မင္းဓမၼလမ္းတြင္ ေဒၚလာသန္း ၃၅၀ တန္ Mindama Complex စီမံကိန္းအေကာင္အထည္ေဖာ္ရန္ရွိဟုဆို - Property News in Myanmar from iMyanmarHouse.com
1648 Views

မင္းဓမၼလမ္းတြင္ ေဒၚလာသန္း ၃၅၀ တန္ Mindama Complex စီမံကိန္းအေကာင္အထည္ေဖာ္ရန္ရွိဟုဆို

### Zawgyi Version ###

မင္းဓမၼလမ္းရွိ ေဒၚလာသန္း ၃၅၀ တန္ Mindama Complex စီမံကိန္းတစ္ခုကို တည္ေဆာက္ရန္အတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳသြားမည္ဟုဆိုသည္။

အဆိုပါစီမံကိန္းသည္ ေျမဧက ၂၀ က်ယ္ဝန္းၿပီး ေဈးဝယ္စင္တာမ်ား၊ စားေသာက္ဆိုင္မ်ား၊ ကြန္ဒိုမိနီယံမ်ားႏွင့္ ဟိုတယ္မ်ားပါဝင္ေသာ အဆင့္ျမင့္အိမ္ရာစီမံကိန္းတစ္ခုျဖစ္သည္။

ထိုစီမံကိန္းကို Goldman Fortune International ကုမၸဏီက BOT (တည္ေဆာက္၊လည္ပတ္၊လြဲေျပာင္း) စနစ္ျဖင့္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) စစ္ေထာက္ခ်ဳပ္႐ုံးေပၚတြင္ ေဆာင္႐ြက္မည္ျဖစ္သည္ဟု ေကာ္မရွင္က ဆိုထားသည္။

မင္းဓမၼလမ္းႏွင့္ေတာ္ဝင္လမ္းေထာင့္တြင္လည္း မုတၱမကုမၸဏီကလည္း စင္ကာပူကုမၸဏီႏွင့္ ပူးေပါင္း၍ ေဒၚလာ သန္း ၂၅၀ တန္အိမ္ရာစီမံကိန္းတစ္ခုကို အေကာင္အထည္ေဖာ္ေနသည္။

ျမန္မာႏိုင္ငံရွိ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းအားလုံးတြင္ အိမ္ရာက႑တြင္ ၅ဒသမ၇ ဘီလီယံဖိုးရင္းႏွီးျမႇပ္ႏွံထားၿပီး စုစုေပါင္းလုပ္ငန္းေပါင္း ၅၈ ခုရွိသည္။ ႏွစ္စဥ္ ထိုက႑တြင္ ရင္းႏွီးျမႇပ္ႏွံမႈဝင္ေရာက္မႈသည္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ေဒၚလာ သန္း ၂၁၀ ေက်ာ္၊ ၂၀၁၇-၁၈ တြင္ သန္း ေဒၚလာ ၁ ဒသမ ၂ ဘီလီယံေက်ာ္ႏွင့္ ၂၀၁၆-၁၇ တြင္ေဒၚလာ သန္း ၇၀၀ ေက်ာ္ရွိသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မင်းဓမ္မလမ်းရှိ ဒေါ်လာသန်း ၃၅၀ တန် Mindama Complex စီမံကိန်းတစ်ခုကို တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုသွားမည်ဟုဆိုသည်။

အဆိုပါစီမံကိန်းသည် မြေဧက ၂၀ ကျယ်ဝန်းပြီး ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ကွန်ဒိုမိနီယံများနှင့် ဟိုတယ်များပါဝင်သော အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

ထိုစီမံကိန်းကို Goldman Fortune International ကုမ္ပဏီက BOT (တည်ဆောက်၊လည်ပတ်၊လွဲပြောင်း) စနစ်ဖြင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ထောက်ချုပ်ရုံးပေါ်တွင် ဆောင်ရွက်မည်ဖြစ်သည်ဟု ကော်မရှင်က ဆို ထားသည်။

မင်းဓမ္မလမ်းနှင့်တော်ဝင်လမ်းထောင့်တွင်လည်း မုတ္တမကုမ္ပဏီကလည်း စင်ကာပူကုမ္ပဏီနှင့် ပူးပေါင်း၍ ဒေါ်လာ သန်း ၂၅၀ တန်အိမ်ရာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေသည်။

မြန်မာနိုင်ငံရှိ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအားလုံးတွင် အိမ်ရာကဏ္ဍတွင် ၅ဒသမ၇ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထားပြီး စုစုပေါင်းလုပ်ငန်းပေါင်း ၅၈ ခုရှိသည်။ နှစ်စဉ် ထိုကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုဝင်ရောက်မှုသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၂၁၀ ကျော်၊ ၂၀၁၇-၁၈ တွင် သန်း ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်နှင့် ၂၀၁၆-၁၇ တွင်ဒေါ်လာ သန်း ၇၀၀ ကျော်ရှိသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

Upcoming Property Events

pan-swal-taw
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service