MAB မွ အေသးစားေငြေၾကးလုပ္ငန္း ငါးခုကုိ ေခ်းေငြ က်ပ္ ၅၇ ဘီလီယံထုတ္ေခ်း - Property News in Myanmar from iMyanmarHouse.com
1472 Views

MAB မွ အေသးစားေငြေၾကးလုပ္ငန္း ငါးခုကုိ ေခ်းေငြ က်ပ္ ၅၇ ဘီလီယံထုတ္ေခ်း

### Zawgyi Version ###

ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB) မွ အေသးစားေငြေၾကးလုပ္ငန္းငါးခုကုိ ဘ႑ာေရးအေထာက္အပံ့အေနျဖင့္ ေခ်းေငြ က်ပ္ ၅၇ ဘီလီယံ ထုတ္ေခ်းေပးခဲ့ေၾကာင္း MAB ဘဏ္မွသိရသည္။

အဆိုပါဘဏ္မွ အေသးစားေငြေၾကးလုပ္ငန္းမ်ားျဖစ္သည့္ Fullerton Finance (Myanmar) Company Limited၊ Proximity Finance Microfinance Company Limited၊ Vision Fund Myanmar Company Limited၊ Early Dawn Microfinance Company Limited၊ Pact Global Microfinance Fund ႏွင့္ ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (MAB) တို႕ပူးေပါင္းၿပီး အေသးစား ေငြေၾကးလုပ္ငန္းမ်ားကို ဘ႑ာေရးဆိုင္ရာ ေထာက္ပံ့နိုင္ရန္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

" Microfinace ကုမၸဏီေတြက ျမန္မာနိုင္ငံမွာရွိတဲ့ အေသးစားလုပ္ငန္းမ်ားကို အေရးႀကီးတဲ့ အခန္းက႑တစ္ရပ္ကေန ကူညီနိုင္တာကိုေတြ႕ရပါတယ္။ အေသးစားလုပ္ငန္းမ်ားကလည္းအလုပ္အကိုင္အခြင့္လမ္းဖန္တီးေပးနိုင္တဲ့ အေရးႀကီးတဲ့က႑တစ္ရပ္ကပါရွိေနပါတယ္။ ဒါေၾကာင့္ Microfinance ကုမၸဏီေတြကို ေခ်းေငြထုတ္ေခ်းျခင္းျဖင့္ အေသးစားလုပ္ငန္းမ်ားကို တစ္ဖက္တစ္လမ္းမွကူညီေထာက္ပံ့ေပးနိုင္တဲ့ ဘဏ္တစ္ခုျဖစ္ေဆာင္ရြက္ခဲ့တာပါ " ဟု ျမန္မာ့ေရွ႕ေဆာင္ဘဏ္၏ Chief Business Officer ျဖစ္သူ ဦးေက်ာ္နီခင္မွေျပာၾကားသည္။

ျမန္မာ့ေရွ့ေဆာင္ဘဏ္အေနျဖင့္ အဆိုပါေငြေၾကးလုပ္ငန္းမ်ားကို ဘဏ္အတိုးနွဳန္း ၁၃ ရာခိုင္နွဳန္းျဖင့္ထုတ္ေခ်းျခင္းျဖစ္ျပီး ယင္းလုပ္ငန္းမ်ားမွ ၂၈ ရာခိုင္နွဳန္းျဖင့္ ေငြေခ်းမည့္ျပည္သူမ်ားကုိ ျပန္လည္ေခ်းသြားမည္ျဖစ္ေၾကာင္း အဆိုပါဘဏ္မွသိရသည္။

အဆိုပါဘဏ္သည္ အေသးစားေငြေၾကးလုပ္ငန္းမ်ားကုိ ဘဏ္၏ကိုယ္ပုိင္ေငြမ်ားျဖင့္ ထုတ္ေခ်းျခင္းျဖစ္ျပီးလုပ္ငန္းတစ္ခုလွ်င္က်ပ္ ၁၂ ဘီလီယံမွ က်ပ္ ၁၈ ဘီလီယံ၀န္းက်င္အထိ ထုတ္ေခ်းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ အသေးစားငွေကြေးလုပ်ငန်းငါးခုကို ဘဏ္ဍာရေးအထောက်အပံ့အနေဖြင့် ချေးငွေ ကျပ် ၅၇ ဘီလီယံ ထုတ်ချေးပေးခဲ့ကြောင်း MAB ဘဏ်မှသိရသည်။

အဆိုပါဘဏ်မှ အသေးစားငွေကြေးလုပ်ငန်းများဖြစ်သည့် Fullerton Finance (Myanmar) Company Limited၊ Proximity Finance Microfinance Company Limited၊ Vision Fund Myanmar Company Limited၊ Early Dawn Microfinance Company Limited၊ Pact Global Microfinance Fund နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တို့ပူးပေါင်းပြီး အသေးစား ငွေကြေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

"Microfinace ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားလုပ်ငန်းများကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ကူညီနိုင်တာကိုတွေ့ရပါတယ်။ အသေးစားလုပ်ငန်းများကလည်း အလုပ်အကိုင်အခွင့်လမ်းဖန်တီးပေးနိုင်တဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ကပါရှိနေပါတယ်။ ဒါကြောင့် Microfinance ကုမ္ပဏီတွေကို ချေးငွေထုတ်ချေးခြင်းဖြင့် အသေးစားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှကူညီထောက်ပံ့ပေးနိုင်တဲ့ ဘဏ်တစ်ခုဖြစ်ဆောင်ရွက်ခဲ့တာပါ " ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးကျော်နီခင်မှပြောကြားသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် အဆိုပါငွေကြေးလုပ်ငန်းများကို ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့်ထုတ်ချေးခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများမှ ၂၈ ရာခိုင်နှုန်းဖြင့် ငွေချေးမည့်ပြည်သူများကို ပြန်လည်ချေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှသိရသည်။

အဆိုပါဘဏ်သည် အသေးစားငွေကြေးလုပ်ငန်းများကို ဘဏ်၏ကိုယ်ပိုင်ငွေများဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး လုပ်ငန်းတစ်ခုလျှင်ကျပ် ၁၂ ဘီလီယံမှ ကျပ် ၁၈ ဘီလီယံဝန်းကျင်အထိ ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service