သီလဝါကတိုးတက္မႈအရွိဆံုးစီးပြားေရးဇုန္အျဖစ္ရပ္တည္ - Property News in Myanmar from iMyanmarHouse.com
805 Views

သီလဝါကတိုးတက္မႈအရွိဆံုးစီးပြားေရးဇုန္အျဖစ္ရပ္တည္

### Zawgyi Version ###

အထူးစီးပြားေရးဇုန္သုံးခုျဖစ္တဲ့ သီလဝါ၊ ထားဝယ္နဲ႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ေတြထဲမွာ သီလဝါအထူးစီးပြားေရးဇုန္ဟာ တိုးတက္မႈအရွိဆုံးျဖစ္ေနတယ္လို႔ စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေအာင္ထူးကေျပာပါတယ္။

ဒီလိုတိုးတက္မႈရွိလာတာဟာ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံအစိုးရပူးေပါင္းေဆာင္႐ြက္ၿပီး အေျခခံလိုအပ္ခ်က္ေတြကို အေကာင္အထည္ေဖာ္ေနတာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း ပိုမိုဝင္ေရာက္လာတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၃၀ ရက္ေန႔က ထိုင္းႏိုင္ငံနဲ႔ သီလဝါအထူးစီးပြားေရးဇုန္ကို ကြန္တိန္ကားေတြ အျပန္အလွန္သယ္ယူပို႔ေဆာင္ေပးဖို႔ ေဆြးေႏြးေနတာလည္းရွိေနတာေၾကာင့္ သီလဝါအထူးစီးပြားေရးဇုန္ကအနာဂတ္မွာ ပိုမိုတိုးတက္လာမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ထားဝယ္အထူးစီးပြားေရးဇုန္ကေတာ့ လုပ္ကိုင္ေနတာ ဆယ္ႏွစ္ခန႔္ရွိၿပီျဖစ္ေပမယ့္ တိုးတက္မႈမရွိဘူးလို႔ ဦးေအာင္ထူးကေျပာပါတယ္။

ထားဝယ္အထူးစီးပြားေရးဇုန္ကို ယခင္အစိုးရလက္ထက္က အီတာလ်ံထိုင္းကုမၸဏီနဲ႔ေဆာင္႐ြက္ေနတာျဖစ္ၿပီး ဒီကုမၸဏီအေနနဲ႔ ဘ႑ာေရးအေျခအေနဟာခိုင္မာမႈမရွိဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကိုလည္း ယခင္အစိုးရလက္ထက္က သေဘာတူခဲ့တဲ့ အက်ိဳးခံစားခြင့္ ၈၅-၁၅ ကေန ၇၀-၃၀ အျဖစ္ျပန္လည္ညႇိႏႈိင္းခဲ့ၿပီး ပူးေပါင္းသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အထူးစီးပွားရေးဇုန်သုံးခုဖြစ်တဲ့ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေထဲမှာ သီလဝါအထူးစီးပွားရေးဇုန်ဟာ တိုးတက်မှုအရှိဆုံးဖြစ်နေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးကပြောပါတယ်။

ဒီလိုတိုးတက်မှုရှိလာတာဟာ မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်ပြီး အခြေခံလိုအပ်ချက်တွေကို အကောင်အထည်ဖော်နေတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမိုဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ထိုင်းနိုင်ငံနဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို ကွန်တိန်ကားတွေ အပြန်အလှန်သယ်ယူပို့ဆောင်ပေးဖို့ ဆွေးနွေးနေတာလည်းရှိနေတာကြောင့် သီလဝါအထူးစီးပွားရေးဇုန်ကအနာဂတ်မှာ ပိုမိုတိုးတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကတော့ လုပ်ကိုင်နေတာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ပေမယ့် တိုးတက်မှုမရှိဘူးလို့ ဦးအောင်ထူးကပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ယခင်အစိုးရလက်ထက်က အီတာလျံထိုင်းကုမ္ပဏီနဲ့ဆောင်ရွက်နေတာဖြစ်ပြီး ဒီကုမ္ပဏီအနေနဲ့ ဘဏ္ဍာရေးအခြေအနေဟာ ခိုင်မာမှုမရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုလည်း ယခင်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ အကျိုးခံစားခွင့် ၈၅-၁၅ ကနေ ၇၀-၃၀ အဖြစ်ပြန်လည်ညှိနှိုင်းခဲ့ပြီး ပူးပေါင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service