ေ႐ႊေက်ာင္းျပဳျပင္ထိန္းသိမ္းေရးအတြက္ အေမရိကန္သံရံုးမွ ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့မည္ - Property News in Myanmar from iMyanmarHouse.com
1830 Views

ေ႐ႊေက်ာင္းျပဳျပင္ထိန္းသိမ္းေရးအတြက္ အေမရိကန္သံရံုးမွ ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့မည္

### Zawgyi Version ###

မႏၲေလးေ႐ႊနန္းေတာ္ေက်ာင္း ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ားတြင္အသုံးျပဳရန္ အေမရိကန္ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့ကူညီသြားမည္ဟု အေမရိကန္သံ႐ုံး၏ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါေထာက္ပ့ံမွဳသည္ အေမရိကန္အစိုးရမွ ေရႊေက်ာင္းထိန္းသိမ္းျပဳျပင္ေရးအတြက္ ထပ္မံအကူအညီေပးျခင္းျဖစ္ျပီး စုစုေပါင္းအေမရိကန္ေဒၚလာ ၁ ဒသမ ၁ သန္းရွိျပီဟု အဆိုပါသံရံုးထံမွသိရသည္။ ယင္းကူညီမွဳမ်ားကုိ အေမရိကန္နိုင္ငံျခားေရး၀န္ႀကီး၏ ယဥ္ေက်းမွဳအေမြအနွစ္မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးသံအမတ္ႀကီးမ်ားရန္ပံုေငြအစီအစဥ္မွတဆင့္ ေပးအပ္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

အဆိုပါကူညီမွဳသည္ ပ်က္စီးေနသည့္ အစိတ္အပိုင္းမ်ား ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းအျပင္ ေဒသမွလက္မွဳပညာရွင္မ်ား၊ မႏၲေလးတိုင္း အတြင္းရွိ ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ကိုင္သူမ်ားအတြက္ စြမ္းရည္ျမႇင့္သင္တန္းေပးျခင္းတို႕တြင္ အသုံးျပဳရန္ေပးအပ္ျခင္းျဖစ္ေၾကာင္း ယင္းသံရံုးမွသိရသည္။

မႏၲေလးေ႐ႊေက်ာင္း ျပဳျပင္ေရးလုပ္ငန္းမ်ားကို ၂၀၁၄ ခုႏွစ္မွစတင္၍ အေမရိကန္အေျခစိုက္ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံမ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးရန္ပုံေငြအဖြဲ႕ (World Monument Fund) နွင့္ ေဒသခံလက္မႈပညာရွင္မ်ားပူးေပါင္း၍ သုေတသနလုပ္ခဲ့ျခင္းျဖစ္ျပီး ပ်က္စီးယိုယြင္းေနသည့္ ကြၽန္းတိုင္လုံးမ်ားလဲလွယ္ျခင္း၊ ေလွကားျပဳျပင္ျခင္း၊ သစ္သားအႏုလက္ရာမ်ားကိုထိန္းသိမ္းျခင္း၊ အစားထိုးျခင္းမ်ားလုပ္ကုိင္လ်က္ရွိေၾကာင္း အေမရိကန္သံအမတ္ႀကီးမာစီရယ္ထံမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မန္တလေးရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်အသုံးပြုရန် အမေရိကန်ဒေါ်လာ ၃ သိန်း ထပ်မံထောက်ပံ့ကူညီသွားမည်ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထောက်ပံ့မှုသည် အမေရိကန်အစိုးရမှ ရွှေကျောင်းထိန်းသိမ်းပြုပြင်ရေးအတွက် ထပ်မံအကူအညီပေးခြင်းဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိပြီဟု အဆိုပါသံရုံးထံမှသိရသည်။ ယင်းကူညီမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး သံအမတ်ကြီးများရန်ပုံငွေအစီအစဉ်မှတဆင့် ပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါကူညီမှုသည် ပျက်စီးနေ့သည့် အစိတ်အပိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအပြင် ဒေသမှလက်မှုပညာရှင်များ၊ မန္တလေးတိုင်း အတွင်းရှိ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်သူများအတွက် စွမ်းရည်မြှင့်သင်တန်းပေးခြင်းတို့တွင် အသုံးပြုရန်ပေးအပ်ခြင်းဖြစ်ကြောင်း ယင်းသံရုံးမှသိရသည်။

မန္တလေးရွှေကျောင်း ပြုပြင်ရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှစတင်၍ အမေရိကန်အခြေစိုက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (World Monument Fund) နှင့် ဒေသခံလက်မှုပညာရှင်များ ပူးပေါင်း၍ သုတေသနလုပ်ခဲ့ခြင်းဖြစ်ပြီး ပျက်စီးယိုယွင်းနေသည့် ကျွန်းတိုင်လုံးများလဲလှယ်ခြင်း၊ လှေကားပြုပြင်ခြင်း၊ သစ်သားအနုလက်ရာများကို ထိန်းသိမ်းခြင်း၊ အစားထိုးခြင်းများ လုပ်ကိုင်လျက်ရှိကြောင်း အမေရိကန်သံအမတ်ကြီး မာစီရယ်ထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service