အရစ္က်လုံးခ်င္းတိုက္တည္ေဆာက္မႈ လႈိင္သာယာႏွင့္ ဒဂုံၿမိဳ႕သစ္မ်ားတြင္ အမ်ားဆုံးဝင္ေရာက္ - Property News in Myanmar from iMyanmarHouse.com
8129 Views

အရစ္က်လုံးခ်င္းတိုက္တည္ေဆာက္မႈ လႈိင္သာယာႏွင့္ ဒဂုံၿမိဳ႕သစ္မ်ားတြင္ အမ်ားဆုံးဝင္ေရာက္

### Zawgyi Version ###

ကနဦးေပးေခ်မႈ ၃၀ ရာခိုင္ႏႈန္းျဖင့္ ေဆာက္လုပ္ေပးလ်က္ အရစ္က်လုံးခ်င္းတိုက္တည္ေဆာက္မႈတြင္ လႈိင္သာယာ ႏွင့္ ဒဂုံၿမိဳ႕သစ္မ်ားတြင္ အမ်ားဆုံးေဆာက္လုပ္လ်က္ရွိေၾကာင္း Myanmar Art Construction မွ မန္ေနဂ်င္းဒါ႐ိုက္တာ ကိုေက်ာ္စြာဟိန္းက ေျပာၾကားသည္။

“ အရစ္က်အိမ္ေတြကို ေျမပိုင္ဆိုင္မႈခိုင္မာတဲ့ ၿမိဳ႕နယ္ေတြမွာေဆာက္လုပ္ၾကတာမ်ားေတာ့ ေျမာက္ဒဂုံ တို႔၊ လႈိင္သာယာ တို႔ဘက္ေတြမွာ ေဆာက္လာၾကတယ္။ ေဈးႏႈန္းအေနနဲ႔ သိန္း ၁၀၀၀ ေအာက္ေတြမ်ားတယ္”ဟု ၎ကဆက္လက္ရွင္းျပသည္။

ျမန္မာႏိုင္ငံ အိမ္၊ ၿခံ၊ ေျမ ေဈးကြက္တြင္ အရစ္က်ေခ်းေငြျဖင့္ တိုက္ခန္း ႏွင့္ လုံးခ်င္းအိမ္မ်ား ေရာင္းဝယ္မႈမ်ားရွိေသာ္လည္း အရစ္က်ျဖင့္ ကိုယ္ပိုင္အိမ္တည္ေဆာက္ျခင္းလုပ္ငန္းသည္ ပထမဆုံး ေဈးကြက္တစ္ခုျဖစ္ေၾကာင္း အဆိုပါေဆာက္လုပ္ေရးထံမွသိရသည္။

“ ကၽြမ္းက်င္ပညာရွင္နဲ႔ တိုင္ပင္ၿပီးေဆာက္လုပ္တာက စရိတ္အေနနဲ႔လည္းအမ်ားႀကီးမကုန္ဘူး ဒါေပမဲ့အာမခံခ်က္ ဆိုရင္အမ်ားႀကီးကြာျခားႏိုင္တယ္။ လုံးခ်င္းတိုက္ေတြမွာလည္း ေဖာင္ေဒးရွင္ဘယ္ေလာက္တူးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြရွိတဲ့အတြက္ ကိုယ္ေနမဲ့အိမ္အတြက္ လုံၿခဳံမႈရွိတဲ့ ကန္ထ႐ိုက္ကို ေလ့လာၿပီးမွေဆာက္သင့္တယ္”ဟု အံထူးေဆာက္လုပ္ေရးမွ မန္ေနဂ်ာ ကိုဝင္းမင္းေအာင္ကေျပာသည္။

အဆိုပါ အရစ္က်စနစ္ျဖင့္ ေဆာက္လုပ္သည့္လုံးခ်င္းအိမ္ရာမ်ားသည္ အာမခံခ်က္ သက္တမ္း ၁၀ ႏွစ္ေပးထားၿပီး အဆိုပါႏွစ္အတြင္းပ်က္စီးမႈမ်ားကို ကုမၸဏီဘက္မွ တာဝန္ယူမႈမ်ားေပးလ်က္ရွိေၾကာင္း အဆိုပါေဆာက္လုပ္ေရးထံမွသိရသည္။

ျမန္မာႏိုင္ငံတြင္ ငလ်င္ဒါဏ္ခံႏိုင္သည့္ စနစ္ကို အထပ္ျမင့္တိုက္မ်ားတြင္ သတ္မွတ္ထားေသာ္လည္း လုံးခ်င္းတိုက္မ်ားတြင္ တိက်သည့္သတ္မွတ္ခ်က္မ်ားမရွိသည့္အတြက္ ေဆာက္လုပ္သူမ်ားအေနျဖင့္ ကၽြမ္းက်င္သည့္ဗိသုကာပညာရွင္မ်ား၊ အင္ဂ်င္နီယာမ်ားျဖင့္ ေဆာက္လုပ္ရန္လိုအပ္ေၾကာင္း ဦးေက်ာ္စြာဟိန္းကေျပာၾကားသည္။

ကိုယ္ပိုင္အိမ္ေဆာက္လုပ္သူမ်ားအေနျဖင့္ ေဆာက္လုပ္သည့္အိမ္ပုံစံ drawing မ်ားအျပင္ ေရမီးသြယ္တန္းမႈမ်ားအတြက္အသုံးျပဳထားသည့္ drawing မ်ားကိုလည္း ေတာင္းထားရန္လိုအပ္ၿပီးအေရေပၚ ေရမီးျပန္လည္သြယ္တန္းမႈမ်ားအတြက္ အေရးပါေၾကာင္း Myanmar Art Construction မွသိရသည္။

