက်ိဳးေဆာင္ဥပေဒက တကယ္တမ္းၾကေတာ့ အက်ိဳးေဆာင္ေတြအတြက္ လိုအပ္တာမဟုတ္ဘူး။ နိုင္ငံမွာ ေျမ ကစားတဲ့သူက ေငြေၾကးတက္နိုင္သူေတြလုပ္ၾကတာမ်ားသလို နိုင္ငံျခားသားေတြက နိုင္ငံသားေတြနဲ႔ဆက္ႏြယ္ျပီးလာကစားတာမ်ိဳးေတြရွိတယ္။ ဒါေတြကုိ အက်ိဳးေဆာင္ကတဆင့္ သြားတာျဖစ္လို႕လိုင္စင္ကတဆင့္ထိန္းခ်ဳပ္လို႕ရမယ္ လယ္ယာေျမနဲ႔အက်ိဳးေဆာင္ဥပေဒက ေျမယာေစ်းထိန္းခ်ဳပ္ဖို႕ အေရးႀကီးဆံုးပဲ” ဟု ဦးတင္ေမာင္ကဆက္လက္ေျပာၾကားသည္။

လက္ရွိ အိမ္၊ ျခံ၊ ေျမ ေစ်းကြက္တြင္ အက်ိဳးေဆာင္မ်ားအေနျဖင့္ ပုံမွန္လည္ပတ္လ်က္ရွိျပီး အဆိုပါဥပေဒအတည္ျပဳနိုင္ပါက ၀ယ္ယူသူမ်ားအတြက္ အကာအကြယ္ေပးနိုင္မည္ျဖစ္ျပီး စည္းကမ္းမလိုက္နာသည့္ အက်ိဳးေဆာင္မ်ားကုိ အေရးယူနိုင္မည္ျဖစ္ေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

အဆိုပါအက်ိဳးေဆာင္ဥပေဒထြက္ရွိရန္ အက်ိဳးေဆာင္အသင္းမ်ားမွ ၂၀၁၇ ခုနွစ္ကစတင္၍ သက္ဆိုင္ရာ၀န္ႀကီးဌာနမ်ားျဖင့္ ေရးဆြဲလ်က္ရွိျပီး ျပည္သူလႊတ္ေတာ္တင္ရန္ ေစာင့္ဆိုင္းေနျခင္းျဖစ္ေၾကာင္း ယင္းအသင္းထံမွသိရသည္။

“ အက်ိဳးေဆာင္ဥပေဒေပၚလာရင္ အခုထက္အက်ိဳးေဆာင္ေတြကုိ ယံုၾကည္မွဳတိုးလာမယ္ တခုခုေရာင္းမွား၀ယ္မွားျဖစ္ရင္ တာ၀န္ယူနိုင္မယ္”ဟု သုခံစံရာအက်ိဳးေဆာင္လုပ္ငန္းမွ ေဒၚေရႊ၀ါသြင္ကေျပာၾကားသည္။

လက္ရွိေရးဆြဲထားသည့္ ဥပေဒတြင္အျမင္မတူမွဳမ်ားရွိသည့္အတြက္ ထပ္မံေတြ႔ဆံုညွိနွိဳင္းသြားမည္ျဖစ္ျပီး အမ်ားသေဘာတူထားသည့္အခ်က္မွာ အသက္ ၁၈ နွစ္ျပည့္ျပီး ျမန္မာနိုင္ငံသားမ်ားကုိသာ လုပ္ငန္းလုပ္ကိုင္ခြင့္ျပဳသြားမည့္အခ်က္ပါ၀င္ေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

