အသုံးျပဳျခင္းမရွိေတာ့သည့္ ဝန္ႀကီးဌာနပိုင္ ေျမေနရာမ်ား ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသစီမံခန႔္ခြဲခြင့္ရ ေျမေနရာမ်ားအျဖစ္ အဆင္သင့္တည္ရွိေနရန္လိုအပ္ေၾကာင္း အဆိုတင္သြင္း - Property News in Myanmar from iMyanmarHouse.com
827 Views

အသုံးျပဳျခင္းမရွိေတာ့သည့္ ဝန္ႀကီးဌာနပိုင္ ေျမေနရာမ်ား ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသစီမံခန႔္ခြဲခြင့္ရ ေျမေနရာမ်ားအျဖစ္ အဆင္သင့္တည္ရွိေနရန္လိုအပ္ေၾကာင္း အဆိုတင္သြင္း

### Zawgyi Version ###

အသုံးျပဳျခင္းမရွိေတာ့သည့္ ဝန္ႀကီးဌာနပိုင္ ေျမေနရာမ်ား ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသစီမံခန႔္ခြဲခြင့္ရ ေျမေနရာမ်ားအျဖစ္ အဆင္သင့္တည္ ရွိေနရန္ လိုအပ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၈)မွ ဦးကိုကိုနိုင္က ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္၌ ျပည္ေထာင္စုအစိုးရအား တိုက္တြန္းေၾကာင္း အဆိုတင္သြင္းခဲ့သည္။

ျမန္မာနိုင္ငံ အတြင္းရွိ ၿမိဳ႕နယ္အသီးသီးတြင္ အစိုးရအဆက္ဆက္အသုံးျပဳ ခဲ့ေသာ လက္ရွိအသုံးျပဳျခင္းမရွိေတာ့ဘဲ တျဖည္းျဖည္း ေဟာင္းႏြမ္းယိုယြင္းပ်က္စီးေနၿပီျဖစ္သည့္ အေဆာက္အဦ မ်ားတည္ရွိရာ ဝန္ႀကီးဌာနပိုင္ေျမမ်ား၊ ေက်းရြာမ်ားရွိ စပါး ဒိုင္အေဆာက္အဦႏွင့္ ေျမေနရာမ်ားအား ၿမိဳ႕ျပဖြံ႕ျဖိဳးေရး လုပ္ငန္းမ်ား၊ ေက်းလက္ေဒသဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား၊ အမ်ားျပည္သူအက်ိဳးျဖစ္ထြန္းေသာ လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္နိုင္ရန္ ၿမိဳ႕ျပေျမရွားပါးမႈကို ေျဖရွင္းနိုင္ရန္အတြက္လည္းေကာင္း၊ ၿမိဳ႕စီမံခန႔္ခြဲခြင့္ရေျမေနရာမ်ား (City Land) အျဖစ္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ ျပန္လည္ စြန႔္လႊတ္လႊဲေျပာင္းေပးနိုင္ပါရန္ ျပည္ေထာင္စုအစိုးရအား တိုက္တြန္းေၾကာင္း အဆိုတင္သြင္းခဲ့သည္။

ၿမိဳ႕ျပႏွင့္ေက်း လက္ေဒသဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ ဟန္ခ်က္ညီညီ စနစ္တက် အေကာင္အထည္ေဖာ္ေဆာင္ရြက္သည့္အခါ ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသမ်ားတြင္ ေျမေနရာရွားပါးမႈ ျပႆနာကို ရင္ဆိုင္ၾကဳံေတြ႕ေနရသည့္အတြက္ အစိုးရအဆက္ဆက္ အသုံးျပဳျခင္းမရွိေတာ့သည့္ ဝန္ႀကီးဌာနပိုင္ ေျမေနရာမ်ားသည္ ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသစီမံခန႔္ခြဲခြင့္ရ ေျမေနရာမ်ားအျဖစ္ အဆင္သင့္တည္ရွိေနရန္ လိုအပ္ပါေၾကာင္းေျပာသည္။

ထို႔ျပင္ ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသဖြံ႕ျဖိဳးတိုးတက္ေစရန္ ေဆာင္ရြက္သည့္အခါတြင္ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္း ဆိုင္ရာဖြံ႕ျဖိဳးတိုးတက္ေစရန္ အမ်ားႏွင့္ဆိုင္သည့္ ေနရာမ်ားသည္လည္းအေရးႀကီးသည့္အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္လာပါေၾကာင္း၊အမ်ားျပည္သူအတြက္ အခမဲ့ အပန္းေျဖအနားယူနိုင္သည့္ေနရာမ်ားသည္ ၿမိဳ႕နယ္တိုင္းတြင္ လိုအပ္ေၾကာင္း၊သို႔မွသာ စိတ္ေရာကိုယ္ပါက်န္းမာသည့္ နိုင္ငံသူ နိုင္ငံသားမ်ားအျဖစ္ ရပ္တည္ေနနိုင္မည္ျဖစ္ပါေၾကာင္းေျပာသည္။

