ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ ၀ယ္ယူလွ်င္ ပိုင္ဆိုင္မႈခိုင္မာသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
3944 Views

ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ ၀ယ္ယူလွ်င္ ပိုင္ဆိုင္မႈခိုင္မာသလား ?

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

ဂရန္ေျမကို အေရာင္းအ၀ယ္ျပဳလုပ္ၾကတဲ့အခါ တန္ဖိုးေငြက်ပ္ ၁၀၀ႏွင့္အထက္ရွိ မေရႊ႕မေျပာင္းႏိုင္ သည့္ပစၥည္းကို မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္လိုအပ္သျဖင့္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုမွသာ တရား၀င္အေရာင္း အ၀ယ္စာခ်ဳပ္ျဖစ္ပါမည္။ အခ်ိဳ႕အေရာင္းအ၀ယ္ျပဳလုပ္က်ရာတြင္ အရပ္ကတိအေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဂရန္အမည္ ေျပာင္းသူထံမွ ကိုယ္စားလွယ္လႊဲစာျပဳလုပ္ထားၿပီး ဆက္လက္ေဆာင္ရြက္ျခင္းမျပဳဘဲ ေနထိုင္ေနၾကပါသည္။

ကိုယ္စားလွယ္လႊဲစာသည္ ေပးအပ္သူ၊ လက္ခံသူ ေသဆံုးသြားသည့္အခ်ိန္၊ ေပးအပ္သူမွ ျပန္လည္႐ုပ္သိမ္း သြားသည့္အခ်ိန္အခါမ်ားတြင္ ဆက္လက္ေဆာင္ရြက္၍ မရေတာ့ပါဘူး။ ထိုအခါမွ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုလိုလွ်င္ သက္ဆိုင္ရာခ႐ိုင္တရားရံုးသို႔ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ေပး ေစလိုမႈ တရားစြဲဆိုၿပီး တရားရံုးမွ သက္ေသမ်ားကို စစ္ေဆး၍ ပိုင္ဆိုင္မႈမွန္ကုန္ပါက အမိန္႔ခ်ေပးမွျဖစ္ပါသည္။ အမိန္႔ခ်ၿပီးမွ တရားလိုသည္ အမိန္႔အေပၚအတည္ျပဳေဆာင္ရြက္ရန္ တရားမဇာရီမႈ ဆက္လက္ဖြင့္ၿပီး တရားရံုးမွ တာ၀န္ေပးအပ္ျခင္းခံရသူက ေရာင္းသူကိုယ္စားမွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုေပးမွာျဖစ္ပါတယ္။ ထိုသို႔ေဆာင္ရြက္ပါ က အခ်ိန္ၾကာျမင့္မႈ၊ ေရွ႕ေနခကုန္က်စရိတ္၊ တရားရံုးကုန္က်စရိတ္ႏွင့္ အခ်ိန္ၾကာျမင့္မႈမ်ားစြာရွိႏိုင္ပါတယ္။ ထို႔အတြက္ေၾကာင့္ ဂရန္ေျမကို ၀ယ္ယူသူမ်ားအေနျဖင့္ ေအာက္ပါလုပ္ငန္းစဥ္အတိုင္း တဆက္တည္း လုပ္ေဆာင္ထားမွသာ တရား၀င္ပိုင္ဆိုင္မႈခိုင္မာမွာျဖစ္ပါသည္။

- စရန္ေပးစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း။

- ေရာင္းသူကို အေရာင္းေျမပံု/ေျမရာဇ၀င္ ကူးခိုင္းျခင္း။

- ေျမငွားဂရန္ အမည္ေပါက္မွန္ကုန္မႈ ရွိ/မရွိ စစ္ေဆးျခင္း။

- ႏိုင္ငံပိုင္ သတင္းစာတြင္ အေရာင္းအ၀ယ္ႏွင့္ပတ္သက္၍ ကန္႔ကြက္သူ ရွိ/မရွိ ေၾကာ္ျငာထည့္သြင္း ျခင္း။

- မွတ္ပံုတင္အထူးကိုယ္စားလွယ္လႊဲစာ ျပဳလုပ္ျခင္း။

- အၿပီးသတ္ေငြေပးေခ်ျခင္းစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း။

- ရန္ကုန္တိုင္းကာလတန္ဖိုးစိစစ္ေရးအဖြဲ႕သို႔တင္ျပ၍ ေျမႏွင့္အိမ္တန္ဖိုးသတ္မွတ္ျခင္း။

