မြန်မာရှိ ကိုရီးယားလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ် ရွှေ့မည်ဆိုခြင်းမှာမဟုတ် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာချိန် ဝါဒဖြန့်ခြင်းနှင့်နိုင်ငံရေးအရလည်း ပါဝင်ဟု (DICA) ညွှန်ကြားရေးမှူးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
1144 Views
မြန်မာရှိ ကိုရီးယားလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ် ရွှေ့မည်ဆိုခြင်းမှာမဟုတ် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာချိန် ဝါဒဖြန့်ခြင်းနှင့်နိုင်ငံရေးအရလည်း ပါဝင်ဟု (DICA) ညွှန်ကြားရေးမှူးချုပ်ပြော
### Zawgyi Version ###
နိုဝင်ဘာ ၆ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ယင်းဖော်ပြချက်မှာ လုံးဝမဟုတ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ကပြောထားသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ နေရာမှာလည်း လွယ်ကူချောမွေ့အောင်လုပ်ဆောင်ပေးတယ်။ ဒါကြောင့်မို့လို့ ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆိုပြုချက်တင်ပြထားတာတွေ ရှိပြီးတော့ လာရောက်စုံစမ်းလျက်ရှိတဲ့ လုပ်ငန်းတွေကဆက်ပြီးတိုးတက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်တွေပြန်အပ်နှံတာမျိုး၊ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဆဋ္ဌမမြောက်အကြီးဆုံး ဖြစ်ကြောင်းသိရသည်။
### Unicode Version ###
မြန်မာရှိ ကိုရီးယားလုပ်ငန်းများဘင်္ဂလားဒေ့ရှ် ရွှေ့မည်ဆိုခြင်းမှာမဟုတ် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာချိန် ဝါဒဖြန့်ခြင်းနှင့်နိုင်ငံရေးအရလည်း ပါဝင်ဟု (DICA) ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်ကပြောသည်။
နိုဝင်ဘာ ၅ ရက်က ဘင်္ဂလားဒေ့ရှ် မီဒီယာ bdnews 24.com တွင် တောင်ကိုရီးယားကုမ္ပဏီ လုပ်ငန်းပေါင်း ၁၀၀ ခန့် မြန်မာနိုင်ငံမှ ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်တွင် အခြေချလုပ်ကိုင်ရန် စီစဉ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်အာဏာ ပိုင်အဖွဲ့ BEZA က ပြောကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာ ၆ ရက်က ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ယင်းဖော်ပြချက်မှာ လုံးဝမဟုတ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ကပြောထားသည်။
ယင်းက ပြောထားရာတွင် “ဒီလို ရင်းနှီးမြှုုပ်နှံမှုတွေက လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးတော့မှ စက်မှုဇုန်ဆိုတာ ဖော်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ကော်မရှင်အနေနဲ့လည်း လုပ်ငန်း မစတင်ခင်မှာလည်း လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးတယ်။
ရင်းနှီးမြှုုပ်နှံမှုလုပ်တဲ့ နေရာမှာလည်း လွယ်ကူချောမွေ့အောင်လုပ်ဆောင်ပေးတယ်။ ဒါကြောင့်မို့လို့ ကိုရီးယားရင်းနှီးမြှုုပ်နှံသူတွေအနေနဲ့ အဆိုပြုချက်တင်ပြထားတာတွေ ရှိပြီးတော့ လာရောက်စုံစမ်းလျက်ရှိ တဲ့ လုပ်ငန်းတွေက ဆက်ပြီးတိုးတက်နေပါတယ်။ ရင်းနှီးမြှုုပ်နှံမှု ခွင့်ပြုမိန့်တွေပြန်အပ်နှံတာမျိုး၊ ရင်းနှီးမြှုုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာသည့်အချိန်မျိုးတွင် ယင်းကဲ့သို့ သတင်းမျိုးပေါ်ထွက်လာခြင်းမှာ ဝါဒဖြန့်ခြင်းမျိုး ဖြစ်သည့်အပြင် နိုင်ငံရေးအရလည်းပါဝင်သည်ဟု ယူဆကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုုပ်နှံမှုသည် ဆဋ္ဌမမြောက်အကြီးဆုံး ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Upcoming Property Events
From 06 Sep To 07 Sep
Mingalar Market
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service