ျမန္မာႏိုင္ငံက ယွဥ္ၿပိဳင္မႈနဲ႔ စည္းမ်ဥ္းေတြကို အေျခခံတဲ့ စီးပြားေရးပုံစံကို ေျပာင္းေနၿပီလို႔ဆို - Property News in Myanmar from iMyanmarHouse.com
1098 Views

ျမန္မာႏိုင္ငံက ယွဥ္ၿပိဳင္မႈနဲ႔ စည္းမ်ဥ္းေတြကို အေျခခံတဲ့ စီးပြားေရးပုံစံကို ေျပာင္းေနၿပီလို႔ဆို

### Zawgyi Version ###

ပုဂၢိဳလ္ေရး ပတ္သက္ဆက္ႏႊယ္မႈေတြကို အေျခခံတဲ့ စီးပြားေရးပုံစံကေန ပိုမိုပြင့္လင္းျမင္သာ၊ ယွဥ္ၿပိဳင္မႈနဲ႔ စည္းမ်ဥ္းဥပေဒေတြကို အေျခခံတဲ့ စီးပြားေရးပုံစံကို ျမန္မာႏိုင္ငံကအသြင္ကူးေျပာင္းေနၿပီလို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကေျပာလိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ မေန႔ကျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေဆြးေႏြးမွာ ေျပာၾကားခဲ့တာပါ။

ျမန္မာအစိုးရအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ႀကိဳဆိုလ်က္ရွိၿပီး အသြင္ကူးေျပာင္းမႈေတြမွာ အတူတကြလက္တြဲၿပီး ႀကိဳးပမ္းေဆာင္႐ြက္သြားမွာျဖစ္လို႔ ျမန္မာႏိုင္ငံသို႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ ဖိတ္ေခၚလိုက္တာပါ။

လက္ရွိမွာလည္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ပံ့ပိုးကူညီသြားဖို႔ရည္႐ြယ္ခ်က္နဲ႔ တစ္ေနရာတည္းမွာ ဝန္ေဆာင္မႈေပးတဲ့ဌာန (One-Stop-Service Centre) စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဒီ One-Stop-Service Centre မွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြလိုအပ္တဲ့ ခြင့္ျပဳမိန႔္နဲ႔ လိုင္စင္ေတြကို ေလွ်ာက္ထားရာမွာ အျခားအစိုးရဌာနေတြကို ထပ္မံသြားေရာက္ဖို႔မလိုတဲ့ ျပတင္းတစ္ေပါက္စနစ္ (Single Window System) သို႔ ေျပာင္းလဲက်င့္သုံးသြားဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

ယခုႏွစ္ စက္တင္ဘာလကုန္အထိ ဂ်ပန္ႏိုင္ငံက လုပ္ငန္းေပါင္း ၁၁၇ ခု ဝင္ေရာက္လုပ္ကိုင္ေနၿပီး စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏဟာ အေမရိကန္ေဒၚလာ သန္း ၁၂၀၀ ေက်ာ္အထိရွိေနတာပါ။

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံမွ ေမာ္ေတာ္ကားကုမၸဏီ တိုယိုတာဟာ သီလဝါအထူးစီးပြားေရးဇုန္မွာ ဂ်ပန္ယန္းဘီလီယံ တန္ဖိုးရွိတဲ့ ေမာ္ေတာ္ကားတပ္ဆင္ထုတ္လုပ္မယ့္စက္႐ုံ တည္ေဆာက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္သြားမယ္လို႔ မၾကာေသးမီက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပုဂ္ဂိုလ်ရေး ပတ်သက်ဆက်နွှယ်မှုတွေကို အခြေခံတဲ့ စီးပွားရေးပုံစံကနေ ပိုမိုပွင့်လင်းမြင်သာ၊ ယှဉ်ပြိုင်မှုနဲ့ စည်းမျဉ်းဥပဒေတွေကို အခြေခံတဲ့ စီးပွားရေးပုံစံကို မြန်မာနိုင်ငံကအသွင်ကူးပြောင်းနေပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ မနေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆွေးနွေးမှာ ပြောကြားခဲ့တာပါ။

မြန်မာအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆိုလျက်ရှိပြီး အသွင်ကူးပြောင်းမှုတွေမှာ အတူတကွလက်တွဲပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်လို့ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်လိုက်တာပါ။

လက်ရှိမှာလည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီသွားဖို့ရည်ရွယ်ချက်နဲ့ တစ်နေရာတည်းမှာ ဝန်ဆောင်မှုပေးတဲ့ဌာန (One-Stop-Service Centre) စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီ One-Stop-Service Centre မှာ ရင်းနှီးမြှုပ်နှံသူတွေလိုအပ်တဲ့ ခွင့်ပြုမိန့်နဲ့ လိုင်စင်တွေကို လျှောက်ထားရာမှာ အခြားအစိုးရဌာနတွေကို ထပ်မံသွားရောက်ဖို့မလိုတဲ့ ပြတင်းတစ်ပေါက်စနစ် (Single Window System) သို့ ပြောင်းလဲ ကျင့်သုံးသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ယခုနှစ် စက်တင်ဘာလကုန်အထိ ဂျပန်နိုင်ငံက လုပ်ငန်းပေါင်း ၁၁၇ ခု ဝင်ရောက်လုပ်ကိုင်နေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ကျော်အထိရှိနေတာပါ။

ဒါ့အပြင် ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီ တိုယိုတာဟာ သီလဝါအထူးစီးပွားရေးဇုန်မှာ ဂျပန်ယန်းဘီလီယံ တန်ဖိုးရှိတဲ့ မော်တော်ကားတပ်ဆင်ထုတ်လုပ်မယ့်စက်ရုံ တည်ဆောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမယ်လို့ မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service