အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မက်ေပးသည့္တိုက္ခန္းကို ၀ယ္သင့္သလား။ ၀ယ္မည္ဆိုလွ်င္ ဘာေတြသိထားဖို႔လိုအပ္မလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
6190 Views

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မက်ေပးသည့္တိုက္ခန္းကို ၀ယ္သင့္သလား။ ၀ယ္မည္ဆိုလွ်င္ ဘာေတြသိထားဖို႔လိုအပ္မလဲ?

Knowledge | Posted by Hnin Ei Khin

### Zawgyi Version ###

ကန္ထ႐ိုက္တာသည္ အေဆာက္အဦေဆာက္လုပ္ၿပီးစီးခ်ိန္တြင္ အေဆာက္အဦၿပီးစီးေၾကာင္း လက္မွတ္ (BCC) ေလွ်ာက္ထားရပါသည္။ ထိုသို႔ေလွ်ာက္ထားရန္အတြက္ အေဆာက္အဦေဆာက္လုပ္ျခင္းအတြက္ အခြန္ေပးေဆာင္ရပါတယ္။ အခြန္ေဆာင္ထားသည့္ အေထာက္အထားပါ၀င္မွသာ အေဆာက္အဦၿပီးစီးေၾကာင္း လက္မွတ္ (BCC) လို႔ေခၚသည့္ လူေနထိုင္ခြင့္ ေလွ်ာက္ထားခြင့္ျပဳပါသည္။

၂၀၁၈-၂၀၁၉ ဘ႑ေရးႏွစ္အတြက္ အေဆာက္အဦေဆာက္လုပ္ျခင္းအေပၚ အခြန္စည္းၾကပ္ရန္ႏႈန္း ထားမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။

- ပထမတန္းစား(RC) ကြန္ဒို ၁၅ထပ္ႏွင့္အထက္   ၁စတုရန္းေပ ၆၅၀၀၀

- ပထမတန္းစား(RC) ၈ထပ္ႏွင့္အထက္             ၁စတုရန္းေပ ၃၀၀၀၀ မွ ၅၀၀၀၀

- ပထမတန္းစား(RC)                                 ၁စတုရန္းေပ ၂၅၀၀၀

- ဒုတိယတန္းစား(RC)                                ၁စတုရန္းေပ ၂၀၀၀၀

- သစ္သားအုပ္ၫွပ္                                    ၁စတုရန္းေပ ၁၂၀၀၀

- သစ္သားအိမ္                                         ၁စတုရန္းေပ ၄၀၀၀

- Steel Structure                                  ၁စတုရန္းေပ ၁၅၀၀၀

ထိုအခ်ိန္တြင္ ကန္ထ႐ိုက္တာမ်ားသည္ အခြန္ေဆာင္ရန္ကို ေရွာင္ရွားရန္ အေဆာက္အဦၿပီးစီးေၾကာင္း လက္မွတ္ (BCC) မေလွ်ာက္ထားဘဲ ေနထိုင္ေနက်တာကို ေတြ႕ရပါတယ္။ ေနာက္ထပ္နစ္နာစရာတစ္ခ်က္က အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မရေသးသည့္အတြက္ ကိုယ္ပိုင္မီတာေလွ်ာက္ထားလို႔ မရေသး ပါဘူး။ တစ္တိုက္လံုးအတြက္ စုေပါင္းအသံုျပဳသည့္မီတာတစ္လံုးထဲကို ေနထိုင္သည့္အခန္းမ်ား အခ်ိဳးက်ထည့္ ၀င္ က်ခံရခိုင္းပါတယ္။ ထိုသို႔ အခ်ိဳးက်ထည့္၀င္က်ခံျခင္းသည္ ကုန္က်စရိတ္မ်ားျပားျခင္း၊ မီအားလံုစံုစြာအသံုး မျပဳႏိုင္ျခင္း စသည့္ဒုကၡေတြရွိပါသည္။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ေလွ်ာက္ထားဖို႔ မည္သူ႔တြင္ တာ၀န္ရွိသလဲဆိုလွ်င္ ကန္ထ႐ိုက္တာႏွင့္ေျမရွင္ ခ်ဳပ္ဆိုေသာစာခ်ဳပ္ေပၚမူတည္ၿပီး ႏွစ္ဦးအခ်ိဳးက်ထည့္၀င္က်ခံရန္ (သို႔မဟုတ္) ကန္ထ႐ိုက္တာတစ္ဦးတည္းက်ခံရန္ ဆံုးျဖတ္ရမွာျဖစ္ပါသည္။ တိုက္ခန္း၀ယ္ယူသူမ်ားက စုေပါင္းအခြန္ ေဆာင္ရန္ တာ၀န္မရွိပါ။ တိုက္ခန္း၀ယ္ယူသူမ်ားကို ေရာင္းခ်သည့္အခါ လူေနထိုင္ခြင့္ရရွိရန္အတြက္ အေဆာက္အဦၿပီးစီး ေၾကာင္းလက္မွတ္ (BCC) ရရွိေအာင္ ေဆာင္ရြက္ေပးရမည့္တာ၀န္သည္ ေရာင္းသူႏွင့္သာ သက္ဆိုင္ပါသည္။

