YBS ကားမ်ား ကတ္စနစ္အသုံးျပဳႏိုင္ရန္ ကတ္စနစ္စက္မ်ား ပထမအသုတ္တပ္ဆင္မည္ - Property News in Myanmar from iMyanmarHouse.com
1194 Views

YBS ကားမ်ား ကတ္စနစ္အသုံးျပဳႏိုင္ရန္ ကတ္စနစ္စက္မ်ား ပထမအသုတ္တပ္ဆင္မည္

### Zawgyi Version ###

YBS ကားမ်ား ကတ္စနစ္အသုံးျပဳႏိုင္ရန္ ကတ္စနစ္စက္မ်ား ပထမအသုတ္တပ္ဆင္မည္ျဖစ္ေၾကာင္း သိရသည္။

ပထမအသုတ္တြင္ ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္သက္ဆိုင္သာ ကုမၸဏီလီမိတက္(YUPT)မွ ယာဥ္အစီးေရ ၅၀၀ ၊ရန္ကုန္ဘတ္စ္ကားအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီ လီမိတက္ (YBPC) မွ ယာဥ္အစီးေရ ၅၀၀ ၊ဗႏၶဳလသယ္ယူပို႔ေဆာင္ေရး ကုမၸဏီမွ ယာဥ္အစီးေရ ၃၁၄ စီးႏွင့္ ေရႊေတာင္ပိုင္ ကုမၸဏီမွ ယာဥ္အစီးေရ ၈၈ စီးတို႔အား တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဒုတိယအသုတ္အေနႏွင့္ Fonton ကားအစီးေရ ၁၀၀၀ႏွင့္ Scania ကား ၃၉ စီးကို ပထမအသုတ္ၿပီးလွ်င္ ဆက္လက္တပ္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကားတစ္စီးတြင္ စက္ႏွစ္လုံးပါဝင္မည္ျဖစ္ၿပီး ၂၀၂၀ ဇန္နဝါရီ ၁၆ ရက္မတိုင္ခင္ ႏွစ္သုတ္ေပါင္း ၂၅၃၉ စီးတပ္ဆင္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္စက္တပ္ဆင္ေရးႏွင့္ ေလ့က်င့္သင္ၾကားေရးကိုသာေဆာင္ရြက္ႏိုင္ေသးၿပီး ကတ္စနစ္တပ္ဆင္ၿပီး ကားခေပးေခ်မႈပုံစံကို ပုံေသႏွင့္ခရီးအကြာအေဝးေပၚမူတည္ၿပီး ေဈးႏႈန္းႏွစ္မ်ိဳးမွ မည္သည့္ႏႈန္းထား ႏွင့္ေဆာင္ရြက္မည္ကို ေဆြးေႏြးဆဲျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းတြင္ ကုမၸဏီ ၂၁ ခုမွ လိုင္းေပါင္း ၁၀၀ ေက်ာ္ကို ယာဥ္ အစီးေရ ၄၀၀၀ ေက်ာ္ျဖင့္ေန႔စဥ္ ခရီးသြားျပည္သူႏွစ္သန္းေက်ာ္ပို႔ေဆာင္ ေျပးဆြဲေပးေနေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

YBS ကားများ ကတ်စနစ်အသုံးပြုနိုင်ရန် ကတ်စနစ်စက်များ ပထမအသုတ်တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

ပထမအသုတ်တွင် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သာ ကုမ္ပဏီလီမိတက်(YUPT)မှ ယာဉ်အစီးရေ ၅၀၀ ၊ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် (YBPC) မှ ယာဉ်အစီးရေ ၅၀၀ ၊ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ယာဉ်အစီးရေ ၃၁၄ စီးနှင့် ရွှေတောင်ပိုင် ကုမ္ပဏီမှ ယာဉ်အစီးရေ ၈၈ စီးတို့အား တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအသုတ်အနေနှင့် Fonton ကားအစီးရေ ၁၀၀၀နှင့် Scania ကား ၃၉ စီးကို ပထမအသုတ်ပြီးလျှင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကားတစ်စီးတွင် စက်နှစ်လုံးပါဝင်မည်ဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီ ၁၆ ရက်မတိုင်ခင် နှစ်သုတ်ပေါင်း ၂၅၃၉ စီးတပ်ဆင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်စက်တပ်ဆင်ရေးနှင့် လေ့ကျင့်သင်ကြားရေးကိုသာဆောင်ရွက်နိုင်သေးပြီး ကတ်စနစ်တပ်ဆင်ပြီး ကားခပေးချေမှုပုံစံကို ပုံသေနှင့်ခရီးအကွာအဝေးပေါ်မူတည်ပြီး ဈေးနှုန်းနှစ်မျိုးမှ မည်သည့်နှုန်းထား နှင့်ဆောင်ရွက်မည်ကို ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ကုမ္ပဏီ ၂၁ ခုမှ လိုင်းပေါင်း ၁၀၀ ကျော်ကို ယာဉ် အစီးရေ ၄၀၀၀ ကျော်ဖြင့်နေ့စဉ် ခရီးသွားပြည်သူနှစ်သန်းကျော်ပို့ဆောင် ပြေးဆွဲပေးနေကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service