Local Property News | Posted by Zarni Kyaw
### Zawgyi Version ###
ရန္ကုန္ ၿမိဳ႕ပတ္ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္မႈ စီမံကိန္းတစ္ခုလုံးရဲ့ ၇၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။ အဆင့္ျမႇင့္တင္မႈကို သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ေဆာင္ရြက္ေနေၾကာင္း၊ အတြင္းပတ္လမ္း အျပင္ပတ္လမ္းမ်ားကို ပိတ္ၿပီး ေဆာင္ရြက္ေနျခင္းေၾကာင့္ ရာခိုင္ႏႈန္းအေတာ္ေလးၿပီးစီးေနၿပီ ျဖစ္ေၾကာင္းသိရသည္။
ၿမိဳ႕ပတ္ရထားလမ္းပိုင္း အေရွ႕ျခမ္းႏွင့္အေနာက္ျခမ္းဆိုၿပီး အပိုင္းႏွစ္ပိုင္းခြဲ ေဆာင္ရြက္ေနၿပီး သတ္မွတ္စီမံကိန္းအားလုံးကို ၂၀၂၂-၂၀၂၃ မွာ ၿပီးစီးဖို႔ ေမၽွာ္မွန္းထားေၾကာင္း၊ အပိုင္းလိုက္ အေကာင္အထည္ေဖာ္ေနမႈတြင္ စီမံကိန္းတစ္ခုလုံး၏ သုံးပုံ ႏွစ္ပုံၿပီးစီးသည့္ အေျခအေနကို ေရာက္ရွိလာၿပီျဖစ္ေၾကာင္းသိရသည္။
လက္ရွိ အေကာင္အထည္ေဖာ္မႈတြင္ ျမိဳ႕ပတ္ရထားလမ္း အေနာက္ျခမ္းျဖစ္သည့္ တညင္းကုန္း-အင္းစိန္-ၾကည့္ျမင္တိုင္- ရန္ကုန္လမ္း ပိုင္းအဆင့္ျမႇင့္တင္မႈက ၈၀ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီ ျဖစ္ၿပီး အေရွ႕ျခမ္းျဖစ္သည့္ တညင္းကုန္း- မဂၤလာဒုံ- ပုရြက္ဆိတ္ကုန္း- ပုဇြန္ေတာင္- ရန္ကုန္လမ္းပိုင္းကေတာ့ ၅၀ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း၊အဆိုပါ အပိုင္းအတြက္ အစုန္ အဆန္ ရထားလမ္းႏွစ္ခုကို ပိတ္ၿပီး အဆင့္ျမွင့္တင္မႈေဆာင္ရြက္ခဲ့ရေၾကာင္း၊ အဆင့္ျမႇင့္တင္ၿပီးလို႔ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁၇ ရက္မွာ ျပန္လည္ဖြင့္ လွစ္ေပးခဲ့ေၾကာင္း သိရသည္။
ၿမိဳ႕ပတ္ရထားခမ်ားကိုလည္း ခရီးစဥ္ ၁၅ မိုင္ကို တစ္ဦး က်ပ္ ၁၀၀ နဲ႔ ၁၅ မိုင္အထက္ကို ေငြက်ပ္ ၂၀၀ သတ္မွတ္ထားေၾကာင္းသိရသည္။
ပုရြက္ဆိတ္ကုန္း-ေရကူးဘူတာအၾကား ရထားလမ္း ၂ ဒသမ ၅ မိုင္ကို ၿမိဳ့ပတ္ရထားလမ္း၏ အတြင္းလမ္းကိုပိတ္ၿပီး အဆင့္ျမႇင့္တင္မႈကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁၇ ရက္က စတင္ျပဳလုပ္ေနကာ အေတာ္ေလးၿပီးစီးေနၿပီ ျဖစ္၍ဆက္လက္ၿပီး ၿမိဳ႕ပတ္ရထားလမ္းကို အပိုင္းလိုက္ အဆင့္ျမႇင့္တင္မႈမ်ားေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းသိရသည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အဆင့်မြှင့်တင်မှုကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နေကြောင်း၊ အတွင်းပတ်လမ်း အပြင်ပတ်လမ်းများကို ပိတ်ပြီး ဆောင်ရွက်နေခြင်းကြောင့် ရာခိုင်နှုန်းအတော်လေးပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
မြို့ပတ်ရထားလမ်းပိုင်း အရှေ့ခြမ်းနှင့်အနောက်ခြမ်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်နေပြီး သတ်မှတ်စီမံကိန်းအားလုံးကို ၂၀၂၂-၂၀၂၃ မှာ ပြီးစီးဖို့ မျှော်မှန်းထားကြောင်း၊ အပိုင်းလိုက် အကောင်အထည်ဖော်နေမှုတွင် စီမံကိန်းတစ်ခုလုံး၏ သုံးပုံ နှစ်ပုံပြီးစီးသည့် အခြေအနေကို ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
လက်ရှိ အကောင်အထည်ဖော်မှုတွင် မြို့ပတ်ရထားလမ်း အနောက်ခြမ်းဖြစ်သည့် တညင်းကုန်း-အင်းစိန်-ကြည့်မြင်တိုင်- ရန်ကုန်လမ်း ပိုင်းအဆင့်မြှင့်တင်မှုက ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး အရှေ့ခြမ်းဖြစ်သည့် တညင်းကုန်း- မင်္ဂလာဒုံ- ပုရွက်ဆိတ်ကုန်း- ပုဇွန်တောင်- ရန်ကုန်လမ်းပိုင်းကတော့ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊အဆိုပါ အပိုင်းအတွက် အစုန် အဆန် ရထားလမ်းနှစ်ခုကို ပိတ်ပြီး အဆင့်မြှင့်တင်မှုဆောင်ရွက်ခဲ့ရကြောင်း၊ အဆင့်မြှင့်တင်ပြီးလို့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ ပြန်လည်ဖွင့် လှစ်ပေးခဲ့ကြောင်း သိရသည်။
မြို့ပတ်ရထားခများကိုလည်း ခရီးစဉ် ၁၅ မိုင်ကို တစ်ဦး ကျပ် ၁၀၀ နဲ့ ၁၅ မိုင်အထက်ကို ငွေကျပ် ၂၀၀ သတ်မှတ်ထားကြောင်းသိရသည်။
ပုရွက်ဆိတ်ကုန်း-ရေကူးဘူတာအကြား ရထားလမ်း ၂ ဒသမ ၅ မိုင်ကို မြို့ပတ်ရထားလမ်း၏ အတွင်းလမ်းကိုပိတ်ပြီး အဆင့်မြှင့်တင်မှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စတင်ပြုလုပ်နေကာ အတော်လေးပြီးစီးနေပြီ ဖြစ်၍ဆက်လက်ပြီး မြို့ပတ်ရထားလမ်းကို အပိုင်းလိုက် အဆင့်မြှင့်တင်မှုများဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com