အေဆာက္အဦၿပီးစီးေၾကာင့္လက္မွတ္ (BCC) ခြင့္ျပဳခ်က္မက်မီ လူေနထိုင္သည့္ကိစၥအတြက္ သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီမွ စစ္ေဆးေတြ႕ရွိ၍ ဒဏ္ေငြေကာက္ခံျခင္းမ်ားရွိလာပါကလည္း ဒဏ္ေငြက်ခံရန္ တာ၀န္သည္လည္း ကန္ထ႐ိုက္တာ (သို႔မဟုတ္) ေျမရွင္ကသာ တာ၀န္ယူက်ခံရမွာျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဥပေဒပုဒ္မ-၃၁၂(င)အရ ခြင့္ျပဳခ်က္မရွိဘဲ ၀င္ေရာက္ ေနထိုင္ျခင္း၊ အသံုးျပဳျခင္းအတြက္ ေန႔စဥ္ ေငြဒဏ္ က်ပ္တစ္ေသာင္းမွ က်ပ္ငါးေသာင္းထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ ပါတယ္။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မက်ေသးသည့္တိုက္ျဖစ္သည့္အတြက္ ကိုယ္ပိုင္ လွ်ပ္စစ္မီတာတပ္ဆင္ရန္ကိစၥကိုလည္း ထည့္သြင္းစဥ္စားရေပမည္။ ကိုယ္ပိုင္လွ်ပ္စစ္မီတာတပ္ဆင္ရန္ အတြက္ ကုန္က်စရိတ္ကို မည္သူက်ခံမလဲဆိုတာလည္း အေရးႀကီးကိစၥအျဖစ္ပါ၀င္လာျပန္သည္။ လွ်ပ္စစ္ မီတာတစ္လံုးကို ၅သိန္းေက်ာ္ကုန္က်ေနသည့္ ေခတ္ကာလတြင္ ႀကိဳတင္ၫွိႏႈိင္းေျပာဆိုထားျခင္းမရွိပါက ေရာင္းသူမ်ားျဖစ္ေသာ ကန္ထ႐ိုက္တာႏွင့္ေျမရွင္တို႔သည္ တိုက္ခန္း၀ယ္ယူသူထံမွ ကုန္က်စရိတ္ထပ္မံ ေကာက္ခံျခင္းမ်ားရွိေနပါသည္။ ထို႔ေၾကာင့္ အထက္ပါကိစၥမ်ားကို စတင္၀ယ္ယူသည့္အခ်ိန္က စာခ်ဳပ္ခ်ဳပ္ရာတြင္ ထည့္သြင္းခ်ဳပ္ဆို ထားမွသာ အခန္း၀ယ္ယူသူမ်ားအေနျဖင့္ ပိုမိုစိတ္ခ်ရမွာျဖစ္ၿပီး စာခ်ဳပ္တြင္ မပါ၀င္ပါက ကန္ထ႐ိုက္တာႏွင့္ ေျမရွင္သည္ တိုက္ခန္း၀ယ္ယူသူမ်ားကို အခ်ိဳးက်ထည့္၀င္ခိုင္းျခင္း၊ ကုန္က်စရိတ္ေကာက္ခံျခင္းမ်ား ရွိႏိုင္ ပါတယ္။ ထို႔အတြက္ တိုက္ခန္း၀ယ္ယူမည္ဆိုလွ်င္ အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ခြင့္ျပဳခ်က္ က်ၿပီး လူေနထိုင္ခြင့္ရၿပီးသား တိုက္ခန္းကိုေရြးခ်ယ္၀ယ္ယူျခင္းျဖင့္ အထက္ကေဖာ္ျပထားသည့္ကိစၥမ်ားကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ကန်ထရိုက်တာသည် အဆောက်အဦဆောက်လုပ် ပြီးစီးချိန်တွင် အဆောက်အဦပြီးစီးကြောင်း လက်မှတ် (BCC) လျှောက်ထားရပါသည်။ ထိုသို့လျှောက်ထားရန်အတွက် အဆောက်အဦဆောက်လုပ်ခြင်းအတွက် အခွန်ပေးဆောင်ရပါတယ်။ အခွန်ဆောင်ထားသည့် အထောက်အထားပါဝင်မှသာ အဆောက်အဦ ပြီးစီးကြောင်း လက်မှတ် (BCC) လို့ခေါ်သည့် လူနေထိုင်ခွင့် လျှောက်ထားခွင့်ပြုပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ်အတွက် အဆောက်အဦဆောက်လုပ်ခြင်းအပေါ် အခွန်စည်းကြပ်ရန်နှုန်း ထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