အက်ိဳးေဆာင္ဥပေဒထြက္ရွိျပီးပါက သက္ဆိုင္ရာတိုင္းနယ္ ျပည္နယ္မ်ားမွ အက်ိဳးေဆာင္မ်ားကုိ တစ္လအတြင္း အက်ိဳးေဆာင္လိုင္စင္မ်ားထုတ္ေပးသြားမည္ျဖစ္ျပီး လက္ရွိသင္တန္းေပးေနသည့္ အက်ိဳးေဆာင္သင္တန္းမ်ားကုိ အဆင့္ျမင့္တင္မည့္ မြမ္းမံသင္တန္းမ်ားေပးျပီး တရားမ၀င္ ေျမေစ်းကစားမွဳမ်ား ကာကြယ္နိုင္ရန္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံ အိမ္၊ ျခံ၊ ေျမ ဖြံ႕ျဖိဳးတိုးတက္ေရးအသင္းထံမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှ ဈေးကစားမှုများကိုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေ လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖ့ွံဖြိုးတိုးတက်ရေးအသင်းမှ ဗဟိုအလုပ်မှုဆောင်ဥက္ကဌ ဦးတင်မောင်ကပြောကြားသည်။

“ အကျိုးဆောင်ဥပဒေက တကယ်တမ်းကြတော့ အကျိုးဆောင်တွေအတွက် လိုအပ်တာမဟုတ်ဘူး။ နိုင်ငံမှာ မြေ ကစားတဲ့သူက ငွေကြေးတက်နိုင်သူတွေလုပ်ကြတာများသလို နိုင်ငံခြားသားတွေက နိုင်ငံသားတွေနဲ့ဆက်နွယ်ပြီးလာကစားတာမျိုးတွေရှိတယ်။ ဒါတွေကို အကျိုးဆောင်ကတဆင့် သွားတာဖြစ်လို့လိုင်စင်ကတဆင့်ထိန်းချုပ်လို့ရမယ် လယ်ယာမြေနဲ့အကျိုးဆောင်ဥပဒေက မြေယာဈေးထိန်းချုပ်ဖို့ အရေးကြီးဆုံးပဲ” ဟု ဦးတင်မောင်ကဆက်လက်ပြောကြားသည်။

လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အကျိုးဆောင်များအနေဖြင့် ပုံမှန်လည်ပတ်လျက်ရှိပြီး အဆိုပါဥပဒေအတည်ပြုနိုင်ပါက ဝယ်ယူသူများအတွက် အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် အကျိုးဆောင်များကို အရေးယူနိုင်မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

အဆိုပါအကျိုးဆောင်ဥပဒေထွက်ရှိရန် အကျိုးဆောင်အသင်းများမှ ၂၀၁၇ ခုနှစ်ကစတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ရေးဆွဲလျက်ရှိပြီး ပြည်သူလွှတ်တော်တင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

“ အကျိုးဆောင်ဥပဒေပေါ်လာရင် အခုထက်အကျိုးဆောင်တွေကို ယုံကြည်မှုတိုးလာမယ် တခုခုရောင်းမှားဝယ်မှားဖြစ်ရင် တာဝန်ယူနိုင်မယ်”ဟု သုခံစံရာအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ရွှေဝါသွင်ကပြောကြားသည်။

လက်ရှိရေးဆွဲထားသည့် ဥပဒေတွင်အမြင်မတူမှုများရှိသည့်အတွက် ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ပြီး အများသဘောတူထားသည့်အချက်မှာ အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသားများကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသွားမည့် အချက်ပါဝင်ကြောင်း အဆိုပါအသင်းထံမှသိရသည်။

အကျိုးဆောင်ဥပဒေထွက်ရှိပြီးပါက သက်ဆိုင်ရာတိုင်းနယ် ပြည်နယ်များမှ အကျိုးဆောင်များကို တစ်လအတွင်း အကျိုးဆောင်လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ပြီး လက်ရှိသင်တန်းပေးနေသည့် အကျိုးဆောင်သင်တန်းများကို အဆင့်မြင့်တင်မည့် မွမ်းမံသင်တန်းများပေးပြီး တရားမဝင် မြေဈေးကစားမှုများ ကာကွယ်နိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service