YSX မှ secoundary board များဖြင့် ရှယ်ယာများရောင်းဝယ်ခွင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
694 Views

YSX မှ secoundary board များဖြင့် ရှယ်ယာများရောင်းဝယ်ခွင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင်ခွင့်ပြုမည်

### Zawgyi Version ###








 

### Unicode Version ###

စတော့အိတ်ချိန်းတွင်သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသည့် ကုမ္ပဏီများအရောင်းအဝယ်ပြုလုပ်နိုင်သည့် secoundary boards များ လာမည့်နှစ်ကုန်ပိုင်းတွင် ပြုလုပ်သွားမည်ဟု ရန်ကုန်စတော့အိတ်ချိန်းထံမှ သိရသည်။

"အတိအကျတော့မပြောနိုင်သေးဘူး။ ခန့်မှန်းတာကတော့ ၂၀၂၀ နှောင်းပိုင်းလောက် စသွားနိုင်မယ်ထင်တယ် ဒီmarket ရှိလာရင် စတော့အိတ်ချိန်းက လုပ်ငန်းတွေအပြင် တခြားအများပိုင်ကုမ္ပဏီတွေအနေနဲ့ရှယ်ယာတွေ အရောင်းအဝယ်လုပ်လာနိုင်မယ်''ဟုရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီ စုစုပေါင်း ၃၀၀ ကျော်ရှိပြီး တချို့လုပ်ငန်းများမှာ စတော့အိတ်ချိန်းဝင်ချင်သော်လည်းသတ်မှတ်အရည်အချင်းကိုက်ညီမှုမရှိသည့်အတွက် secoundary board ဖြင့် လုပ်ကိုင်ခွင့်ပြုရန်စီစဉ်နေခြင်းဖြစ်ကြောင်း YSX ထံမှသိရသည်။

ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ဖြစ်ရန် စည်းကမ်းချက် ၁၃ ချက်သတ်မှတ်ထားပြီး လက်ရှိတွင် ကုမ္ပဏီ ၅ ခုမှ ရှယ်ယာများအရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း YSX ၏ စာရင်းဇယားများအရသိရသည်။

မြန်မာနိုင်ငံတွင် ရှယ်ယာများကို နိုင်ငံခြားသားဝယ်ယူခွင့်များပြုလုပ်ရန် စတင်လုပ်ဆောင်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်များရရှိပါက ယခုနှစ်ကုန်ပိုင်းတွင်စတင် ရောင်းဝယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးသက်ထွန်းဦးကပြောကြားခဲ့သည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service