- ၿမိဳ႕နယ္အခြန္ဦးစီးဌာနတြင္ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕မွသတ္မွတ္ေပးသည့္တန္ဖိုးအေပၚ ၀ယ္ယူခြန္ ထမ္းေဆာင္ျခင္း။

တစ္က်ပ္မွ သိန္းတစ္ေထာင္ အထိ ၃%

သိန္းတစ္ေထာင့္တစ္က်ပ္မွ သိန္းသံုးေထာင္အထိ ၅%

သိန္းသံုးေထာင့္တစ္က်ပ္မွ သိန္းတစ္ေသာင္းအထိ ၁၀%

သိန္းတစ္ေသာင္းတစ္က်ပ္မွ သိန္းသံုးေသာင္းအထိ ၁၅%

သိန္းသံုးေသာင္းတစ္က်ပ္ႏွင့္အထက္ ၃၀%

- တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ျခင္း။ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕မွသတ္မွတ္ေပးသည့္တန္ဖိုးအေပၚ ၄% ထမ္းေဆာင္ရမည္ျဖစ္သည္။

- ရန္ကုန္ၿမိဳ႕စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း။ စသည့္ အဆင့္ဆင့္ေဆာင္ရြက္ၿပီးမွသာ အေရာင္းအ၀ယ္သည္ တရား၀င္အေရာင္းအ၀ယ္အဆင့္သို႔ ေရာက္မည္ျဖစ္ပါသည္။

ထိုသို႔ခ်ဳပ္ဆိုထားေသာ မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပ စီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္ ေျမအမည္ေပါက္ေျပာင္းလဲရန္ေလွ်ာက္ထားရမွာျဖစ္ပါသည္။

အထက္ပါအတိုင္း ေဆာင္ရြက္ၿပီး တရား၀င္မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ေျမငွားဂရန္တြင္ မိမိအမည္ ေပါက္ေျပာင္းလဲျခင္းမ်ား ေဆာင္ရြက္ၿပီးမွသာ မိမိပိုင္ဆိုင္ေသာေျမအျဖစ္ တာ၀န္၀င္ပိုင္ဆိုင္မႈအေထာက္ အထားရရွိမွာျဖစ္ပါသည္။ ထိုမွသာ မိမိတို႔စီးပြားေရးလုပ္ငန္းမ်ားအတြက္ ေျမငွားဂရန္အေပါင္ထားၿပီး ဘဏ္တြင္ ေခ်းေငြေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ ထို႔ေၾကာင့္ ေျမငွားဂရန္အမ်ိဳးအစားေျမကြက္ကို ၀ယ္ယူသူမ်ား အေနျဖင့္ တရား၀င္ပိုင္ဆိုင္မႈရရွိရန္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုမွသာ ေနာက္တစ္ခ်ိန္ျပန္လည္ေရာင္းခ်ရာတြင္ လည္း အဆင္ေျပေခ်ာေမြ႔မွာျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဂရန်မြေကို အရောင်းအဝယ်ပြုလုပ်ကြတဲ့အခါ တန်ဖိုးငွေကျပ် ၁၀၀နှင့်အထက်ရှိ မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်လိုအပ်သဖြင့် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ တရားဝင်အရောင်း အဝယ်စာချုပ်ဖြစ်ပါမည်။ အချို့အရောင်းအဝယ်ပြုလုပ်ကျရာတွင် အရပ်ကတိအရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ဂရန်အမည် ပြောင်းသူထံမှ ကိုယ်စားလှယ်လွှဲစာပြုလုပ်ထားပြီး ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ နေထိုင်နေကြပါသည်။

