ရန်ကုန်တိုင်းအတွင်း ဓာတ်အားခွဲရုံ ၃ ခု တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
776 Views


### Zawgyi Version ###








### Unicode Version ###

ရန်ကုန်တိုင်းအတွင်း ဓာတ်အားခွဲရုံ ၃ ခု တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှသိရသည်။

နိုင်ငံတော် ဓာတ်အားပေးစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ 33/11 kV, 5 MVA ဓာတ်အားခွဲရုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းဓာတ်အားခွဲ ရုံ၊ ဥက္ကံမြို့ကျွန်းတောကုန်း ဓာတ်အားခွဲရုံနှင့် အဖျောက်မြို့အဖျောက်ဓာတ်အားခွဲရုံများကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။

နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးချဲ့၍ ကျေးလက်မီးလင်းရေးဆောင်ကို ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး၌ မြို့ပေါင်း (၃၆၈) မြို့နှင့် ကျေးရွာစုစု ပေါင်း (၁၆၉၄၁) ကျော် ဓာတ်အား ရရှိပြီးဖြစ်ကာ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရည်မှန်းချက်ထား၍ ဆောင်ရွက်နေကြောင်း သိရသည်။

ယခု အစိုးရတာဝန်စယူစဉ်က တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်သည့် ပြည်သူမှာ ၃၄ ရာခိုင်နှုန်းသာရှိသော်လည်း ၄ နှစ်အ တွင်း ၁၆ ရာခိုင်နှုန်းတိုးတက်လာပြီး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု ၅၀ ရာခိုင်နှုန်းထိရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service