ျမန္မာနွင့္ ထိုင္းႏိုင္ငံတြင္း ခရီးသြားလာမႈျမွင့္တင္ေရးအတြက္ မိတ္ဖက္အျဖစ္ ပူးေပါင္းလုပ္ေဆာင္မည္ - Property News in Myanmar from iMyanmarHouse.com
1282 Views

ျမန္မာနွင့္ ထိုင္းႏိုင္ငံတြင္း ခရီးသြားလာမႈျမွင့္တင္ေရးအတြက္ မိတ္ဖက္အျဖစ္ ပူးေပါင္းလုပ္ေဆာင္မည္

### Zawgyi Version ###

ျမန္မာနိုင္ငံႏွင့္ထိုင္းႏွစ္ႏိုင္ငံအၾကား ခရီးသြားလုပ္ငန္းပိုမိုတိုးတက္လာေစမည့္ ฿500 for You ကမ္ပိန္းအတြက္ မိတ္ဖက္မ်ားအျဖစ္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း Visa Myanmar မွသိရသည္။

အဆိုပါ အခရီးသြားလာမွဳျမွင့္တင္ေရးလုပ္ငန္းကုိ Visa Myanmar နွင့္ ထိုင္းခရီးသြားလုပ္ငန္းအာဏာပိုင္အဖြဲ႔ (TAT)အဖြဲ႕မွ ပူးေပါင္းလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း Visa Myanmar မွသိရသည္။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအထိ ျမန္မာႏုိင္ငံမွ ထိုင္းႏိုင္ငံသို႔သြားေရာက္လည္ပတ္သူမ်ားအေနျဖင့္ ခရီးသြားလာရင္းျဖင့္ ဒီဂ်စ္တယ္ေငြးေပးေခ်မႈ၏ အက်ိဳးေက်းဇူးမ်ားကိုေတြ႔ႀကံဳခံစားႏိုင္ရန္ရည္ရြယ္၍ ယင္းကမ္ပိန္းကိုလုပ္ေဆာင္လိုက္ျခင္းျဖစ္ေၾကာင္း အဆိုပါအဖြဲ႕မွသိရသည္။ ကမာၻတစ္ဝန္းရွိ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံမွ ခရီးသြားေပါင္း ၁၇၅၀၀ ဦး၏ ႏိုင္ငံတကာခရီးသြားလာမႈ အေလ့အထမ်ားကို ဆန္းစစ္ထားေသာ Visa ၏ ကမာၻတစ္ဝန္းခရီးသြားလာမႈရည္ရြယ္ခ်က္ဆိုင္ရာ ဆန္းစစ္ခ်က္ (Global Travel Intentions Study) အရ ခရီးသြား ၅၂ ရာခိုင္ႏႈန္းသည္ ေစ်းဝယ္ေသာအခါ ေငြသားသည္အေကာင္းဆံုးေငြေပးေခ်မႈ နည္းလမ္းျဖစ္ေနသည္ကိုေတြ႔ရေၾကာင္း Visa Myanmar ထံမွသိရသည္။

အေၾကြး ဝယ္ကတ္၊ အျပည္ျပည္ဆိုင္ရာေငြေပးသြင္းအသံုးျပဳကတ္၊ ေငြျဖည့္သြင္းအသံုးျပဳကတ္၊ ႀကိဳတင္ေငြထည့္အသံုးျပဳကတ္မ်ားသည္ ဒုတိယအေကာင္းဆံုးေငြေပးေခ်မႈနည္းလမ္း ၃၉ ရာခိုင္ႏႈန္းျဖစ္ျပီး ဒီဂ်စ္တယ္ Wallet နည္းလမ္းသည္ တတိယအေကာင္းဆံုးနည္းလမ္းျဖင့္ ၉ ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း ၄င္း၀န္ေဆာင္မွဳထံမွသိရသည္။

