အခ်က္အခ်ာက်တဲ့ေျမေတြ ဘယ္လိုစီမံခန္ ့ခြဲမလဲ - Property News in Myanmar from iMyanmarHouse.com
949 Views

အခ်က္အခ်ာက်တဲ့ေျမေတြ ဘယ္လိုစီမံခန္ ့ခြဲမလဲ

### Zawgyi Version ###

ျမန္မာႏိုင္ငံတြင္ အစိုးရသက္တမ္း ကုန္ခါနီးၿပီဆိုလွ်င္ ေျမေရာင္း၊ ေျမခ်ကိစၥမ်ား ျဖစ္ေပၚေလ့ရွိသည္ဟု ဆိုအပ္၏။

တပ္မေတာ္ အစိုးရလက္ထက္တြင္ သက္တမ္းကုန္ရန္ တစ္ႏွစ္မွ်လိုေတာ့သည့္ ၂၀၁၀ ျပည့္ႏွစ္အတြင္း ေျမကြက္ေပါင္း ေျမာက္ျမားစြာ ေရာင္းခ်ခဲ့ေၾကာင္း ေတြ႕ရွိရ၏။ အနာဂတ္အိမ္ရာဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ရန္ အခ်က္အခ်ာက်သည့္ ေျမကြက္ မ်ားအားလုံးနီးပါး ေျမေလွာင္၊ ေဈးကစားသူတို႔လက္တြင္းသက္ဆင္းခဲ့၏။

ဒီမိုကေရစီေခတ္သစ္ ယခင္ အစိုးရလက္ထက္ မႏၲေလးတိုင္းေဒသႀကီးတြင္ အစိုးရသက္တမ္းကုန္ရန္ လပိုင္းမွ်လိုအပ္သည့္ ကာလအတြင္း ၿမိဳ႕ေျမကြက္ေပါင္းရာႏွင့္ခ်ီ၍ ေရာင္းခ်ထားေပးခဲ့ျပန္၏။မလုပ္သင့္၊ မလုပ္အပ္ေသာ ကိစၥျဖစ္ျခင္းေၾကာင့္ လက္ရွိ တိုင္းေဒသႀကီးအစိုးရက ျပန္လည္႐ုပ္သိမ္းၿပီး ပယ္ဖ်က္မႈမ်ား ျပဳလုပ္ခဲ့ရ၏။ ‘မမွ်မတ၊ ေျမယာ ခ်၊ ဒုကၡေရာက္လိမ့္မင္း’ ဟု သံေပါက္ေရးခဲ့ရျပန္၏။ အမွန္တကယ္ ေျမယာလိုအပ္သူတို႔ထံ သို႔ စနစ္တက် မူဝါဒခ်မွတ္ၿပီး ျဖည့္ဆည္းေပးရန္လိုအပ္၏။ ကတိုက္က႐ိုက္ ေဆာင္႐ြက္ျခင္းေၾကာင့္ ေျမေဈးကြက္အတြင္း ေဈးက်ဆင္းမည့္အစား အဂတိ တရားႏွင့္ ဝယ္ေလွာင္ေဈးကစားမႈမ်ား ေပၚေပါက္ႏိုင္၏။

ယခုအခါ လက္ရွိအစိုးရ သက္တမ္းကုန္ရန္ တစ္ႏွစ္မွ်သာလိုအပ္ေသာအခ်ိန္ကာလ၌ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ေျမကြက္မ်ား ေရာင္းခ်သည္ႏွင့္ ႀကဳံရျပန္၏။ ေလွ်ာက္လႊာပုံစံကို အလုပ္ပ်က္အကိုင္ပ်က္ ညအိပ္ၿပီးတန္းစီ၍ ဝယ္ယူၾကရေၾကာင္း၊ရဲမ်ားပင္ လုံၿခဳံေရးေပးရေၾကာင္း ၾကားသိရ၏။ ေလွ်ာက္လႊာတစ္ေစာင္လွ်င္ ေငြက်ပ္တစ္ေသာင္း ျဖင့္ ေရာင္းခ်ေပးသည္မွာ နည္းသည္၊ မ်ားသည္မေျပာလိုေသာ္လည္း လူတစ္ဦးအတြက္သတ္မွတ္သည့္ အနိမ့္ဆုံးတစ္ရက္ လုပ္ခ ႏွစ္ဆေက်ာ္ရွိေနသည္မွာ အမွန္ျဖစ္၏။ အကယ္၍ စည္းကမ္းခ်က္မ်ားကို ႀကိဳတင္ထုတ္ျပန္ေပးၿပီးမွ ေလွ်ာက္လႊာမ်ား ေရာင္းခ်ေပးလွ်င္ ပိုမိုေကာင္းမြန္မည္ဟု ထင္ျမင္မိ၏။

