WESTIN အမွတ္တံဆိပ္ကို Yoma Central စီမံကိန္းတြင္ ပါဝင္တည္ေဆာက္သြားမည္ - Property News in Myanmar from iMyanmarHouse.com
1026 Views

WESTIN အမွတ္တံဆိပ္ကို Yoma Central စီမံကိန္းတြင္ ပါဝင္တည္ေဆာက္သြားမည္

### Zawgyi Version ###

WESTIN အမွတ္တံဆိပ္ကို Yoma Central စီမံကိန္းတြင္ ပါဝင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

WESTIN သည္ နိုင္ငံေပါင္း ၄၀ နီးပါးတြင္ ဟိုတယ္ေပါင္း ၂၂၀ ေက်ာ္ တည္ေဆာက္ထားၿပီး ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ အထပ္ေပါင္း ၂၆ ထပ္ ပါဝင္မည့္ အဆိုပါဟိုတယ္ကို ျမန္မာနိုင္ငံ၏ထိပ္တန္းအိမ္ၿခံေျမ တည္ေဆာက္ေရးလုပ္ငန္းျဖစ္သည့္ေသာ Yoma Land ႏွင့္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးၿပီး ၂၀၂၁ ႏွစ္ကုန္ ပိုင္းတြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းသိရသည္။ WESTIN က ဝန္ေဆာင္မႈမ်ားေပးရာတြင္ ခရီးသြားေနစဥ္အခ်ိန္အတြင္း ဧည့္သည္မ်ားအေနျဖင့္ ေကာင္းမြန္စြာအိပ္စက္နိုင္ျခင္း၊ စားေသာက္နိုင္ျခင္း၊ ေကာင္းမြန္စြာလႈပ္ရွားသြားလာနိုင္ျခင္း၊ေကာင္းမြန္ေသာ ခံစားမႈရရွိျခင္း၊ ေကာင္းမြန္စြာအလုပ္လုပ္နိုင္ျခင္းႏွင့္ ေကာင္းမြန္စြာ ေဆာ့ကစားနိုင္ျခင္းအစရွိသည့္အခ်က္မ်ား အေပၚအေျခခံ၍ ဝန္ေဆာင္မႈမ်ားေပးလ်က္ရွိသည္။

ရန္ကုန္ၿမိဳ႕၏ သက္တမ္းအရင့္ဆုံး ကိုလိုနီေခတ္ အထင္ကရ အေဆာက္အအုံတစ္ခုျဖစ္သည့္ ယခင္ မီးရထား႐ုံးခ်ဳပ္ အေဆာက္အအုံေဟာင္းကို Yoma Central စီမံကိန္းက ျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ေနျခင္းျဖစ္ၿပီး Westin Yangon ဟိုတယ္သည္ ယင္းစီမံကိန္း၏ တစ္စိတ္တစ္ေဒသအျဖစ္ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

အသစ္ေဆာက္လုပ္မည့္ Westin Yangon တြင္ ဟိုတယ္ခန္းႏွင့္ Suites အခန္းေပါင္း ၂၈၁ ခန္းႏွင့္ ဝန္ေဆာင္မႈအျပည့္ပါ ငွားရမ္းနိုင္ေသာ လူေနအိမ္ေပါင္း ၉၀ ပါရွိမည္ျဖစ္ေၾကာင္း၊စီမံကိန္းရာႏႈန္းျပည့္ၿပီးစီးပါက အဆင့္ျမင့္ဇိမ္ခံလူေနအိမ္ခန္းမ်ား၊ Grade A အဆင့္ရွိ ႐ုံးခန္းတာဝါႏွစ္ခု ႏွင့္ေဈးဝယ္စင္တာတို႔ကို ခ်ိတ္ဆက္ ေဆာင္ရြက္ထားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ စီမံကိန္းကို နာမည္ေက်ာ္ ဗိသုကာပညာရွင္ Cecil Balmond OBE မွ ဒီဇိုင္းေရးဆြဲေပးထားၿပီး Yoma Strategic က ၄၈ ရာခိုင္ႏႈန္း၊First Myanmar Investment Public Company Limited က ၁၂ ရာခိုင္ ႏႈန္း Mitsubishi ကုမၸဏီက ၃၀ ရာခိုင္ႏႈန္း၊International Finance Corporation က ၅ ရာခိုင္ႏႈန္းႏွင့္ Asian Development Bank က ၅ ရာခိုင္ႏႈန္းစီ ရွယ္ယာပါဝင္ထားၾကေၾကာင္းသိရသည္။ 