ကိုယ်စားလှယ်လွှဲစာသည် ပေးအပ်သူ၊ လက်ခံသူ သေဆုံးသွားသည့်အချိန်၊ ပေးအပ်သူမှ ပြန်လည်ရုပ်သိမ်း သွားသည့်အချိန်အခါများတွင် ဆက်လက်ဆောင်ရွက်၍ မရတော့ပါဘူး။ ထိုအခါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုလိုလျှင် သက်ဆိုင်ရာခရိုင်တရားရုံးသို့ မှတ်ပုံတင်စာချုပ်ချုပ်ပေး စေလိုမှု တရားစွဲဆိုပြီး တရားရုံးမှ သက်သေများကို စစ်ဆေး၍ ပိုင်ဆိုင်မှုမှန်ကုန်ပါက အမိန့်ချပေးမှဖြစ်ပါသည်။ အမိန့်ချပြီးမှ တရားလိုသည် အမိန့်အပေါ်အတည်ပြုဆောင်ရွက်ရန် တရားမဇာရီမှု ဆက်လက်ဖွင့်ပြီး တရားရုံးမှ တာဝန်ပေးအပ်ခြင်းခံရသူက ရောင်းသူကိုယ်စားမှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ပါ က အချိန်ကြာမြင့်မှု၊ ရှေ့နေခကုန်ကျစရိတ်၊ တရားရုံးကုန်ကျစရိတ်နှင့် အချိန်ကြာမြင့်မှုများစွာရှိနိုင်ပါတယ်။ ထို့အတွက်ကြောင့် ဂရန်မြေကို ဝယ်ယူသူများအနေဖြင့် အောက်ပါလုပ်ငန်းစဉ်အတိုင်း တဆက်တည်း လုပ်ဆောင်ထားမှသာ တရားဝင်ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

- စရန်ပေးစာချုပ် ချုပ်ဆိုခြင်း။

- ရောင်းသူကို အရောင်းမြေပုံ/မြေရာဇဝင် ကူးခိုင်းခြင်း။

- မြေငှားဂရန် အမည်ပေါက်မှန်ကုန်မှု ရှိ/မရှိ စစ်ဆေးခြင်း။

- နိုင်ငံပိုင် သတင်းစာတွင် အရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်သူ ရှိ/မရှိ ကြော်ငြာထည့်သွင်း ခြင်း။

- မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း။

- အပြီးသတ်ငွေပေးချေခြင်းစာချုပ် ချုပ်ဆိုခြင်း။

- ရန်ကုန်တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့သို့တင်ပြ၍ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်ခြင်း။

- မြို့နယ်အခွန်ဦးစီးဌာနတွင် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှသတ်မှတ်ပေးသည့်တန်ဖိုးအပေါ် ဝယ်ယူခွန် ထမ်းဆောင်ခြင်း။

တစ်ကျပ်မှ သိန်းတစ်ထောင် အထိ ၃%

သိန်းတစ်ထောင့်တစ်ကျပ်မှ သိန်းသုံးထောင်အထိ ၅%

သိန်းသုံးထောင့်တစ်ကျပ်မှ သိန်းတစ်သောင်းအထိ ၁၀%

သိန်းတစ်သောင်းတစ်ကျပ်မှ သိန်းသုံးသောင်းအထိ ၁၅%

သိန်းသုံးသောင်းတစ်ကျပ်နှင့်အထက် ၃၀%

- တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်း။ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှသတ်မှတ်ပေးသည့်တန်ဖိုးအပေါ် ၄% ထမ်းဆောင်ရမည်ဖြစ်သည်။

- ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း။ စသည့် အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ အရောင်းအဝယ်သည် တရားဝင်အရောင်းအဝယ်အဆင့်သို့ ရောက်မည်ဖြစ်ပါသည်။

ထိုသို့ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် မြေအမည်ပေါက်ပြောင်းလဲရန်လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအတိုင်း ဆောင်ရွက်ပြီး တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ မြေငှားဂရန်တွင် မိမိအမည် ပေါက်ပြောင်းလဲခြင်းများ ဆောင်ရွက်ပြီးမှသာ မိမိပိုင်ဆိုင်သောမြေအဖြစ် တာဝန်ဝင်ပိုင်ဆိုင်မှုအထောက် အထားရရှိမှာဖြစ်ပါသည်။ ထိုမှသာ မိမိတို့စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန်အပေါင်ထားပြီး ဘဏ်တွင် ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မြေငှားဂရန်အမျိုးအစားမြေကွက်ကို ဝယ်ယူသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိရန် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ နောက်တစ်ချိန်ပြန်လည်ရောင်းချရာတွင် လည်း အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service