ရန္ကုန္မိုးပ်ံအျမန္ကားလမ္းမတည္ေဆာက္ေရးစီမံကိန္းမွ ျပင္သစ္ႏွင့္ တ႐ုတ္ကုမၸဏီ တစ္စုစီႏႈတ္ထြက္ဖြယ္ရွိ - Property News in Myanmar from iMyanmarHouse.com
1292 Views

ရန္ကုန္မိုးပ်ံအျမန္ကားလမ္းမတည္ေဆာက္ေရးစီမံကိန္းမွ ျပင္သစ္ႏွင့္ တ႐ုတ္ကုမၸဏီ တစ္စုစီႏႈတ္ထြက္ဖြယ္ရွိ

### Zawgyi Version ###

ရန္ကုန္မိုးပ်ံအျမန္ကားလမ္းတည္ေဆာက္ေရး စီမံကိန္းအတြက္ ဆန္ခါတင္ေရြးခ်ယ္ထားသည့္ လုပ္ငန္းစု ၁၀ ခုမွ ျပင္သစ္ကုမၸဏီ VINCI ႏွင့္ တ႐ုတ္ကုမၸဏီတခုတို႔ ႏုတ္ထြက္ဖြယ္ရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ေျပာၾကား သည္။

လက္ရွိတြင္ အဆိုပါကုမၸဏီႏွစ္ခုသည္ ဝန္ႀကီးဌာနသို႔ လာေရာက္ဆက္သြယ္ျခင္းမရွိေတာ့ဘဲ တရားဝင္အေၾကာင္းၾကားမွာသာ ၎တို႔ကို ထုတ္ပယ္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ရန္ကုန္မိုးပ်ံအျမန္လမ္း စီမံကိန္း (YEX) အပိုင္း (၁) စီမံကိန္းအတြက္ ဝန္ႀကီးဌာနက စိတ္ဝင္စားသည့္ ကုမၸဏီမ်ားကိုဖိတ္ေခၚရာတြင္ ဆန္ခါတင္အရည္အေသြးျပည့္မီမႈ ေလၽွာက္လႊာ ၁၂ ေစာင္ကို ၂၀၁၈ နိုဝင္ဘာလလယ္က လက္ခံရရွိၿပီး ၁၀ ခုကို ေရြးခ်ယ္ျခင္းျဖစ္သည္။

ထိုကုမၸဏီ ၁၀ ခုသည္ အဆိုျပဳေလၽွာက္လႊာ (Request for Proposal) တင္သြင္းရန္ ဖိတ္ေခၚခံရၿပီး ဝန္ႀကီးဌာနက သေဘာတူညီမႈစာခ်ဳပ္ (Concession Agreement) ထုတ္ျပန္မည္ဟုဆိုထားသည္။

ဆန္ခါတင္အရည္အေသြးျပည့္မီသည့္လုပ္ငန္းစု ၁၀ ခုတြင္ တ႐ုတ္ကုမၸဏီႏွင့္ တ႐ုတ္-ထိုင္း ဖက္စပ္၊ တ႐ုတ္-ျမန္မာဖက္စပ္ ကုမၸဏီစုစုေပါင္းေျခာက္ခု၊ ကိုရီးယားေကာ္ပိုေရးရွင္း ေျခာက္ခုေပါင္းထားသည့္ လုပ္ငန္းစုတစ္ ခု၊ ဂ်ပန္ကုမၸဏီႏွင့္ဂ်ပန္၊ ျမန္မာ၊ ထိုင္းဖက္စပ္ကုမၸဏီ စုစုေပါင္း ႏွစ္ခုႏွင့္ ျပင္သစ္ကုမၸဏီတစ္ခု ပါဝင္သည္။

