ကွမ်းယာဆိုင်များဖွင့်လှစ်ရောင်းချနေမှုတွင် ရန်ကုန်စည်ပင်တရားဝင် ခွင့်ပြုခြင်းမရှိ - Property News in Myanmar from iMyanmarHouse.com
3259 Views


### Zawgyi Version ###








### Unicode Version ###

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ကွမ်းယာဆိုင်များဖွင့်လှစ်ရောင်းချနေမှုတွင် ရန်ကုန်စည်ပင်တရားဝင် ခွင့်ပြုခြင်းမရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီ၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယင်းကော်မတီ၏ စီမံရေးရာဌာနမှ ဌာနမှူး ဦးကျော်မင်းကပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ် အတွင်း ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်များမှာ ထောင်ကျော်ရှိနေပြီး ယင်းကွမ်းယာဆိုင်များကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ဦးကျော်မင်းက ပြောကြားသည်။

" ကျွန်တော်တို့စည်ပင်သာယာဥပဒေမှာ ကွမ်းယာဆိုင်ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိပါဘူး။ လမ်းဘေးဈေး ဆိုင်ဆိုတာပဲရှိပါတယ်။ လမ်းဘေးမှာဘောပင်ရောင်းချင်ရောင်းပါမယ်။နာဖောကလော် ရောင်းရင်လဲရောင်းပါမယ်။ ကွမ်းယာရောင်းရင်လဲရောင်းပါမယ်။ဒါတွေနဲ့ပတ်သက်ရင်တော့ လမ်းဘေးဈေးသည် မူဝါဒနဲ့သက်ဆိုင်ပါ တယ်”ဟုဦးကျော်မင်းကဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လမ်းဘေးဈေးသည်များအား ၂၀၁၁ ခုနှစ်ကတည်းက အခွန်အခ ကောက်ခံခြင်းရပ်နားခဲ့ကြောင်း၊သို့သော်သတင်းမီဒီယာများတွင် စည်ပင်သာယာက အခွန် အခကောက်ခံနေသူများရှိနေသည်ဟု ရေးသားမှုများရှိသောကြောင့် ရှိခဲ့လျှင် သက်သေနှင့်တကွ တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်မင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ကွမ်းယာနှင့်ပတ်သက်၍ ကျန်းမာရေး ထိခိုက်လာနိုင်သည့် အစားအသောက်များရောင်းချလာပါက ဆေးလိပ်နှင့်ဆေးရွက်ကြီးဥပဒေ ပြဋ္ဌာန်းထားသည့် အတွက် ယင်းဥပဒေအတိုင်း ပြည်သူလူထုကျန်းမာရေး မထိခိုက်စေရန် အသိပေးဆောင်ရွက်နေကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service