“ ကြ်န္မတို႔ရဲ႕ ဒီလိုမ်ိဳး ပူးေပါင္းေဆာင္ရြက္မႈေတြကေနတဆင့္ ျမန္မာႏိုင္ငံအတြင္းကို အျခားႏိုင္ငံေတြက ခရီးသြားေတြ ပိုမိုဝင္ေရာက္လာေစဖို႔လည္းေမွ်ာ္လင့္မိပါတယ္။ဝယ္ယူသံုးစြဲမႈေတြ ျမွင့္တင္ေပးဖို႔၊ အလုပ္အကိုင္အခြင့္အလမ္းဖန္တီးမႈေတြ ျမွင့္တင္ေပးဖို႔၊ အေျခခံအေဆာက္အဦဖြံ႔ၿဖိဳးမႈကို အရွိန္ျမွင့္ေပးဖို႔အတြက္ တစ္ဖက္တစ္လမ္းကကူညီေပးျခင္းအားျဖင့္ ခရီးသြားက႑ဟာ ႏိုင္ငံရဲ႕စီးပြားေရးဖြံ႔ၿဖိဳးမႈအတြက္ Gateway တစ္ခုအျဖစ္ ရွိေနတယ္” ဟု Visa Myanmarမွ Country Mananger Lillian Wang ကေျပာၾကားသည္။ ထုိုင္းႏုိင္ငံသည္ ျမန္မာႏိုင္ငံမွ ခရီးသြားမ်ားအတြက္ ထင္ရွားေသာ ခရီးသြားလာမႈေဒသမ်ားထဲတြင္ပါဝင္ၿပီး အျခားထိပ္တန္း ခရီးသြားေဒသမ်ားတြင္ အင္ဒိုနီးရွား၊ တရုတ္၊ စကၤာပူႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔ ပါဝင္ေၾကာင္း ထိုင္းခရီးသြားလုပ္ငန္းအာဏာပိုင္အဖြဲ႔ (TAT)အဖြဲ႕မွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံနှင့် ထိုင်းနှစ်နိုင်ငံ အကြား ခရီးသွားလုပ်ငန်းပိုမိုတိုးတက်လာစေမည့် ฿500 for You ကမ်ပိန်းအတွက် မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Visa Myanmar မှသိရသည်။

အဆိုပါ အခရီးသွားလာမှုမြှင့်တင်ရေးလုပ်ငန်းကို Visa Myanmar နှင့် ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT)အဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း Visa Myanmar မှသိရသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်သူများအနေဖြင့် ခရီးသွားလာရင်းဖြင့် ဒီဂျစ်တယ်ငွေးပေးချေမှု၏ အကျိုးကျေးဇူးများကိုတွေ့ကြုံခံစားနိုင်ရန်ရည်ရွယ်၍ ယင်းကမ်ပိန်းကိုလုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသွားပေါင်း ၁၇၅၀၀ ဦး၏ နိုင်ငံတကာခရီးသွားလာမှု အလေ့အထများကို ဆန်းစစ်ထားသော Visa ၏ ကမ္ဘာတစ်ဝန်းခရီးသွားလာမှုရည်ရွယ်ချက်ဆိုင်ရာ ဆန်းစစ်ချက် (Global Travel Intentions Study) အရ ခရီးသွား ၅၂ ရာခိုင်နှုန်းသည် ဈေးဝယ်သောအခါ ငွေသားသည် အကောင်းဆုံးငွေပေးချေမှု နည်းလမ်းဖြစ်နေသည်ကိုတွေ့ရကြောင်း Visa Myanmar ထံမှသိရသည်။

အကြွေး ဝယ်ကတ်၊ အပြည်ပြည်ဆိုင်ရာငွေပေးသွင်းအသုံးပြုကတ်၊ ငွေဖြည့်သွင်းအသုံးပြုကတ်၊ ကြိုတင်ငွေထည့် အသုံးပြုကတ်များသည် ဒုတိယအကောင်းဆုံးငွေပေးချေမှုနည်းလမ်း ၃၉ ရာခိုင်နှုန်းဖြစ်ပြီး ဒီဂျစ်တယ် Wallet နည်းလမ်းသည် တတိယအကောင်းဆုံးနည်းလမ်းဖြင့် ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း ၎င်းဝန်ဆောင်မှုထံမှသိရသည်။ “ ကျွန်မတို့ရဲ့ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် မြန်မာနိုင်ငံအတွင်းကို အခြားနိုင်ငံတွေက ခရီးသွားတွေ ပိုမိုဝင်ရောက်လာစေဖို့လည်းမျှော်လင့်မိပါတယ်။ ဝယ်ယူသုံးစွဲမှုတွေ မြှင့်တင်ပေးဖို့၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုတွေ မြှင့်တင်ပေးဖို့၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုကို အရှိန်မြှင့်ပေးဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးခြင်းအားဖြင့် ခရီးသွားကဏ္ဍဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် Gateway တစ်ခုအဖြစ် ရှိနေတယ်” ဟု Visa Myanmarမှ Country Mananger Lillian Wang ကပြောကြားသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ခရီးသွားများအတွက် ထင်ရှားသော ခရီးသွားလာမှုဒေသများထဲတွင်ပါဝင်ပြီး အခြားထိပ်တန်း ခရီးသွားဒေသများတွင် အင်ဒိုနီးရှား၊ တရုတ်၊ စင်္ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT)အဖွဲ့မှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service