- ပထမတန်းစား(RC) ကွန်ဒို ၁၅ထပ်နှင့်အထက် ၁စတုရန်းပေ ၆၅၀၀၀

- ပထမတန်းစား(RC) ၈ထပ်နှင့်အထက် ၁စတုရန်းပေ ၃၀၀၀၀ မှ ၅၀၀၀၀

- ပထမတန်းစား(RC) ၁စတုရန်းပေ ၂၅၀၀၀

- ဒုတိယတန်းစား(RC) ၁စတုရန်းပေ ၂၀၀၀၀

- သစ်သားအုပ်ညှပ် ၁စတုရန်းပေ ၁၂၀၀၀

- သစ်သားအိမ် ၁စတုရန်းပေ ၄၀၀၀

- Steel Structure ၁စတုရန်းပေ ၁၅၀၀၀

ထိုအချိန်တွင် ကန်ထရိုက်တာများသည် အခွန်ဆောင်ရန်ကို ရှောင်ရှားရန် အဆောက်အဦပြီးစီးကြောင်း လက်မှတ် (BCC) မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါတယ်။ နောက်ထပ်နစ်နာစရာတစ်ချက်က အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသည့်အတွက် ကိုယ်ပိုင်မီတာလျှောက်ထားလို့ မရသေး ပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံပြုသည့်မီတာတစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့် ဝင် ကျခံရခိုင်းပါတယ်။ ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်များပြားခြင်း၊ မီအားလုံစုံစွာအသုံး မပြုနိုင်ခြင်း စသည့်ဒုက္ခတွေရှိပါသည်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့်မြေရှင် ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျထည့်ဝင်ကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူသူများက စုပေါင်းအခွန် ဆောင်ရန် တာဝန်မရှိပါ။ တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီး ကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။

အဆောက်အဦပြီးစီးကြောင့်လက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၃၁၂(င)အရ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်းအတွက် နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ ပြစ်ဒဏ်ချမှတ်နိုင် ပါတယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။ ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။ လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင် ကြိုတင်ညှိနှိုင်းပြောဆိုထားခြင်းမရှိပါက ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့်မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံ ကောက်ခံခြင်းများရှိနေပါသည်။ ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများ ရှိနိုင် ပါတယ်။ ထို့အတွက် တိုက်ခန်းဝယ်ယူမည်ဆိုလျှင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက် ကျပြီး လူနေထိုင်ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်ကဖော်ပြထားသည့်ကိစ္စများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service