အိမ္ေဆာက္လုပ္ျခင္းတြင္ ကန္ထ႐ိုက္တိုက္ေဆာက္လုပ္မႈကိုသာ သတ္မွတ္စံႏႈန္းထားႏွင့္မကိုက္ညီသည့္ အေျခအေနတြင္ တိုင္ၾကားမႈမ်ားရွိေသာ္လည္း လုံးခ်င္းတိုက္ေဆာက္လုပ္မႈေၾကာင့္ ျဖစ္ေပၚသည့္ ျပသနာမ်ားတြင္ ေျဖရွင္းမႈအားနည္းခ်က္မ်ားရွိေၾကာင္း ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ထံမွ သိရသည္။

ဘဏ္ႏွင့္ခ်ိတ္ဆက္ၿပီး ကိုယ္ပိုင္ေျမေပၚတြင္ အိမ္ေဆာက္လုပ္လိုသူမ်ားအတြက္ အထူးအခြင့္ အေရးရွိပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ကနဦးပေးချေမှု ၃၀ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ပေးလျက် အရစ်ကျလုံးချင်းတိုက်တည်ဆောက်မှုတွင် လှိုင်သာယာ နှင့် ဒဂုံမြို့သစ်များတွင် အများဆုံးဆောက်လုပ်လျက်ရှိကြောင်း Myanmar Art Construction မှ မန်နေဂျင်းဒါရိုက်တာ ကိုကျော်စွာဟိန်းက ပြောကြားသည်။

“ အရစ်ကျအိမ်တွေကို မြေပိုင်ဆိုင်မှုခိုင်မာတဲ့ မြို့နယ်တွေမှာဆောက်လုပ်ကြတာများတော့ မြောက်ဒဂုံတို့၊ လှိုင်သာယာ တို့ဘက်တွေမှာ ဆောက်လာကြတယ်။ ဈေးနှုန်းအနေနဲ့ သိန်း ၁၀၀၀ အောက်တွေများတယ်”ဟု ၎င်းကဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရစ်ကျချေးငွေဖြင့် တိုက်ခန်းနှင့် လုံးချင်းအိမ်များ ရောင်းဝယ်မှုများရှိသော်လည်း အရစ်ကျဖြင့် ကိုယ်ပိုင်အိမ်တည်ဆောက်ခြင်းလုပ်ငန်းသည် ပထမဆုံး ဈေးကွက်တစ်ခုဖြစ်ကြောင်း အဆိုပါဆောက်လုပ်ရေးထံမှသိရသည်။

“ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီးဆောက်လုပ်တာက စရိတ်အနေနဲ့လည်းအများကြီးမကုန်ဘူး ဒါပေမဲ့အာမခံချက် ဆိုရင်အများကြီးကွာခြားနိုင်တယ်။ လုံးချင်းတိုက်တွေမှာလည်း ဖောင်ဒေးရှင်ဘယ်လောက်တူးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိတဲ့အတွက် ကိုယ်နေမဲ့အိမ်အတွက် လုံခြုံမှုရှိတဲ့ ကန်ထရိုက်ကို လေ့လာပြီးမှဆောက်သင့်တယ်”ဟု အံထူးဆောက်လုပ်ရေးမှ မန်နေဂျာ ကိုဝင်းမင်းအောင်ကပြောသည်။

အဆိုပါ အရစ်ကျစနစ်ဖြင့် ဆောက်လုပ်သည့် လုံးချင်းအိမ်ရာများသည် အာမခံချက် သက်တမ်း ၁၀ နှစ်ပေးထားပြီး အဆိုပါနှစ်အတွင်းပျက်စီးမှုများကို ကုမ္ပဏီဘက်မှ တာဝန်ယူမှုများပေးလျက်ရှိကြောင်း အဆိုပါဆောက်လုပ်ရေးထံမှသိရသည်။

မြန်မာနိုင်ငံတွင် ငလျင်ဒါဏ်ခံနိုင်သည့် စနစ်ကို အထပ်မြင့်တိုက်များတွင် သတ်မှတ်ထားသော်လည်း လုံးချင်းတိုက်များတွင် တိကျသည့် သတ်မှတ်ချက်များမရှိသည့်အတွက် ဆောက်လုပ်သူများအနေဖြင့် ကျွမ်းကျင်သည့် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများဖြင့် ဆောက်လုပ်ရန်လိုအပ်ကြောင်း ဦးကျော်စွာဟိန်းကပြောကြားသည်။

ကိုယ်ပိုင်အိမ်ဆောက်လုပ်သူများအနေဖြင့် ဆောက်လုပ်သည့် အိမ်ပုံစံ drawing များအပြင် ရေမီးသွယ်တန်းမှုများအတွက် အသုံးပြုထားသည့် drawing များကိုလည်း တောင်းထားရန်လိုအပ်ပြီးအရေပေါ် ရေမီးပြန်လည်သွယ်တန်းမှုများအတွက် အရေးပါကြောင်း Myanmar Art Construction မှသိရသည်။

အိမ်ဆောက်လုပ်ခြင်းတွင် ကန်ထရိုက်တိုက်ဆောက်လုပ်မှုကိုသာ သတ်မှတ်စံနှုန်းထားနှင့်မကိုက်ညီသည့် အခြေအနေတွင် တိုင်ကြားမှုများရှိသော်လည်း လုံးချင်းတိုက်ဆောက်လုပ်မှုကြောင့် ဖြစ်ပေါ်သည့် ပြသနာများတွင် ဖြေရှင်းမှုအားနည်းချက်များရှိကြောင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service