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

WESTIN အမှတ်တံဆိပ်ကို Yoma Central စီမံကိန်းတွင် ပါဝင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

WESTIN သည် နိုင်ငံပေါင်း ၄၀ နီးပါးတွင် ဟိုတယ်ပေါင်း ၂၂၀ ကျော် တည်ဆောက်ထားပြီး ဖြစ်ပြီး မြန်မာနိုင်ငံတွင် အထပ်ပေါင်း ၂၆ ထပ် ပါဝင်မည့် အဆိုပါဟိုတယ်ကို မြန်မာနိုင်ငံ၏ထိပ်တန်းအိမ်ခြံမြေ တည် ဆောက် ရေးလုပ်ငန်းဖြစ်သည့့်သောYoma Land နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီး ၂၀၂၁ နှစ်ကုန် ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ WESTIN က ဝန်ဆောင်မှုများပေးရာတွင် ခရီးသွားနေစဉ်အချိန်အတွင်း ဧည့်သည်များအနေဖြင့် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း၊ စားသောက်နိုင် ခြင်း၊ ကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်ခြင်း၊ကောင်းမွန်သော ခံစားမှုရရှိခြင်း၊ ကောင်းမွန်စွာအလုပ်လုပ်နိုင် ခြင်းနှင့် ကောင်းမွန်စွာ ဆော့ကစားနိုင်ခြင်းအစရှိသည့်အချက်များ အပေါ်အခြေခံ၍ ဝန်ဆောင်မှုများပေးလျက်ရှိသည်။

ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ကိုလိုနီခေတ် အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည့် ယခင် မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို Yoma Central စီမံကိန်းက ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက် နေခြင်းဖြစ်ပြီး Westin Yangon ဟိုတယ်သည် ယင်းစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

အသစ်ဆောက်လုပ်မည့် Westin Yangon တွင် ဟိုတယ်ခန်းနှင့် Suites အခန်းပေါင်း ၂၈၁ ခန်းနှင့် ဝန်ဆောင်မှုအပြည့်ပါ ငှားရမ်းနိုင်သော လူနေအိမ်ပေါင်း ၉၀ ပါရှိမည်ဖြစ်ကြောင်း၊စီမံကိန်းရာနှုန်းပြည့်ပြီးစီးပါက အဆင့်မြင့် ဇိမ်ခံလူနေအိမ်ခန်းများ၊ Grade A အဆင့်ရှိ ရုံးခန်းတာဝါနှစ်ခု နှင့်ဈေးဝယ်စင်တာတို့ကို ချိတ်ဆက် ဆောင်ရွက်ထားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းကို နာမည်ကျော် ဗိသုကာပညာရှင် Cecil Balmond OBE မှ ဒီဇိုင်းရေးဆွဲပေးထားပြီး Yoma Strategic က ၄၈ ရာခိုင်နှုန်း၊First Myanmar Investment Public Company Limited က ၁၂ ရာခိုင် နှုန်း Mitsubishi ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊International Finance Corporation က ၅ ရာခိုင်နှုန်းနှင့် Asian Development Bank က ၅ ရာခိုင်နှုန်းစီ ရှယ်ယာ ပါဝင်ထားကြကြောင်းသိရသည်။ 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service