နိုင္ငံသားတစ္ဦးခ်င္းစီအတြက္ အမ်ားပိုင္၊ ျပည္သူပိုင္ေနရာ အက်ယ္အဝန္း မည္မၽွထားသင့္သည္ဟူသည့္ စံသတ္မွတ္ ခ်က္ကို ၿမိဳ႕နယ္တစ္ခုခ်င္းစီအလိုက္ လိုအပ္ေနေၾကာင္းကိုလည္း ၿမိဳ႕ျပစီမံကိန္းပညာရွင္မ်ားက အႀကံျပဳထားသည္ကို လည္း ေလ့လာဖတ္ရႈရပါေၾကာင္း၊ ထို႔ေၾကာင့္ ၿမိဳ႕ျပေၿမ ေနရာရွားပါးမႈကို ျဖည့္ဆည္းနိုင္ရန္အတြက္ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားမွတစ္ဆင့္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားသို႔ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လႊဲေျပာင္းအပ္ႏွံၿပီး ၿမိဳ႕ျပစီမံခန႔္ခြဲခြင့္ရ ေျမယာမ်ားအျဖစ္ ျပန္လည္စြန႔္ လႊတ္လႊဲေျပာင္းေပးနိုင္ပါရန္ နိုင္ငံအက်ိဳး၊ နိုင္ငံသူ နိုင္ငံသားမ်ား၏အက်ိဳးကိုေရွးရႈ၍ အဆိုတင္သြင္း အပ္ပါေၾကာင္း ေျပာၾကားသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အသုံးပြုခြင်းမရှိတော့သည့် ဝန်ကြီးဌာနပိုင် မြေနေရာများ မြို့ပြနှင့် ကျေးလက်ဒေသစီမံခန့်ခွဲခွင့်ရ မြေနေရာများ အဖြစ် အဆင်သင့်တည် ရှိနေရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကိုကိုနိုင်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၌ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။

မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက်အသုံးပြု ခဲ့သော လက်ရှိအသုံးပြုခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်းပျက်စီးနေပြီဖြစ်သည့် အဆောက်အဦ များတည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါး ဒိုင်အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူအကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရမြေနေရာများ (City Land) အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည် စွန့်လွှတ်လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်။

မြို့ပြနှင့်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက်ညီညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မြို့ပြနှင့် ကျေးလက်ဒေသများတွင် မြေနေရာရှားပါးမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် အစိုးရအဆက်ဆက် အသုံးပြုခြင်းမရှိတော့သည့် ဝန်ကြီးဌာနပိုင် မြေနေရာများသည် မြို့ပြနှင့် ကျေးလက်ဒေသစီမံခန့်ခွဲခွင့်ရ မြေနေရာများအဖြစ် အဆင်သင့်တည်ရှိနေရန် လိုအပ်ပါကြောင်းပြောသည်။

ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန် အများနှင့်ဆိုင်သည့် နေရာများသည်လည်းအရေးကြီးသည့်အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာပါကြောင်း၊အများပြည်သူအတွက် အခမဲ့ အပန်းဖြေအနားယူနိုင်သည့်နေရာများသည် မြို့နယ်တိုင်းတွင် လိုအပ်ကြောင်း၊သို့မှသာ စိတ်ရောကိုယ်ပါကျန်းမာသည့် နိုင်ငံသူ နိုင်ငံသားများအဖြစ် ရပ်တည်နေနိုင်မည်ဖြစ်ပါကြောင်းပြောသည်။

နိုင်ငံသားတစ်ဦးချင်းစီအတွက် အများပိုင်၊ ပြည်သူပိုင်နေရာ အကျယ်အဝန်း မည်မျှထားသင့်သည်ဟူသည့် စံသတ်မှတ် ချက်ကို မြို့နယ်တစ်ခုချင်းစီအလိုက် လိုအပ်နေကြောင်းကိုလည်း မြို့ပြစီမံကိန်းပညာရှင်များက အကြံပြုထားသည်ကို လည်း လေ့လာဖတ်ရှုရပါကြောင်း၊ ထို့ကြောင့် မြို့ပြမြေ နေရာရှားပါးမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် သက်ဆိုင်ရာမြို့နယ်များသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းအပ်နှံပြီး မြို့ပြစီမံခန့်ခွဲခွင့်ရ မြေယာများအဖြစ် ပြန်လည်စွန့် လွှတ်လွှဲပြောင်းပေးနိုင်ပါရန် နိုင်ငံအကျိုး၊ နိုင်ငံသူ နိုင်ငံသားများ၏အကျိုးကိုရှေးရှု၍ အဆိုတင်သွင်း အပ်ပါကြောင်း ပြောကြားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service