ျမန္မာနိုင္ငံ စားသုံးသူကာကြယ္ေရးဥပေဒ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္ ၁၆ ရက္တြင္အာဏာတည္မည္ ကုန္ပစၥည္းအညႊန္းကို ျမန္မာဘာသာ ျဖင့္မေဖာ္ျပလၽွင္ အေရးယူမည္ - Property News in Myanmar from iMyanmarHouse.com
1159 Views

ျမန္မာနိုင္ငံ စားသုံးသူကာကြယ္ေရးဥပေဒ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္ ၁၆ ရက္တြင္အာဏာတည္မည္ ကုန္ပစၥည္းအညႊန္းကို ျမန္မာဘာသာ ျဖင့္မေဖာ္ျပလၽွင္ အေရးယူမည္

### Zawgyi Version ###

ျမန္မာနိုင္ငံ စားသုံးသူကာကြယ္ေရးဥပေဒ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္ ၁၆ ရက္တြင္အာဏာတည္မည္ျဖစ္ၿပီး ကုန္ပစၥည္းအညႊန္းကို ျမန္မာဘာသာျဖင့္မေဖာ္ျပလၽွင္ အေရးယူမည္ျဖစ္ေၾကာင္း FDA မွသိရသည္။

စားသုံးသူကာကြယ္ေရးဥပေဒ အရ ျပစ္မႈထင္ရွားလၽွင္ ဥပေဒပုဒ္မ ၇၃ အရ ႏွစ္ႏွစ္ထက္ မပိုသည့္ေထာင္ဒဏ္ (သို႔) က်ပ္သိန္း ၂ဝဝ ထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ၊ စီးပြားေရးလုပ္ငန္းရွင္မည္သူကိုမဆို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

အစားအေသာက္မ်ား၊ အိမ္သုံးပစၥည္းမ်ား၊ ကေလးအသုံးအေဆာင္ပစၥည္းမ်ား၊ ဆက္သြယ္ေရးပစၥည္းမ်ား၊ ေဆးဝါးႏွင့္ ျဖည့္စြက္စာမ်ား၊ အလွကုန္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ လုပ္ငန္းသုံးပစၥည္းမ်ားဟူ၍ ကုန္စည္အုပ္စုရွစ္ခုခြဲျခားထားၿပီးတြင္ ျမန္မာဘာသာျဖင့္ ကုန္အညႊန္း ေဖာ္ျပရမည္ျဖစ္ၿပီး ကုန္အညႊန္း ေဖာ္ျပရမည့္အခ်က္ခုနစ္ခ်က္ကို သတ္မွတ္ထားသည္။ အဆိုပါအခ်က္မ်ားမွာ အမ်ိဳးအမည္၊ အရြယ္ အစားအေရအတြက္ အသားတင္ပမာဏ၊ သုံးစြဲပုံနည္းလမ္း၊ ထားသိုသိမ္းဆည္းမႈ အညႊန္း၊ ဓာတ္မတည့္ေၾကာင္း ေဖာ္ျပခ်က္၊ ေဘးထြက္ဆိုးက်ိဳးႏွင့္ ႀကိဳတင္သတိေပးခ်က္မ်ားျဖစ္ၿပီး ကုန္အမ်ိဳးအစားေပၚမူတည္၍ ယင္းအခ်က္အားလုံးျဖစ္ေစ၊ အခ်က္အခ်ိဳ႕ကိုျဖစ္ေစ ေဖာ္ျပရမည္ျဖစ္သည္။

ျမန္မာဘာသာျဖင့္ ေဖာ္ျပရာတြင္ သာမန္မ်က္စိျဖင့္ ျမင္နိုင္သည့္စာလုံးအရြယ္အစားျဖစ္ရမည္ျဖစ္ၿပီး ကုန္ပစၥည္းေပၚတြင္ အခ်က္အလက္ ေဖာ္ျပရန္မျဖစ္နိုင္ပါက လက္ကမ္းစာေစာင္အညႊန္းတို႔ျဖင့္ ေဖာ္ျပၿပီး ကုန္စည္ႏွင့္အတူ စားသုံးသူသို႔ တစ္ပါးတည္ေပးအပ္ရန္ ညႊန္ၾကားထားသည္။

ကုန္စည္မ်ားတြင္ ျမန္မာလိုစာကပ္ထားျခင္းအားျဖင့္ ျပည္သူေတြသုံးစြဲရာတြင္ သုံးစြဲရမယ့္အညႊန္းကို ေကာင္းေကာင္းမြန္မြန္ သိသြားႏိုင္ေၾကာင္းသိရသည္။

စားသုံးသူကာကြယ္ေရးဥပေဒ (၂ဝ၁၉) ကို ၂ဝ၁၉ ခုႏွစ္ မတ္ ၁၅ ရက္တြင္ အတည္ျပဳျပဌာန္းခဲ့ၿပီး၂ဝ၂ဝ ျပည့္ႏွစ္ မတ္ ၁၆ ရက္တြင္ စားသုံးသူကာကြယ္ေရးဥပေဒပါ ကုန္အညႊန္းအမွတ္အသားဆိုင္ရာ ျပ႒ာန္းခ်က္မ်ား စတင္အာဏာတည္မည္ ျဖစ္ေၾကာင္းသိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၆ ရက်တွင်အာဏာတည်မည်ဖြစ်ပြီး ကုန်ပစ္စည်းအညွှန်းကို မြန်မာဘာသာဖြင့်မဖော်ပြလျှင် အရေးယူမည်ဖြစ်ကြောင်း FDA မှသိရသည်။

စားသုံးသူကာကွယ်ရေးဥပဒေ အရ ပြစ်မှုထင်ရှားလျှင် ဥပဒေပုဒ်မ ၇၃ အရ နှစ်နှစ်ထက် မပိုသည့်ထောင်ဒဏ် (သို့) ကျပ်သိန်း ၂ဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင် မည်သူကိုမဆို အရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။

အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများဟူ၍ ကုန်စည်အုပ်စုရှစ်ခုခွဲခြားထားပြီးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း ဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်း ဖော်ပြရမည့်အချက်ခုနစ်ချက်ကို သတ်မှတ်ထားသည်။ အဆိုပါအချက်များမှာ အမျိုးအမည်၊ အရွယ် အစားအရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များဖြစ်ပြီး ကုန်အမျိုးအစားပေါ်မူတည်၍ ယင်းအချက်အားလုံးဖြစ်စေ၊ အချက်အချို့ကိုဖြစ်စေ ဖော်ပြရမည်ဖြစ်သည်။

မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့်စာလုံးအရွယ်အစားဖြစ်ရမည်ဖြစ်ပြီး ကုန်ပစ္စည်းပေါ်တွင် အချက်အလက် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့ တစ်ပါးတည်ပေးအပ်ရန် ညွှန်ကြားထားသည်။

ကုန်စည်များတွင် မြန်မာလို စာကပ်ထားခြင်းအားဖြင့် ပြည်သူတွေသုံးစွဲရာတွင် သုံးစွဲရမယ့်အညွှန်းကို ကောင်းကောင်းမွန်မွန် သိသွားနိုင်ကြောင်းသိရသည်။

စားသုံးသူကာကွယ်ရေးဥပဒေ (၂ဝ၁၉) ကို ၂ဝ၁၉ ခုနှစ် မတ် ၁၅ ရက်တွင် အတည်ပြုပြဌာန်းခဲ့ပြီး၂ဝ၂ဝ ပြည့်နှစ် မတ် ၁၆ ရက်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ စတင်အာဏာတည်မည် ဖြစ်ကြောင်းသိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service