SME လုပ္ငန္းမ်ားအတြက္ ဘ႑ာေရးဆိုင္ရာ အေထာက္အပံ့ေပးရန္ ကိုရီးယားဘဏ္ IBK ႏွင့္ နားလည္မႈစာခၽြန္လႊာေရးထိုး - Property News in Myanmar from iMyanmarHouse.com
828 Views

SME လုပ္ငန္းမ်ားအတြက္ ဘ႑ာေရးဆိုင္ရာ အေထာက္အပံ့ေပးရန္ ကိုရီးယားဘဏ္ IBK ႏွင့္ နားလည္မႈစာခၽြန္လႊာေရးထိုး

### Zawgyi Version ###

ျမန္မာ့နိုင္ငံ၏ SME လုပ္ငန္းမ်ား ျပဳစုပ်ိဳးေထာင္ရာတြင္ ဘ႑ာေရးဆိုင္ရာ အေထာက္အပံ့ေပးရန္ ကိုရီးယား အစိုးရပိုင္ဘဏ္ The Industrial Bank of Korea -IBK ႏွင့္ SME လုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္​ေရးလုပ္ငန္း​ေကာ္မတီတို႔ နားလည္မႈစာခၽြန္လႊာေရးထိုးခဲ့သည္။

ျမန္မာနိုင္ငံက ဗီယက္နမ္ ကဲ့သို႔ အင္ဒိုခ်ိဳင္းနားကၽြန္းဆြယ္ တြင္ စီးပြားေရးတိုးတက္ရန္ အလားအလာအေကာင္းဆုံး နိုင္ငံတစ္ခုျဖစ္ၿပီး ၎ဘဏ္၏ အာ​ေရွ႕​ေတာင္အာရွ​ေဈးကြက္ခ်ဲ႕ထြင္​ေရးအတြက္ မူဝါဒအရျဖစ္သည္ဟုဆိုသည္။

လက္မွတ္​ေရးထိုးမူကို ကိုရီးယားနိုင္ငံ၌ အဆိုပါဘဏ္ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ျမန္မာ့စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတို႔ နိုဝင္ဘာ ၂၅ ရက္က လက္မွတ္ေရးထိုးခဲ့သည္။

ႏွစ္နိုင္ငံမွ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားတိုးတက္ျခင္းသည္ ကိုရီးယားသမၼတ၏ ေတာင္ပိုင္းေမၽွာ္မူဝါဒ၏ အစိတ္အပိုင္းျဖစ္သည္ဟုလည္း ဆိုသည္။

IBK သည္ ရန္ကုန္ၿမိဳ႕တြင္ ဘဏ္ကိုယ္စားလွယ္႐ုံးခြဲ ဖြင့္လွစ္ထားၿပီး ျမန္မာနိုင္ငံတြင္ ဘဏ္ခြဲ (သို႔မဟုတ္) လက္ေအာက္ခံဘဏ္ကုမၸဏီဖြင့္လွစ္ရန္ စီစဥ္ထားသည္ဟု ဆိုသည္။

အေသးစား၊ အလတ္စား လုပ္ငန္းမ်ား ဖြံ႕ျဖိဳးတိုးတက္ေရး လုပ္ငန္းေကာ္မတီကို ျမန္မာအစိုးရက ၂၀၁၇ တြင္ နိုင္ငံေတာ္အဆင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ျမန္မာနိုင္ငံတြင္ လုပ္ငန္းေဆာင္ရြက္ျခင္းသည္ IBK ၏ အာရွဘ႑ာေရးဆိုင္ရာ ပတ္လမ္းမူဝါဒကို ျဖည့္စြက္ျခင္းျဖစ္ျပီး ထိုမူဝါဒအရ တ႐ုတ္၊ ဂ်ပန္၊ ဖိလစ္ပိုင္၊ ကေမၻာဒီးယား စသည့္ နိုင္ငံမ်ားႏွင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္ဟု ကိုရီးယားဘဏ္က ဆိုသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာ့နိုင်ငံ၏ SME လုပ်ငန်းများ ပြုစုပျိုးထောင်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးရန် ကိုရီးယား အစိုးရပိုင်ဘဏ် The Industrial Bank of Korea -IBK နှင့် SME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။

မြန်မာနိုင်ငံက ဗီယက်နမ် ကဲ့သို့ အင်ဒိုချိုင်းနားကျွန်းဆွယ် တွင် စီးပွားရေးတိုးတက်ရန် အလားအလာအကောင်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ၎င်းဘဏ်၏ အာရှေ့တောင် အာရှဈေးကွက်ချဲ့ထွင်ရေးအတွက် မူဝါဒအရဖြစ်သည်ဟုဆိုသည်။

လက်မှတ်ရေးထိုးမူကို ကိုရီးယားနိုင်ငံ၌ အဆိုပါဘဏ် အမှုဆောင်အရာရှိချုပ်နှင့် မြန်မာ့စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ နိုဝင်ဘာ ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

နှစ်နိုင်ငံမှ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများတိုးတက်ခြင်းသည် ကိုရီးယားသမ္မတ၏ တောင်ပိုင်းမျှော်မူဝါဒ၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ဆိုသည်။

IBK သည် ရန်ကုန်မြို့တွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ဘဏ်ခွဲ (သို့မဟုတ်) လက်အောက်ခံဘဏ်ကုမ္ပဏီဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို မြန်မာအစိုးရက ၂၀၁၇ တွင် နိုင်ငံတော်အဆင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခြင်းသည် IBK ၏ အာရှဘဏ္ဍာရေးဆိုင်ရာ ပတ်လမ်းမူဝါဒကို ဖြည့်စွက်ခြင်းဖြစ်ပြီး ထိုမူဝါဒအရ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများနှင့် ချိတ်ဆက်ရန်ဖြစ်သည်ဟု ကိုရီးယားဘဏ်က ဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service