ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း(၈)ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1131 Views

ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း(၈)ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

### Zawgyi Version ###

ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း(၈)ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြုခဲ့ကြောင်း (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးကို နိုင်ဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်(၉)ဦး တက်ရောက် ကြကြောင်းသိရသည်။

ယင်းအစည်းအဝေးမှ လုပ်ငန်း(၈)ခုခွင့်ပြုခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အုံကဏ္ဍတို့ဖြစ်ကြောင်း၊လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၆၅ ဒသမ ၈၅၃) သန်းနှင့်မြန်မာ ငွေကျပ် (၉၉,၅၄၃ ဒသမ ၃၅၈) သန်းရှိကြောင်းသိရသည်။


၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၄၆) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၈၂,၁၆၆ ဒသမ ၃၉၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ သည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ် သည်။

နိုင်ငံပေါင်း(၅၀)မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ် နှံ မှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း)ဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏(၁၄ ဒသမ ၀၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


 

### Unicode Version ###

ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံကဏ္ဍတို့မှ လုပ်ငန်း(၈)ခု မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်မှခွင့်ပြုခဲ့ကြောင်း (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးကို နိုင်ဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်(၉)ဦး တက်ရောက် ကြကြောင်းသိရသည်။

ယင်းအစည်းအဝေးမှ လုပ်ငန်း(၈)ခုခွင့်ပြုခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ရာအဆောက်အုံကဏ္ဍတို့ဖြစ်ကြောင်း၊လုပ်ငန်းများ၏ ရင်နှီးမြှုုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၆၅ ဒသမ ၈၅၃) သန်းနှင့်မြန်မာ ငွေကျပ် (၉၉,၅၄၃ ဒသမ ၃၅၈) သန်းရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများကြောင်း ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁,၇၃၉) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၄၆) ခု ရင်းနှီးမြှုုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၈၂,၁၆၆ ဒသမ ၃၉၃) ဖြင့် ရင်းနှီးမြှုုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ သည်။ ရင်းနှီးမြှုုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ် သည်။

နိုင်ငံပေါင်း(၅၀)မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် အများဆုံးရင်းနှီးမြှုုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ် နှံ မှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း)ဖြင့် လည်း ကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏(၁၄ ဒသမ ၀၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုုပ်နှံထားကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service