ျပည္နယ္အစိုးရခြင့္ျပဳေပးႏိုင္တဲ့ပမာဏထက္ ဗဟိုအစိုးရက ပမာဏထပ္တိုးေပးမယ္လို႔ဆို - Property News in Myanmar from iMyanmarHouse.com
630 Views

ျပည္နယ္အစိုးရခြင့္ျပဳေပးႏိုင္တဲ့ပမာဏထက္ ဗဟိုအစိုးရက ပမာဏထပ္တိုးေပးမယ္လို႔ဆို

### Zawgyi Version ###

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြက ခြင့္ျပဳေပးႏိုင္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏကို ထပ္တိုးေပးဖို႔ ေဒသခံလုပ္ငန္းရွင္ေတြက တိုင္းနဲ႔ျပည္နယ္အစိုးရအဖြဲ႕က တစ္ဆင့္ ျပည္ေထာင္စုကိုတင္ျပလာပါက ပမာဏတိုးေပးႏိုင္တယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေျပာပါတယ္။

လက္ရွိမွာ အေမရိကန္ေဒၚလာ ငါးသန္းနဲ႔ က်ပ္သန္းေျခာက္ေထာင္ ပမာဏရွိတဲ့ လုပ္ငန္းေတြကို တိုင္းနဲ႔ျပည္နယ္အစိုးရအဖြဲ႕ေတြက တိုက္႐ိုက္ခြင့္ျပဳေပးႏိုင္တာျဖစ္ပါတယ္။

ဒါဟာ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳခဲ့တဲ့ လုပ္ငန္းစုစုေပါင္းရဲ႕ ၇၀ ရာခိုင္ႏႈန္းကို တိုင္းနဲ႔ျပည္နယ္အစိုးရကို ခြဲေပးခဲ့တာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕က ၃၀ ရာခိုင္ႏႈန္းသာ လုပ္ကိုင္ေတာ့တာျဖစ္တယ္လို႔ သိရပါတယ္။

ယခုခြဲေပးတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏဟာလည္း ေကာ္မရွင္ရဲ႕ ဆန္းစစ္ခ်က္ေတြအရ အေမရိကန္ေဒၚလာ ငါးသန္းေအာက္လုပ္ငန္းေတြသာ ျမန္မာႏိုင္ငံမွာ လုပ္ကိုင္မႈမ်ားတာေၾကာင့္ျဖစ္တယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရလည္း ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏနဲ႔ ပတ္သက္ၿပီး တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကိုခြဲေပးႏိုင္တယ္လို႔သာ ျပဌာန္းထားတာျဖစ္ၿပီး ပမာဏကို အတိအက်မသတ္မွတ္ထားဘူးလို႔ ဆိုပါတယ္။

ေနရွင္းျမန္မာ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

### Unicode Version ###

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက ခွင့်ပြုပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ထပ်တိုးပေးဖို့ ဒေသခံလုပ်ငန်းရှင်တွေက တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့က တစ်ဆင့် ပြည်ထောင်စုကိုတင်ပြလာပါက ပမာဏတိုးပေးနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောပါတယ်။

လက်ရှိမှာ အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ ကျပ်သန်းခြောက်ထောင် ပမာဏရှိတဲ့ လုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေက တိုက်ရိုက်ခွင့်ပြုပေးနိုင်တာဖြစ်ပါတယ်။

ဒါဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တဲ့ လုပ်ငန်းစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို တိုင်းနဲ့ပြည်နယ်အစိုးရကို ခွဲပေးခဲ့တာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ၃၀ ရာခိုင်နှုန်းသာ လုပ်ကိုင်တော့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုခွဲပေးတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာလည်း ကော်မရှင်ရဲ့ ဆန်းစစ်ချက်တွေအရ အမေရိကန်ဒေါ်လာ ငါးသန်းအောက်လုပ်ငန်းတွေသာ မြန်မာနိုင်ငံမှာ လုပ်ကိုင်မှုများတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရလည်း ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုခွဲပေးနိုင်တယ်လို့သာ ပြဌာန်းထားတာဖြစ်ပြီး ပမာဏကို အတိအကျမသတ်မှတ်ထားဘူးလို့ ဆိုပါတယ်။

နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

Upcoming Property Events

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service