ေငြက်ပ္ ၃၃ ဘီလီယံ ရန္ကုန္တိုင္းရွိ သိမ္းဆည္းခံေျမမ်ားအတြက္ေပးေလ်ာ္မည္ - Property News in Myanmar from iMyanmarHouse.com
972 Views

ေငြက်ပ္ ၃၃ ဘီလီယံ ရန္ကုန္တိုင္းရွိ သိမ္းဆည္းခံေျမမ်ားအတြက္ေပးေလ်ာ္မည္

### Zawgyi Version ###

ေငြက်ပ္ ၃၃ ဘီလီယံကို ရန္ကုန္တိုင္း ရွိယခင္အစိုးရလက္ထက္က သိမ္းဆည္းခံေျမမ်ားအတြက္ေပး ေလ်ာ္မည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးလယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ေကာ္မတီမွ သိရသည္။

ေျမယာေလ်ာ္ေၾကးေပးအပ္ရာတြင္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္ သိမ္းဆည္းခံေျမပိုင္ရွင္မ်ားအား ၁ ဧက က်ပ္သိန္း ၁ဝဝ ႏႈန္းျဖင့္ ေပးေလ်ာ္မည္ျဖစ္ေၾကာင္း သိရသည္။

ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ တို႔မွ သိမ္းဆည္းေျမအမႈတြဲ ၄၄ မႈ၊ ေတာင္သူ ၄၉ ဦး၊ ေျမဧက ၆ဝဝ ေက်ာ္အတြက္ ေလ်ာ္ေၾကး ၆ ဘီလီယံေက်ာ္ကို ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္းကလည္း ေပးအပ္ခဲ့ၿပီးျဖစ္သည္။

လက္ရွိရန္ကုန္တိုင္းအစိုးရ စတင္တာဝန္ယူသည့္အခ်ိန္တြင္လက္က်န္အမႈ တြဲ (၂၂ဝ၉ မႈ)၊ ယခုလယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီလက္ထက္တြင္ တိုင္ၾကားစာအမႈတြဲ (၂၂၃ဝ မႈ)ႏွင့္ တိုင္းေဒသႀကီးအတြင္း တိုင္ၾကားစာ(၃၅၉၄ မႈ)စသည္ျဖင့္ အမႈတြဲေပါင္း ၈ဝ၃၃ မႈကို စိစစ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေလ်ာ္ေၾကးက်ပ္ ၃ဝဝ ဘီလီယံကို သိမ္းဆည္းခဲ့သည့္ေျမမ်ားအတြက္ ျပန္ေပးရန္ တိုင္းေဒသႀကီး အစိုးရက စိစစ္ဆုံးျဖတ္ထားျခင္းျဖစ္ၿပီး လာမည့္ဧၿပီလတြင္ က်ပ္ ၂ဝဝ ဘီလီယံခန႔္ေလ်ာ္ေပးနိုင္ေရးျပင္ဆင္သြားမည္ဟု သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ငွေကျပ် ၃၃ ဘီလီယံကို ရန်ကုန်တိုင်းရှိ ယခင်အစိုးရလက်ထက်က သိမ်းဆည်းခံမြေများအတွက်ပေး လျော်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ သိရသည်။

မြေယာလျော်ကြေးပေးအပ်ရာတွင် ဒဂုံမြို့သစ်လေးမြို့နယ် သိမ်းဆည်းခံမြေပိုင်ရှင်များအား ၁ ဧက ကျပ်သိန်း ၁ဝဝ နှုန်းဖြင့် ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်လေးမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ် တို့မှ သိမ်းဆည်းမြေအမှုတွဲ ၄၄ မှု၊ တောင်သူ ၄၉ ဦး၊ မြေဧက ၆ဝဝ ကျော်အတွက် လျော်ကြေး ၆ ဘီလီယံကျော်ကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ပေးအပ်ခဲ့ပြီးဖြစ်သည်။

လက်ရှိရန်ကုန်တိုင်းအစိုးရ စတင်တာဝန်ယူသည့်အချိန်တွင်လက်ကျန်အမှု တွဲ (၂၂ဝ၉ မှု)၊ ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလက်ထက်တွင် တိုင်ကြားစာအမှုတွဲ (၂၂၃ဝ မှု)နှင့် တိုင်းဒေသကြီးအတွင်း တိုင်ကြားစာ(၃၅၉၄ မှု)စသည်ဖြင့် အမှုတွဲပေါင်း ၈ဝ၃၃ မှုကို စိစစ်ထားပြီးဖြစ်ကြောင်း သိရသည်။

လျော်ကြေးကျပ် ၃ဝဝ ဘီလီယံကို သိမ်းဆည်းခဲ့သည့်မြေများအတွက် ပြန်ပေးရန် တိုင်းဒေသကြီး အစိုးရက စိစစ်ဆုံးဖြတ်ထားခြင်းဖြစ်ပြီး လာမည့်ဧပြီလတွင် ကျပ် ၂ဝဝ ဘီလီယံခန့်လျော်ပေးနိုင်ရေးပြင်ဆင်သွားမည်ဟု သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service