လၽွပ္စစ္ဓာတ္အား (၁၁၆၅) မဂၢါဝပ္ထြက္ရွိမည့္ စီမံကိန္း (၇)ခုကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
856 Views

လၽွပ္စစ္ဓာတ္အား (၁၁၆၅) မဂၢါဝပ္ထြက္ရွိမည့္ စီမံကိန္း (၇)ခုကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိ

### Zawgyi Version ###

လၽွပ္စစ္ဓာတ္အား (၁၁၆၅) မဂၢါဝပ္ထြက္ရွိမည့္ စီမံကိန္း (၇)ခုကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး (လၽွပ္စစ္) ဦးခင္ေမာင္ဝင္းက အမ်ိဳးသားလႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး စတုတၳေန႔၌ မႏၲ ေလးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၂)မွ ဦးထြန္းထြန္းဦး၏လာမည့္ ၂၀၂၀ျပည့္ႏွစ္ ပူျပင္းသည့္ေႏြရာသီကာလတြင္ လၽွပ္စစ္ဓာတ္ အား ျပတ္ေတာက္ ေလၽွာ့ခ်ျခင္းမ်ား မရွိေစရန္ မည္ကဲ့သို႔ စီမံေဆာင္ရြက္ထားသည္ကို သိရွိလိုျခင္း ေမးခြန္းႏွင့္ စပ္လ်ဥ္း၍ အထက္ပါအ တိုင္း ေျဖၾကားထားျခင္းျဖစ္သည္။

ဆက္လက္၍ ဓာတ္အားထုတ္လုပ္ေရးအပိုင္းတြင္သာမက ဓာတ္အားစနစ္ ပိုမိုေကာင္း မြန္ေစရန္အတြက္ ၅၀၀ ေကဗြီ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံစီမံကိန္းမ်ားကိုလည္း တည္ေဆာက္အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ ဓာတ္ အားျဖန႔္ျဖဴးေရး အပိုင္း တြင္လည္း ဓာတ္အားျဖန႔္ျဖဴးမႈစနစ္ တိုးတက္ေကာင္း မြန္လာေစမည့္ System Improvement Plan ႏွင့္ ဓာတ္အားလိုအပ္ခ်က္အား ျဖည့္ဆည္းေဆာင္ရြက္ေပးနိုင္မည့္ System Development Plan မ်ားကိုလည္း ခ်မွတ္ေဆာင္ ရြက္ေပးလ်က္ ရွိပါေၾကာင္းေျပာသည္။

ဓာတ္အားစနစ္တစ္ခုလုံး ဓာတ္အားျပတ္ေတာက္မႈ မွတ္တမ္းမ်ားအရ ၂၀၁၆ ခုႏွစ္တြင္ System Breakdown (၁၇)ႀကိမ္အထိ ရွိခဲ့ ပါ ေၾကာင္း၊ ၂၀၁၇ခုႏွစ္တြင္ (၃) ႀကိမ္၊ ၂၀၁၈ခုႏွစ္တြင္ (၂)ႀကိမ္ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ (၁)ႀကိမ္သာ ျဖစ္ေပၚခဲ့သည့္ အတြက္ ဓာတ္အားစနစ္ တစ္ခုလုံး၏ ဓာတ္အားျပတ္ေတာက္မႈကိုလည္း ေလၽွာ့ခ်နိုင္ခဲ့ပါေၾကာင္းႏွင့္ ၂၀၂၀ျပည့္ႏွစ္ ေႏြရာသီတြင္ လၽွပ္စစ္ဓာတ္အားျပတ္ေတာက္ မႈ ေလ်ာ့နည္းေစေရးကို အထူးအေလးထားေဆာင္ရြက္ လ်က္ ရွိပါေၾကာင္း ေျဖၾကားသည္။

၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ ၁၀ ရက္ ေန႔ကလည္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး(လၽွပ္စစ္) ဦးခင္ေမာင္ဝင္းသည္ ဌာနဆိုင္ ရာ တာဝန္ရွိသူမ်ား လိုက္ပါလ်က္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ေလွာ္ကား၊ ရြာမ၊ အလုံ၊ သာေကတ၊ သီလဝါ ဓာတ္အားေပးစက္႐ုံ မ်ားႏွင့္ ဓာတ္အားေပးစက္႐ုံ စီမံကိန္းအသစ္မ်ားသို႔ သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္း ဌာန၏ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ဓာတ္အားေပးစက္႐ုံမ်ားႏွင့္ ဓာတ္အားေပးစက္႐ုံစီမံကိန္းအသစ္မ်ားသို႔ သြားေရာက္စဥ္ ဒုတိယဝန္ႀကီးမွ လာမည့္ ေႏြရာသီကာ လတြင္ တိုးတက္သုံးစြဲလာမည့္ လၽွပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို အခ်ိန္မီျဖည့္ဆည္း ေပးနိုင္ေရးအတြက္ ရည္ရြယ္၍ မေကြး၊ေရႊေတာင္၊ ကၽြန္းေခ်ာင္း၊ အလုံ၊ ေက်ာက္ျဖဴ ၊ သန္လ်င္ႏွင့္ သာေကတတို႔တြင္ ဓာတ္အားေပးစက္႐ုံ စီမံကိန္း အသစ္(၇)ခုအား အေကာင္အထည္ ေဖာ္ ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း၊ လက္ရွိဓာတ္အားေပး စက္႐ုံမ်ားမွ စက္စြမ္းအားျပည့္ ေမာင္းႏွင္ထုတ္လုပ္နိုင္ေရးအတြက္ဓာတ္ အား ေပးစက္မ်ား ႀကံ့ခိုင္ေရးကို စဥ္ဆက္မျပတ္ စစ္ေဆးေဆာင္ရြက္ သြားၾကရန္လိုအပ္ေၾကာင္း၊ စီမံကိန္းမ်ား ၿပီးစီးရန္ လ်ာထားသတ္ မွတ္ခ်က္မ်ားႏွင့္အညီ ႀကိဳးစားလုပ္ေဆာင္သြားရန္ တိုက္တြန္းထားသည္ကိုေတြ႔ရသည္။

ခြန္ေနာင္လြင္ထူး မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

### Unicode Version ###

လျှပ်စစ်ဓာတ်အား (၁၁၆၅) မဂ္ဂါဝပ်ထွက်ရှိမည့် စီမံကိန်း (၇)ခုကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းက အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ မန္တ လေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏လာမည့် ၂၀၂၀ပြည့်နှစ် ပူပြင်းသည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ် အား ပြတ်တောက် လျှော့ချခြင်းများ မရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အထက်ပါအ တိုင်း ဖြေကြားထားခြင်းဖြစ်သည်။

ဆက်လက်၍ ဓာတ်အားထုတ်လုပ်ရေးအပိုင်းတွင်သာမက ဓာတ်အားစနစ် ပိုမိုကောင်း မွန်စေရန်အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကိုလည်း တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဓာတ် အားဖြန့်ဖြူးရေး အပိုင်း တွင်လည်း ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်း မွန်လာစေမည့် System Improvement Plan နှင့် ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် System Development Plan များကိုလည်း ချမှတ်ဆောင် ရွက်ပေးလျက် ရှိပါကြောင်းပြောသည်။

ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် System Breakdown (၁၇)ကြိမ်အထိ ရှိခဲ့ ပါ ကြောင်း၊ ၂၀၁၇ခုနှစ်တွင် (၃) ကြိမ်၊ ၂၀၁၈ခုနှစ်တွင် (၂)ကြိမ်နှင့် ၂၀၁၉ ခုနှစ်တွင် (၁)ကြိမ်သာ ဖြစ်ပေါ်ခဲ့သည့် အတွက် ဓာတ်အားစနစ် တစ်ခုလုံး၏ ဓာတ်အားပြတ်တောက်မှုကိုလည်း လျှော့ချနိုင်ခဲ့ပါကြောင်းနှင့် ၂၀၂၀ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက် မှု လျော့နည်းစေရေးကို အထူးအလေးထားဆောင်ရွက် လျက် ရှိပါကြောင်း ဖြေကြားသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နေ့ကလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ဌာနဆိုင် ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ၊ သီလဝါ ဓာတ်အားပေးစက်ရုံ များနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ဌာန၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်များသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးမှ လာမည့် နွေရာသီကာ လတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ်(၇)ခုအား အကောင်အထည် ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိဓာတ်အားပေး စက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက်ဓာတ် အား ပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ စီမံကိန်းများ ပြီးစီးရန် လျာထားသတ် မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန် တိုက်တွန်းထားသည်ကိုတွေ့ရသည်။

ခွန်နောင်လွင်ထူး မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service