အင္းစိန္ႀကိဳ႕ကုန္းအိမ္ရာကို အဆင့္ျမႇင့္တင္ရန္ တိုင္းအစိုးရ တင္ဒါေခၚ - Property News in Myanmar from iMyanmarHouse.com
907 Views

အင္းစိန္ႀကိဳ႕ကုန္းအိမ္ရာကို အဆင့္ျမႇင့္တင္ရန္ တိုင္းအစိုးရ တင္ဒါေခၚ

### Zawgyi Version ###

ရန္ကုန္တိုင္း အစိုးရက အင္းစိန္၊ ႀကိဳ႕ကုန္းအိမ္ရာကို အဆင့္ျမႇင့္တင္ေရး ျပန္လည္ဖြံၿဖိဳးေရး စီမံကိန္းအျဖစ္ အေကာင္အထည္ေဖာ္ရန္ နိုဝင္ဘာ ၁၃ ရက္တြင္ တင္ဒါဖိတ္ေခၚလိုက္သည္။

အဆိုပါစီမံကိန္းကို ရန္ကုန္တိုင္းအစိုးရႏွင့္ေဆာက္လုပ္ေရးဝန္ႀကီးဌာတို႔ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ၿပီး ရန္ကုန္အစိုးရက ျပည္သူအိမ္ရာမ်ားအား အဆင့္ျမႇင့္တင္တည္ေဆာက္ေရးစီမံကိန္းအနက္မွ တစ္ခုျဖစ္သည္ဟုဆိုသည္။

စီမံကိန္း အဆိုျပဳလႊာႏွင့္ တင္ဒါလုပ္ငန္းမ်ားကို စိစစ္ေရႊးခ်ယ္ရာတြင္ Yangon Metropolitan Development အမ်ားပိုင္ကုမၸဏီက ေဆာင္ရြက္မည္ဟုဆိုသည္။

စိတ္ဝင္စားသူမ်ားသည္ စီမံကိန္းဖြံၿဖိဳးေရး မဟာစီမံခ်က္ကို ေဖာင္ေၾကး က်ပ္ ၁ သိန္းျဖင့္ ဒီဇင္ဘာ ၂၀ ရက္ ေနာက္ဆုံးထားတင္ျပရမည္ဟု တိုင္းအစိုးရကဆိုသည္။

ထိုအိမ္ရာမ်ားသည္ အငွားအိမ္ယာမ်ားျဖစ္ၿပီး ယခုခ်ိန္တြင္အိုေဟာင္းေန၍ျပဳျပင္မြမ္းမံရန္လိုအပ္ေနၿပီဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ ဝန္ႀကီး ေဒၚနီလာေက်ာ္က ဆိုထားသည္။

အငွားအိမ္ရာအေဟာင္းမ်ားကို ၿဖိဳခ်ၿပီးအသစ္တည္ေဆာက္ပါက လက္ရွိေနထိုင္သူမ်ားကဖယ္ေပးရၿပီး ေဆာက္လုပ္ၿပီးစီးပါက မဲစနစ္ျဖင့္ ျပန္လည္ေနရာခ်ထားေပးသည္ဟု ရန္ကုန္တိုင္းအစိုးရက ဆိုထားသည္။စီမံကိန္းကာလအတြင္းေျပာင္းေရႊ႕ေနထိုင္စရိတ္ကို တိုင္းအစိုးရစိုက္ထုတ္ေပးျခင္းျဖစ္သည္။

၎အိမ္ယာသည္ အင္းစိန္ၿမိဳ႕နယ္၊ အေနာက္ႀကိဳကုန္းရပ္ကြက္၊ ဗဟိုလမ္းမႀကီးေဘးတြင္တည္ရွိသည္။ အဆိုပါႀကိဳ႕ကုန္းအိမ္ယာသည္ ၁၉၅၂ခုႏွစ္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ဦးဝိစာရအိမ္ရာ၊ ဖဆပလအိမ္ရာ၊ ရန္ကင္း ၁၂ လုံးအိမ္ရာတို႔ႏွင့္အတူ အငွားအိမ္ယာအျဖစ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com ### Unicode Version ###

ရန်ကုန်တိုင်း အစိုးရက အင်းစိန်၊ ကြို့ကုန်းအိမ်ရာကို အဆင့်မြှင့်တင်ရေး ပြန်လည်ဖွံဖြိုးရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် နိုဝင်ဘာ ၁၃ ရက်တွင် တင်ဒါဖိတ်ခေါ်လိုက်သည်။

အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်အစိုးရက ပြည်သူအိမ်ရာများအား အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းအနက်မှ တစ်ခုဖြစ်သည်ဟုဆိုသည်။

စီမံကိန်း အဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများကို စိစစ်ရွှေးချယ်ရာတွင် Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်မည်ဟုဆိုသည်။

စိတ်ဝင်စားသူများသည် စီမံကိန်းဖွံဖြိုးရေး မဟာစီမံချက်ကို ဖောင်ကြေး ကျပ် ၁ သိန်းဖြင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားတင်ပြရမည်ဟု တိုင်းအစိုးရကဆိုသည်။

ထိုအိမ်ယာများသည် အငှားအိမ်ယာများဖြစ်ပြီး ယခုချိန်တွင်အိုဟောင်းနေ၍ပြုပြင်မွမ်းမံရန်လိုအပ်နေပြီဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်က ဆိုထားသည်။

အငှားအိမ်ယာအဟောင်းများကို ဖြိုချပြီးအသစ်တည်ဆောက်ပါက လက်ရှိနေထိုင်သူများကဖယ်ပေးရပြီး ဆောက်လုပ်ပြီးစီးပါက မဲစနစ်ဖြင့် ပြန်လည်နေရာချထားပေးသည်ဟု ရန်ကုန်တိုင်းအစိုးရက ဆိုထားသည်။စီမံကိန်းကာလအတွင်းပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းအစိုးရစိုက်ထုတ်ပေးခြင်းဖြစ်သည်။

၎င်းအိမ်ယာသည် အင်းစိန်မြို့နယ်၊ အနောက်ကြိုကုန်းရပ်ကွက်၊ ဗဟိုလမ်းမကြီးဘေးတွင်တည်ရှိသည်။ အဆိုပါကြို့ကုန်းအိမ်ယာသည် ၁၉၅၂ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးအိမ်ရာတို့နှင့်အတူ အငှားအိမ်ယာအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service