ျမန္မာနိုင္ငံတြင္ ရာသီမေရြးအသုံးျပဳနိုင္မည့္ ေက်းလက္လမ္းမ်ား ေဖာက္လုပ္ရန္ ADB ကူညီမည္ - Property News in Myanmar from iMyanmarHouse.com
1228 Views

ျမန္မာနိုင္ငံတြင္ ရာသီမေရြးအသုံးျပဳနိုင္မည့္ ေက်းလက္လမ္းမ်ား ေဖာက္လုပ္ရန္ ADB ကူညီမည္

### Zawgyi Version ###

အာရွဖြံ႕ျဖိဳးေရးဘဏ္မွ ဧရာ၀တီ နွင့္ မေကြးတိုင္းေဒသႀကီး ရွိ ေက်းရြာ ၁၅၀ ကုိ ျဖတ္သန္းသြားလာနိုင္သည့္ အရွည္ ၁၅၀ ကီလိုမီတာေက်ာ္ ေက်ာက္ေခ်ာလမ္းကုိ အေမရိကန္ေဒၚလာ ၅၁ ဒသမ ၂ သန္း ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ADB မွသိရသည္။

အဆိုပါဘဏ္သည္ ေက်းလက္ေဒသလမ္းမ်ားႏွင့္ ကူးသန္းသြားလာေရးစီမံကိန္းကုိ ေဒၚလာ ၄၅ ဒႆမ ၄ သန္း ေခ်းေငြအျဖစ္နွင့္က်န္ ေဒၚလာ ၅ ဒႆမ ၈ သန္းကို အာရွဖြံ႕ၿဖိဳးေရး ရန္ပုံေငြမွ ေပးအပ္ေသာေထာက္ပံ့ေၾကးအျဖစ္ကူညီခဲ့ျခင္းျဖစ္ေၾကာင္း ADB ထံမွသိရသည္။

ယင္းစီမံကိန္းသည္ ဆက္စပ္ေက်းရြာေနသူမ်ား ရာသီမေရြးသုံးစြဲနိုင္သည့္ ေက်းလက္လမ္းမ်ား ရရွိရန္နွင့္ ေမာ္ေတာ္ယာဥ္ျဖင့္ခရီးသြားရာတြင္ ၾကာျမင့္ခ်ိန္ကို အနည္းဆုံး ၁၈ မိနစ္အထိ ေလ်ာ့က်သြားေစမည္ျဖစ္ေၾကာင္း အဆိုပါဘဏ္မွသိရသည္။

ဤစီမံကိန္းသည္ ရွိၿပီးလမ္းမ်ား၏ မ်က္ႏွာျပင္ထပ္ပိုး၍ ျမင့္တက္လာေအာင္ ေဖာက္လုပ္ေပးမည္ျဖစ္ျပီး ေရႀကီးေရလႊမ္းမိုးမွုဒဏ္ကို ခံနိုင္ရည္ရွိရန္ နွင့္ ဘိလပ္ေျမကြန္ကရစ္ကဲ့သို႕ခံနိုင္ရည္ရွိေသာ ကုန္ၾကမ္းမ်ားသုံးစြဲတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ယင္းဘဏ္မွသိရသည္။

“ ဒီစီမံကိန္းဟာ ဧရာဝတီနဲ႔ မေကြးတိုင္းအတြင္း ၿမိဳ႕နယ္ေလးၿမိဳ႕နယ္က ေက်းလက္ေနသူေတြအတြက္ ပိုေကာင္းတဲ့ေဈးကြက္၊ ပိုသာတဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြကို လက္လွမ္းမီနိုင္ဖို႕ရန္ရည္ရြယ္တယ္” ဟု ADB ၏ အေရွ႕ေတာင္အာရွေဒသ လမ္းပန္းဆိုင္ရာပို႕ေဆာင္ေရးကၽြမ္းက်င္သူ မစၥတာ Shihiru Date က ေျပာၾကားသည္။

ျမန္မာနိုင္ငံသည္ ေက်းလက္လမ္းမ်ားဆက္သြယ္ လက္လွမ္းမီနိုင္မႈႏႈန္းအနိမ့္ဆုံးနိုင္ငံမ်ားထဲတြင္ ပါဝင္ေနျပီး နိုင္ငံ၏ေက်းလက္လူဦးေရစုစုေပါင္းအနက္ ၄၀ ရာခိုင္ႏႈန္းကသာ ရာသီမေရြးသုံးစြဲနိုင္သည့္လမ္းမ်ားကို အသုံးျပဳနိုင္ေသာအေျခအေနတြင္ရွိေၾကာင္း ေက်းလက္ေဒသမ်ား လမ္းလွမ္းမီမႈဆိုင္ရာအညႊန္းကိန္း (Rural Access Index) တြင္ေဖာ္ျပထားသည္။

