မြန်မာနိုင်ငံသားတိုင်း အိမ်ငှားဘဝမှ အိမ်ပိုင်ရဖို့ iMyanmarHouse.com မှ ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1044 Views
မြန်မာနိုင်ငံသားတိုင်း အိမ်ငှားဘဝမှ အိမ်ပိုင်ရဖို့ iMyanmarHouse.com မှ ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
### Zawgyi Version ###
### Unicode Version ###
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရန် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)မှ ကြီးမှူး၍ လာမည့် (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ (၆ ၊၇ ၊၈) သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့များတွင် “ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး ” ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိမ်ခြံမြေများကို ရောင်းမှားဝယ်မှား မဖြစ်စေရန် ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၅)ဦး တို့မှ ဆွေးနွေးဟောပြောပေးသွားမည် ဖြစ်ပြီး ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ ဖုန်းများနှင့် အခြားကျပ်သိန်း (၅ဝ) တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြပွဲအတွင်းတွင် သိန်း ၂၀၀ ကျော်မှ စသည့် တိုက်ခန်း ၊ မီနီကွန်ဒို ၊ နိုင်ငံတကာအဆင့်မီ ကွန်ဒို ၊ မြေကွက်နှင့် လုံးချင်းပေါင်း (၁၀,ဝဝဝ) ကျော်ကို မြိုင်မြိုင်ဆိုင်ဆိုင် တနေရာတည်းတွင် စုံလင်စွာ လေ့လာဝယ်ယူနိုင်မည်။ အရစ်ကျစနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ ဘဏ်ချေးငွေများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရာချေးငွေများကို တထိုင်တည်းလျှောက်ထားနိုင်ရန် AYA ဘဏ် ၊ KBZ ဘဏ် နှင့် YOMA ဘဏ် တို့မှ Official Banking Parter များအဖြစ် ပါဝင်ပြသသွားမည်။
“ ယခုကျင်းပမဲ့ အရောင်းပြပွဲကြီးဟာ ၂၀၁၉ ခုနှစ်ရဲ့ အစုံလင်ဆုံးနဲ့ ဈေးအသက်သာဆုံး အိမ်ခြံမြေပြပွဲကြီးပဲ ဖြစ်ပါတယ်။ စုဆောင်းငွေအနည်းငယ်ရှိရုံနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး မိသားစုဝင်ငွေနဲ့ လစဉ်အရစ်ကျပေးသွင်းနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံသား တော်တော်များများ ဒီပွဲအတွင်း အိမ်ပိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လာရောက်လေ့လာ ဝယ်ယူကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေအတွက်လည်း ဒီပြပွဲကြီးအတွင်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်နိုင်မှာ ဖြစ်ပါတယ်။ အများပြည်သူတွေ ဝယ်ယူနိုင်မဲ့ အတိုးမဲ့ အရစ်ကျစနစ်တွေနဲ့ ထည့်သွင်းရောင်းချဖို့လည်း စီစဉ်ထားပါတယ်။ မိမိရရှိနေတဲ့ မိသားစုဝင်ငွေနဲ့ ဘယ်လောက်တန်အိမ်ကို ပိုင်ဆိုင်နိုင်ပြီလဲဆိုတာ သိနိုင်ဖို့ ပွဲအတွင်းလာရောက်ဆွေးနွေးနိုင်ပါတယ်။ အိမ်ရာချေးငွေအတွက် AYA Bank, KBZ Bank နဲ့ YOMA Bank တို့နဲ့ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ် ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
ပွဲကျင်းပမည့်ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာ ဝယ်ယူနိုင်မည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက www.imyanmarhouse.com/promo/expo  တွင် ကြည့်ရှုနိုင်သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး (၁၂ ကြိမ်မြောက်)
ကျင်းပမည့်ရက် - (၆) ရက် မှ (၈) ရက် ၊ ဒီဇင်ဘာလ ၊ ၂ဝ၁၉ ခုနှစ် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် - နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ။
ကျင်းပမည့်နေရာ - (တပ်မတော်ခန်းမ) ၊ ဦးဝိစာရလမ်း ၊ ရန်ကုန်မြို့။
မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service