နယ္စပ္ျဖတ္ေက်ာ္ေငြေပးေခ်မွဳ ျမန္မာက်ပ္ေငြနွင့္ထိုင္းဘတ္ေငြ သံုးစြဲမႈစတင္မည္ - Property News in Myanmar from iMyanmarHouse.com
974 Views

နယ္စပ္ျဖတ္ေက်ာ္ေငြေပးေခ်မွဳ ျမန္မာက်ပ္ေငြနွင့္ထိုင္းဘတ္ေငြ သံုးစြဲမႈစတင္မည္

### Zawgyi Version ###

ထိုင္းျမန္မာနယ္စပ္ျဖတ္ေက်ာ္မွဳမ်ားအတြက္ ေငြေၾကးေပးေခ်မွဳကို ျမန္မာေငြနွင့္ ထိုင္းဘတ္ေငြမ်ား စတင္အသံုးျပဳနိုင္မည့့္ နွစ္နွစ္နိုင္ငံဗဟိုဘဏ္မ်ား MOU ေရးထိုးခဲ့ေၾကာင္း ထိုင္းနိုင္ငံေတာ္ဘဏ္၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါသေဘာထား နွစ္နိုင္ငံ နားလည္မွဳစာခ်ြန္လႊာေရးထိုးမွဳကုိ ထိုင္းနိုင္ငံေတာ္ဘဏ္မွ ေအာက္တိုဘာလ ၂၁ ရက္ေန႕ကထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါလက္မွတ္ေရးထိုးမွဳသည္ ျမန္မာနိုင္ငံအေနျဖင့္ နိုင္ငံျခားနိုင္ငံေတာ္ဘဏ္ျဖင့္ ပထမဆံုး တရား၀င္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွသိရသည္။

အဆိုပါလက္မွတ္ေရးထိုးမွဳကုိ ျမန္မာနိုင္ငံဗဟိုဘဏ္ဥကၠ႒ႏွင့္ ထိုင္းနိုင္ငံေတာ္ဘဏ္၊ ဗဟိုဘဏ္ ဥကၠ႒တို႕မွ ယခုလ ၁၈ ရက္တြင္ အေမရိကန္နိုင္ငံ ဝါရွင္တန္ၿမိဳ႕ IMF-WBG ႏွစ္ပတ္လည္ အစည္းအေဝး၌ လက္မွတ္ေရးထိုးခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

အဆိုပါနယ္စပ္ျဖတ္ေက်ာ္ေပးေခ်မွဳမ်ားကို ျမန္မာ-ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား၌ စတင္အသုံးျပဳမည္ျဖစ္ၿပီး ထိုင္းနိုင္ငံဘဏ္မွ တ႐ုတ္နိုင္ငံႏွင့္လည္းနယ္စပ္ဂိတ္မ်ား၌ တ႐ုတ္ယြမ္ႏွင့္ က်ပ္ေငြအသုံးျပဳေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း အဆိုပါဘဏ္မွသိရသည္။

ထို႕အျပင္ ႏွစ္နိုင္ငံဗဟိုဘဏ္မ်ားသည္ ဘ႑ာေရးက႑မ်ား ဆန္းသစ္တီထြင္မႈမ်ားတြင္ ျပဳျပင္ေျပာင္းလဲျခင္းႏွင့္ ေငြေပးေခ်မႈက႑မ်ား၌ ပူးေပါင္းေဆာင္ရြက္ရန္ နားလည္မႈစာခၽြန္လႊာေရးထိုးခဲ့ျပီး နွစ္နိုင္ငံအၾကားပူးေပါင္းေဆာင္ရြက္ျခင္းသည္ နိုင္ငံအတြင္းႏွင့္ နယ္စပ္ျဖတ္ေက်ာ္ေငြလဲလွယ္လႊဲေျပာင္းမႈမ်ား၌ ပိုမိုလုံျခဳံမႈျဖင့္ အက်ိဳးရွိေစရန္ျဖစ္ေၾကာင္း ထိုင္းနိုင္ငံေတာ္ဘဏ္က ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်မှုများအတွက် ငွေကြေးပေးချေမှုကို မြန်မာငွေနှင့် ထိုင်းဘတ်ငွေများ စတင်အသုံးပြုနိုင်မည့် နှစ်နှစ်နိုင်ငံဗဟိုဘဏ်များ MOU ရေးထိုးခဲ့ကြောင်း ထိုင်းနိုင်ငံတော်ဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါသဘောထား နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးထိုးမှုကို ထိုင်းနိုင်ငံတော်ဘဏ်မှ အောက်တိုဘာလ ၂၁ ရက်နေ့ကထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါလက်မှတ်ရေးထိုးမှုသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားနိုင်ငံတော်ဘဏ်ဖြင့် ပထမဆုံး တရားဝင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။

အဆိုပါလက်မှတ်ရေးထိုးမှုကို မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံတော်ဘဏ်၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့မှ ယခုလ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ IMF-WBG နှစ်ပတ်လည် အစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါနယ်စပ်ဖြတ်ကျော်ပေးချေမှုများကို မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ စတင်အသုံးပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘဏ်မှ တရုတ်နိုင်ငံနှင့်လည်းနယ်စပ်ဂိတ်များ၌ တရုတ်ယွမ်နှင့် ကျပ်ငွေအသုံးပြုဆောင်ရွက်ရန် စီစဉ်ထားကြောင်း အဆိုပါဘဏ်မှသိရသည်။

ထို့အပြင် နှစ်နိုင်ငံဗဟိုဘဏ်များသည် ဘဏ္ဍာရေးကဏ္ဍများ ဆန်းသစ်တီထွင်မှုများတွင် ပြုပြင်ပြောင်းလဲခြင်းနှင့် ငွေပေးချေမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းနှင့် နယ်စပ်ဖြတ်ကျော်ငွေလဲလှယ်လွှဲပြောင်းမှုများ၌ ပိုမိုလုံခြုံမှုဖြင့် အကျိုးရှိစေရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံတော်ဘဏ်က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service