ADB ၏ ေလ့လာခ်က္မ်ားအရ ျမန္မာနိုင္ငံတြင္ ျပည္သူေလးသန္းေက်ာ္အတြက္ လမ္းမ်ားဆက္သြယ္ေဖာက္လုပ္ေပးရန္ လိုအပ္ေနျပီး ျပည္သူ ၁၀ သန္းေက်ာ္သည္လမ္းအဆက္အသြယ္မ်ားရရွိေနေသာ္လည္း မိုးတြင္းကာလမ်ားတြင္း အသုံးျပဳျဖတ္သန္းသြားလာနိုင္ျခင္းမရွိေၾကာင္း အဆိုပါအညြန္းကိန္းပါအခ်က္မ်ား အရသိရသည္။

၂၀၂၅ ခုႏွစ္၊ ႏွစ္ကုန္တြင္ ၿပီးစီးရန္ ရည္မွန္းထားသည့္ ယင္းစီမံကိန္း၏ စုစုေပါင္းကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ ၅၂ ဒႆမ ၄၁ သန္းျဖစ္ၿပီး အစိုးရက အေမရိကန္ေဒၚလာ ၁ ဒႆမ ၂၁ သန္းကို ထည့္ဝင္အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ADB ၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အာရှဖွံ့ဖြိုးရေးဘဏ်မှ ဧရာဝတီနှင့်မကွေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁၅၀ ကို ဖြတ်သန်းသွားလာနိုင်သည့် အရှည် ၁၅၀ ကီလိုမီတာကျော် ကျောက်ချောလမ်းကို အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ADB မှသိရသည်။

အဆိုပါဘဏ်သည် ကျေးလက်ဒေသလမ်းများနှင့် ကူးသန်းသွားလာရေးစီမံကိန်းကို ဒေါ်လာ ၄၅ ဒဿမ ၄ သန်း ချေးငွေအဖြစ်နှင့်ကျန် ဒေါ်လာ ၅ ဒဿမ ၈ သန်းကို အာရှဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပေးအပ်သောထောက်ပံ့ကြေးအဖြစ်ကူညီခဲ့ခြင်းဖြစ်ကြောင်း ADB ထံမှသိရသည်။

ယင်းစီမံကိန်းသည် ဆက်စပ်ကျေးရွာနေသူများ ရာသီမရွေးသုံးစွဲနိုင်သည့် ကျေးလက်လမ်းများ ရရှိရန်နှင့် မော်တော်ယာဉ်ဖြင့်ခရီးသွားရာတွင် ကြာမြင့်ချိန်ကို အနည်းဆုံး ၁၈ မိနစ်အထိ လျော့ကျသွားစေမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှသိရသည်။

ဤစီမံကိန်းသည် ရှိပြီးလမ်းများ၏ မျက်နှာပြင်ကို ထပ်ပိုး၍ မြင့်တက်လာအောင် ဖောက်လုပ်ပေးမည်ဖြစ်ပြီး ရေကြီးရေလွှမ်းမိုးမှုဒဏ်ကို ခံနိုင်ရည်ရှိရန် နှင့် ဘိလပ်မြေကွန်ကရစ်ကဲ့သို့ခံနိုင်ရည်ရှိသော ကုန်ကြမ်းများသုံးစွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းဘဏ်မှသိရသည်။

“ ဒီစီမံကိန်းဟာ ဧရာဝတီနဲ့ မကွေးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်က ကျေးလက်နေသူတွေအတွက် ပိုကောင်းတဲ့ဈေးကွက်၊ ပိုသာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်ဖို့ရန်ရည်ရွယ်တယ်” ဟု ADB ၏ အရှေ့တောင်အာရှဒေသ လမ်းပန်းဆိုင်ရာပို့ဆောင်ရေးကျွမ်းကျင်သူ မစ္စတာ Shihiru Date က ပြောကြားသည်။

မြန်မာနိုင်ငံသည် ကျေးလက်လမ်းများဆက်သွယ် လက်လှမ်းမီနိုင်မှုနှုန်းအနိမ့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး နိုင်ငံ၏ကျေးလက်လူဦးရေစုစုပေါင်းအနက် ၄၀ ရာခိုင်နှုန်းကသာ ရာသီမရွေးသုံးစွဲနိုင်သည့် လမ်းများကို အသုံးပြုနိုင်သောအခြေအနေတွင်ရှိကြောင်း ကျေးလက်ဒေသများ လမ်းလှမ်းမီမှုဆိုင်ရာအညွှန်းကိန်း (Rural Access Index) တွင်ဖော်ပြထားသည်။

ADB ၏ လေ့လာချက်များအရ မြန်မာနိုင်ငံတွင် ပြည်သူလေးသန်းကျော်အတွက် လမ်းများဆက်သွယ်ဖောက်လုပ်ပေးရန် လိုအပ်နေပြီး ပြည်သူ ၁၀ သန်းကျော်သည်လမ်း အဆက်အသွယ်များရရှိနေသော်လည်း မိုးတွင်းကာလများတွင်း အသုံးပြုဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း အဆိုပါအညွန်းကိန်းပါအချက်များ အရသိရသည်။

၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ပြီးစီးရန် ရည်မှန်းထားသည့် ယင်းစီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၄၁ သန်းဖြစ်ပြီး အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၁ သန်းကို ထည့်ဝင်အသုံးပြုသွားမည်ဖြစ်ကြောင်း ADB ၏ထုတ်ပြန်ချက်များအရ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service