၎တို႔သည္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတြင္ လုပ္ကိုင္ခြင့္ရထားသည့္ တ႐ုတ္ CCCC ကုမၸဏီ၊ တ႐ုတ္အျပည္ျပည္ဆိုင္ရာရထားလမ္းကုမၸဏီႏွင့္ ၿမိဳ႕ျပဖြံ႕ျဖိဳးမႈ ကုမၸဏီတို႔ေပါင္းထားသည့္ တ႐ုတ္ CRIG-CDL ကုမၸဏီ၊ တ႐ုတ္ CGGC ႏွင့္ GGG တို႔ေပါင္းထားသည့္ ကုမၸဏီအုပ္စု၊ တ႐ုတ္ Power Construction ကုမၸဏီ၊ ထားဝယ္ အထူးစီးပြားေရးဇုန္ေဖာ္ ေဆာင္ခြင့္ရထားသည့္ အီတာလ်ံ-ထိုင္းႏွင့္ တ႐ုတ္ Shandong ကုမၸဏီအုပ္စုတို႔ေပါင္းထားသည့္ ITD-CSI JV ကုမၸဏီႏွင့္ တ႐ုတ္ -ျမန္မာေပါင္းထားသည့္ Denso-CSCEC လုပ္ငန္းစုတို႔ ျဖစ္ သည္။

ထို႔အျပင္ ဂ်ပန္ JFEEေကာ္ ပိုေရးရွင္းႏွင့္ Marubeni လုပ္ငန္းစုတို႔ ပူးေပါင္းသည့္ JFEE/ Marubeni လုပ္ငန္းစု၊ ဘန္ေကာက္ Expressway ကုမၸဏီ၊ ဂ်ပန္ Ch.karnchang ကုမၸဏီႏွင့္ ျပည္တြင္းမွ ေရႊေတာင္ကုမၸဏီတို႔ ပူးေပါင္းထားသည့္ BSSIC လုပ္ငန္းစုတို႔လည္းပါဝင္သည္။

ျပင္သစ္ VINCI Highways လည္း ဆန္ခါတင္အရည္အေသြး ျပည့္မီခဲ့သည္။

ကိုရီးယား GS ေကာ္ပိုေရးရွင္း၊ Posco၊ ေဒဝူး၊ Daelim၊ ကိုရီးယား Expressway၊ Korea Overseas ေကာ္ပိုေရးရွင္းေျခာက္ခုေပါင္းစည္းထားသည့္ ကိုရီးယားအဖြဲ႕လုပ္ငန္းစုလည္း ေရြးခ်ယ္ခံရသည္။

၄၇ ကီလိုမီတာေက်ာ္ (မိုင္ ၃၀) ခန႔္ရွိေသာ မိုးပ်ံအျမန္လမ္းကို ရန္ကုန္ၿမိဳ႕တြင္း၊ ရန္ကုန္ ဆိပ္ကမ္း၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၊ မဂၤလာဒုံစက္မႈဇုန္ႏွင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းမ်ားသို႔ လြယ္ကူစြာခ်ိတ္ဆက္သြားလာနိုင္ရန္ ရည္ရြယ္တည္ေဆာက္မည္ဟု ဝန္ႀကီးဌာနက ဆိုသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်မိုးပျံ အမြန်ကားလမ်းတည်ဆောက်ရေး စီမံကိန်းအတွက် ဆန်ခါတင်ရွေးချယ်ထားသည့် လုပ်ငန်းစု ၁၀ ခုမှ ပြင်သစ်ကုမ္ပဏီ VINCI နှင့် တရုတ်ကုမ္ပဏီတခုတို့ နုတ်ထွက်ဖွယ်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောကြား သည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီနှစ်ခုသည် ဝန်ကြီးဌာနသို့ လာရောက်ဆက်သွယ်ခြင်းမရှိတော့ဘဲ တရားဝင်အကြောင်းကြားမှာသာ ၎င်းတို့ကို ထုတ်ပယ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း (YEX) အပိုင်း (၁) စီမံကိန်းအတွက် ဝန်ကြီးဌာနက စိတ်ဝင်စားသည့် ကုမ္ပဏီများကိုဖိတ်ခေါ်ရာတွင် ဆန်ခါတင်အရည်အသွေးပြည့်မီမှု လျှောက်လွှာ ၁၂ စောင်ကို ၂၀၁၈ နိုဝင်ဘာလလယ်က လက်ခံရရှိပြီး ၁၀ ခုကို ရွေးချယ်ခြင်းဖြစ်သည်။

