ရန္ကုန္ၿမိဳ႕တြင္တန္ဖိုးနည္းအိမ္ရာမ်ားကို နိုင္ငံျခားရင္းႏွီးျမႇုဳပ္ႏွံမႈျဖင့္ ဖိတ္ေခၚေဆာင္ရြက္ကာ နိုင္ငံ့ ဝန္ထမ္းအၿငိမ္းစားမ်ားကို ေရာင္းခ်ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
4331 Views

ရန္ကုန္ၿမိဳ႕တြင္တန္ဖိုးနည္းအိမ္ရာမ်ားကို နိုင္ငံျခားရင္းႏွီးျမႇုဳပ္ႏွံမႈျဖင့္ ဖိတ္ေခၚေဆာင္ရြက္ကာ နိုင္ငံ့ ဝန္ထမ္းအၿငိမ္းစားမ်ားကို ေရာင္းခ်ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိ

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ တြင္ တန္ဖိုးနည္းအိမ္ရာမ်ားကို နိုင္ငံျခားရင္းႏွီးျမႇုဳပ္ႏွံမႈျဖင့္ ဖိတ္ေခၚေဆာင္ရြက္ကာ နိုင္ငံ့ ဝန္ထမ္းအၿငိမ္းစားမ်ားကို ေရာင္းခ်ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကေျပာသည္။

နိုဝင္ဘာ ၄ ရက္က ေနျပည္ေတာ္တြင္ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပထမေန႔ကိုက်င္းပရာ မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၂) မွ ေဒၚသီရိရတနာ ၏ နိုင္ငံ့ဝန္ထမ္းမ်ားအၿငိမ္းစားယူသည့္အခါ ဘ၀ေနထိုင္ေရးအဆင္ေျပေစရန္ ဝန္ထမ္းအိမ္ရာမ်ား ေဆာက္လုပ္ရန္အတြက္ ဝန္ထမ္းမ်ားအား စစ္တမ္းေကာက္ယူထားမႈအေၿခအေန၊ အေကာင္အထည္ေဖာ္ၿပီးစီးမႈရာခိုင္ႏႈန္းႏွင့္ မည္သည့္ကာလတြင္ ဝန္ထမ္းမ်ားလက္ဝယ္သို႔ ေပးအပ္နိုင္မည္ကို သိရွိလိုျခင္းေမးခြန္းႏွင့္စပ္လ်ဥ္း၍ ဒုတိယ ဝန္ႀကီးက အထက္ပါအတိုင္ေျဖၾကားထားျခင္းျဖစ္သည္။

ဝန္ႀကီးက ေျပာရာတြင္ စစ္တမ္းေကာက္ယူမႈအရ တစ္ႏွစ္လၽွင္အၿငိမ္းစားယူမည့္ နိုင္ငံ့ဝန္ထမ္းဦးေရ ၂၀၀၀၀ ေက်ာ္ရွိၿပီး ယင္းတို႔အနက္ သုံးပုံႏွစ္ပုံခန႔္သည္ အိမ္ခန္းဝယ္ယူလိုသည္ဟု တင္ျပလာပါေၾကာင္း၊ ထို႔ေၾကာင့္ အိမ္ရာလိုအပ္ခ်က္ေပါင္း တစ္ႏွစ္လၽွင္ ၁၃၀၀၀ ယူနစ္ခန႔္ ေဆာက္လုပ္ေပးရန္လိုအပ္လာျခင္းျဖစ္ပါေၾကာင္း၊ အမ်ားစုမွာ အိမ္ရာေခ်းေငြႏွင့္ ဝယ္ယူလိုျခင္းျဖစ္ၿပီး အၿငိမ္းစားယူခ်ိန္တြင္ အေျခခ်ေနထိုင္လိုသည့္ ၿမိဳ႕မ်ားကိုတစ္ႏွစ္အတြင္း အၿငိမ္းစားယူမည့္သူမ်ားအေပၚ စစ္တမ္းေကာက္ယူခ်က္အရ ရန္ကုန္ၿမိဳ႕တြင္ ၁၀၈၁၉ ဦး၊ မႏၲေလးၿမိဳ႕တြင္ ၃၆၆၃ ဦး၊ ေနျပည္ေတာ္တြင္ ၁၁၂၅ ဦးႏွင့္ အျခားၿမိဳ႕မ်ားသို႔လည္း အသီးသီးအဆိုျပဳထားသည္ကို ေတြရေၾကာင္းေျပာ သည္။

နိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားအတြက္ တန္ဖိုးသင့္တင့္သည့္ အေရာင္းအိမ္ရာမ်ား ဝယ္ယူခြင့္ျပဳနိုင္ရန္ လိုအပ္သကဲ့သို႔ ဝယ္ယူရန္အခက္အခဲရွိသည့္ အၿငိမ္းစားမ်ားအတြက္လည္း အငွားအိမ္ရာမ်ား စီစဥ္ေပးရန္လိုအပ္ေၾကာင္းကိုလည္း စစ္တမ္းတြင္ေတြ႕ရွိရပါေၾကာင္း၊အိမ္ ရာလိုအပ္ခ်က္အမ်ားဆုံးျဖစ္သည့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ျပည္ေထာင္စုရန္ပုံေငြ (၁၅)ဘီလီယံျဖင့္ အငွားအိမ္ရာအခန္းေပါင္း (၈၁၂) ခန္းတည္ေဆာက္ေပးခဲ့ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ေနျပည္ေတာ္၌ အခန္းေပါင္း (၁၂၀) ထပ္မံတည္ေဆာက္ေပးသြားမည္ျဖစ္ပါေၾကာင္း၊ အျခားတိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႔ အသီးသီးတြင္လည္း နိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာစီမံကိန္းမ်ားကိုတိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႔ ရန္ပုံေငြျဖင့္ ေဆာက္လုပ္ျဖည့္ဆည္းေပးလ်က္ရွိၿပီး အိမ္ခန္းမ်ားခ်ထားေရးကို တာဝန္ယူေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္းေျပာသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ့ၿဖိဳး ေရးဦးစီးဌာနမွ နိုင္ငံ့ဝန္ထမ္းမ်ားအပါအဝင္ ဝင္ေငြနည္း ျပည္သူမ်ားအတြက္ ဝယ္ယူနိုင္စြမ္းရွိေစမည့္ အေရာင္းအိမ္ရာမ်ားကို ၂၀၁၇ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ အျခားၿမိဳ႕ၾကီးမ်ားတြင္ စုစုေပါင္းအိမ္ခန္း (၈၄၁၆) ခန္းတည္ေဆာက္ေရာင္းခ်ေပးလ်က္ရွိၿပီး အတိုးႏႈန္းသက္သာသည့္ ႏွစ္ရွည္အိမ္ရာ ေခ်းေငြစနစ္ျဖင့္ ခ်ိတ္ဆက္ဝယ္ယူနိုင္ရန္စီစဥ္ေပးလ်က္ရွိပါေၾကာင္း၊ ေဆာက္လုပ္ၿပီးတန္ဖိုးနည္း၊တန္ဖိုးသင့္အိမ္ခန္းမ်ားကို နိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအၾကား အခ်ိဳးက်ခြဲေဝေရာင္းခ်ေပးလ်က္ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႔အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ တန္ဖိုးနည္းအိမ္ရာမ်ားကို နိုင္ငံျခားရင္းႏွီးျမႇုဳပ္ႏွံမႈျဖင့္ ဖိတ္ေခၚေဆာင္ရြက္ကာ နိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားကို ေရာင္းခ်ရန္စီစဥ္ေဆာင္ရြက္ လ်က္ရွိပါ ေၾကာင္း ေျဖၾကားသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော်တွင် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ကျင်းပရာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) မှ ဒေါ်သီရိရတနာ ၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေးအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှုအခြေအနေ၊ အကောင်အထည်ဖော်ပြီးစီးမှုရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင် ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်ဖြေကြားထားခြင်းဖြစ်သည်။

ဝန်ကြီးက ပြောရာတွင် စစ်တမ်းကောက်ယူမှုအရ တစ်နှစ်လျှင်အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် အိမ်ခန်းဝယ်ယူလိုသည်ဟု တင်ပြလာပါကြောင်း၊ ထို့ကြောင့် အိမ်ရာလိုအပ်ချက်ပေါင်း တစ်နှစ်လျှင် ၁၃၀၀၀ ယူနစ်ခန့် ဆောက်လုပ်ပေးရန်လိုအပ်လာခြင်းဖြစ်ပါကြောင်း၊ အများစုမှာ အိမ်ရာချေးငွေနှင့် ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်တွင် အခြေချနေထိုင်လိုသည့် မြို့များကို တစ်နှစ်အတွင်း အငြိမ်းစားယူမည့်သူများအပေါ် စစ်တမ်းကောက်ယူချက်အရ ရန်ကုန်မြို့တွင် ၁၀၈၁၉ ဦး၊ မန္တလေးမြို့တွင် ၃၆၆၃ ဦး၊ နေပြည်တော်တွင် ၁၁၂၅ ဦးနှင့် အခြားမြို့များသို့လည်း အသီးသီးအဆိုပြုထားသည်ကို တွေရကြောင်းပြော သည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် တန်ဖိုးသင့်တင့်သည့် အရောင်းအိမ်ရာများ ဝယ်ယူခွင့်ပြုနိုင်ရန် လိုအပ်သကဲ့ သို့ ဝယ်ယူရန်အခက် အခဲရှိသည့် အငြိမ်းစားများအတွက်လည်း အငှားအိမ်ရာများ စီစဉ်ပေးရန် လိုအပ်ကြောင်းကို လည်း စစ်တမ်းတွင်တွေ့ရှိရပါကြောင်း၊အိမ် ရာလိုအပ်ချက်အများဆုံးဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၅)ဘီလီယံဖြင့် အငှားအိမ်ရာအခန်းပေါင်း (၈၁၂) ခန်းတည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း (၁၂၀) ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ အသီးသီးတွင်လည်း နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများကိုတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူဆောင်ရွက်ပေးလျက် ရှိကြောင်းပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း (၈၄၁၆) ခန်းတည်ဆောက်ရောင်းချပေးလျက်ရှိပြီး အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ချိတ် ဆက် ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ ဆောက်လုပ်ပြီးတန်ဖိုးနည်း၊တန်ဖိုးသင့် အိမ်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက် လျက်ရှိပါ ကြောင်း ဖြေကြားသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service