Yangon- Amata Smart and Eco City ပရောဂျက် စတင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1936 Views

Yangon- Amata Smart and Eco City ပရောဂျက် စတင်ခွင့်ပြု

### Zawgyi Version ###











 

### Unicode Version ###

ရန်ကုန်မှာ ထိုင်းနိုင်ငံ Amata ကုမ္ပဏီက အကောင်အထည်ဖော်မယ့် Yangon- Amata Smart and Eco City ပရောဂျက်ကို ခွင့်ပြုပေးလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

ဒီပရောဂျက်ကို ရန်ကုန်မြောက်ပိုင်းခရိုင်ထဲမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၉၀ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ခွင့်ပြုမိန့်ပေးနိုင်ဖို့ တာဝန်ယူမှုရှိတဲ့လုပ်ငန်း ဖြစ်မဖြစ်၊ ရေဆိုးရေညစ်စွန့်ထုတ်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိအပြင်အခြေခံလိုအပ်ချက်တွေ အားလုံးကို စိစစ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေကြတာဖြစ်ပြီး Amata ဟာလည်း ဒီထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Amata ကုမ္ပဏီဟာ စက်မှုလုပ်ငန်း၊ ယာဉ်လုပ်ငန်းနဲ့ Vocational Training ပေးတဲ့လုပ်ငန်းတွေ လုပ်ကိုင်ပြီး ယခု အကောင်အထည်ဖော်မယ့် ပရောဂျက်ထဲမှာလည်း Vocational Training Center တွေကိုပါထည့်သွင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အားနည်းနေတဲ့ Skill Labour ကဏ္ဍမှာ တိုးတက်မှုတွေရှိလာမယ်လို့ ယုံကြည်ကြောင်း ဦးသန့်စင်လွင်ကပြောပါတယ်။

ဒါ့အပြင် ယခုနောက်ပိုင်းကာလတွေမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့လုပ်ငန်းတွေကို ခွင့်ပြုပေးရာမှာ နိုင်ငံတကာစံနှုန်းတွေအတိုင်း အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ကို မျှော်မှန်းထားပြီးမြန်မာနိုင်ငံရဲ့ စီးပွားရေးကိုတိုးတက်အောင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service