ထိုကုမ္ပဏီ ၁၀ ခုသည် အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန် ဖိတ်ခေါ်ခံရပြီး ဝန်ကြီးဌာနက သဘောတူညီမှုစာချုပ် (Concession Agreement) ထုတ်ပြန်မည်ဟုဆိုထားသည်။

ဆန်ခါတင်အရည်အသွေးပြည့်မီသည့်လုပ်ငန်းစု ၁၀ ခုတွင် တရုတ်ကုမ္ပဏီနှင့် တရုတ်-ထိုင်း ဖက်စပ်၊ တရုတ်-မြန်မာဖက်စပ် ကုမ္ပဏီစုစုပေါင်းခြောက်ခု၊ ကို ရီးယားကော်ပိုရေးရှင်း ခြောက်ခုပေါင်းထားသည့် လုပ်ငန်းစုတစ် ခု၊ ဂျပန်ကုမ္ပဏီနှင့်ဂျပန်၊ မြန်မာ၊ ထိုင်းဖက်စပ်ကုမ္ပဏီ စုစုပေါင်း နှစ်ခုနှင့် ပြင်သစ်ကုမ္ပဏီတစ်ခု ပါဝင်သည်။

၎င်းတို့သည် ရန်ကုန်မြို့သစ် စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရထားသည့် တရုတ် CCCC ကုမ္ပဏီ၊ တရုတ်အပြည်ပြည်ဆိုင်ရာရထားလမ်းကုမ္ပဏီနှင့် မြို့ပြဖွံ့ဖြိုးမှု ကုမ္ပဏီတို့ပေါင်းထားသည့် တရုတ် CRIG-CDL ကုမ္ပဏီ၊ တရုတ် CGGC နှင့် GGG တို့ပေါင်းထားသည့် ကုမ္ပဏီအုပ်စု၊ တရုတ် Power Construction ကုမ္ပဏီ၊ ထားဝယ် အထူးစီးပွားရေးဇုန်ဖော် ဆောင်ခွင့်ရထားသည့် အီတာ လျံ-ထိုင်းနှင့် တရုတ် Shandong ကုမ္ပဏီအုပ်စုတို့ပေါင်းထားသည့် ITD-CSI JV ကုမ္ပဏီနှင့် တရုတ် -မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစုတို့ ဖြစ် သည်။

ထို့အပြင် ဂျပန် JFEEကော် ပိုရေးရှင်းနှင့် Marubeni လုပ်ငန်းစုတို့ ပူးပေါင်းသည့် JFEE/ Marubeni လုပ်ငန်းစု၊ ဘန်ကောက် Expressway ကုမ္ပဏီ၊ ဂျပန် Ch.karnchang ကုမ္ပဏီနှင့် ပြည်တွင်းမှ ရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်းထားသည့် BSSIC လုပ်ငန်းစုတို့လည်းပါဝင်သည်။

ပြင်သစ် VINCI Highways လည်း ဆန်ခါတင်အရည်အသွေး ပြည့်မီခဲ့သည်။

ကိုရီးယား GS ကော်ပိုရေး ရှင်း၊ Posco၊ ဒေဝူး၊ Daelim၊ ကိုရီးယား Expressway၊ Korea Overseas ကော်ပိုရေးရှင်းခြောက် ခုပေါင်းစည်းထားသည့် ကိုရီး ယားအဖွဲ့လုပ်ငန်းစုလည်း ရွေးချယ်ခံရသည်။

၄၇ ကီလိုမီတာကျော် (မိုင် ၃၀) ခန့်ရှိသော မိုးပျံအမြန်လမ်း ကို ရန်ကုန်မြို့တွင်း၊ ရန်ကုန် ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ လွယ်ကူစွာချိတ်ဆက်သွားလာနိုင်ရန် ရည်ရွယ်တည်ဆောက်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service