ေျမေရာင္းခ်ေပးေသာ ရည္႐ြယ္ခ်က္မွာ လယ္ေျမမ်ားအားယခင္ တပ္မေတာ္အစိုးရလက္ထက္ ေျမသိမ္းေဆာင္႐ြက္ရာတြင္ ေလ်ာ္ေၾကးမရရွိခဲ့ေသာ လယ္သမားႀကီးမ်ားအား ေလ်ာ္ေၾကးေပးႏိုင္ရန္ဟူေသာ မြန္ျမတ္သည့္ ေစတနာကို အေျခခံ၍ ေပၚေပါက္လာေၾကာင္း ေတြ႕ရွိရေပသည္။ တစ္ဖက္တြင္ ယခင္သိမ္းဆည္းခံ ေျမမ်ားေပၚသို႔ လယ္သမားမ်ားက ျပန္လည္ဝင္ေရာက္ျခင္းႏွင့္ စီမံကိန္းမ်ားကို ေျမေပၚတြင္လက္ေတြ႕ေဖာ္ေဆာင္ရန္ အခက္အခဲမ်ား ႀကဳံေတြ႕ေနရျခင္းေၾကာင့္ ‘စကားနည္းရန္စဲ’ ဆိုသကဲ့သို႔ ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ျခင္းလည္း ျဖစ္မည္ဟု ယူဆပါသည္။ ျပည္သူ႔ အက်ိဳးစီးပြားအတြက္ ေဆာင္႐ြက္ေပးရမည့္ စီမံကိန္းမ်ား သြက္လက္ျမန္ဆန္ေစလိုေသာ ေစတနာလည္း ပါဝင္ ေၾကာင္း ေတြ႕ရွိရ၏။

အမွန္စင္စစ္ ဤကဲ့သို႔ ေလ်ာ္ေၾကးအတြက္ သုံးစြဲမည့္ေငြေၾကးရရွိရန္ရည္႐ြယ္ၿပီး ေျမေရာင္းခ်မႈလုပ္ငန္း ေဆာင္႐ြက္ရျခင္းမွာ လြန္စြာက်ယ္ျပန႔္ေသာလုပ္ငန္းျဖစ္သျဖင့္ ျပည္ေထာင္စုအစိုးရ၏ တစ္ႏိုင္ငံလုံးအက်ဳံးဝင္ေသာ ေျမ ယာမူဝါဒတစ္ရပ္ ရွိသင့္သည္ဟု ယူဆမိပါသည္။

ေျမယာေလ်ာ္ ေၾကးကိစၥသည္ ရန္ကုန္တိုင္းေဒသႀကီးသာမက အျခားေသာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ပါ ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း ေတြ႕ရွိရျခင္းေၾကာင့္ျဖစ္၏။ ထို႔အျပင္ ၿမိဳ႕ေျမစီမံခန႔္ခြဲမႈသည္ လက္ရွိ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ျပည္ေထာင္စု၏ ဥပေဒျပဳဇယားတြင္ ပါဝင္ေနေၾကာင္းေတြ႕ရွိရေပသည္။

တစ္ဖန္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား တြင္ ေျမျဖည့္ဆည္းမႈ (Land Supply) ဟူသည္ ေျမေဈးက်ဆင္းရန္ႏွင့္ ဝင္ေငြအလယ္အလတ္၊ ဝင္ေငြနည္းျပည္သူတို႔ ေျမေဈးႏႈန္းသက္သာစြာဝယ္ယူႏိုင္ရန္ အဓိကထားေသာ နည္းဗ်ဴဟာတစ္ရပ္အျဖစ္ က်င့္သုံးေလ့ရွိၿပီး မိမိတို႔ႏိုင္ငံ၌ ထူးထူးျခားျခားေျမ စီမံခန႔္ခြဲမႈ သမိုင္းေနာက္ခံအေျခအေနမ်ားအရ ေျမေရာင္းခ်၍ လိုေငြရရန္ အဓိကထားေဆာင္႐ြက္ရသည့္သေဘာ ျဖစ္လာေၾကာင္းလည္းေတြ႕ရွိရျခင္းေၾကာင့္ အစိုးရေျမယာမူဝါဒ ေဘာင္ (Policy Framework) အတြင္း တစ္ေျပးညီေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္ေဖာ္ျပရျခင္းျဖစ္ေပသည္။

ေရာင္းခ်မည့္ ေျမမ်ားစာရင္းတြင္ 'Open Space'ဟု သုံးစြဲေဖာ္ျပထားေသာ ေျမကြက္မ်ားလည္း ေတြ႕ရွိရ၏။ အမွန္အားျဖင့္ ၎စကားရပ္သည္ ၿမိဳ႕ျပစီမံကိန္းအရ ေျမအသုံးခ်မႈကို အနာဂတ္အတြက္ တမင္ခ်န္လွပ္ရန္ သုံးစြဲေလ့ရွိေသာ စကားရပ္ျဖစ္၏။ ပစၥဳပၸန္အတြက္မဟုတ္ဘဲ ေနာင္မ်ိဳးဆက္သစ္မ်ား၏ ေျမယာလိုအပ္ခ်က္အရ သုံးစြဲႏိုင္ခြင့္ရရွိေစရန္ ခ်န္လွပ္ေပးထားရျခင္းျဖစ္ေပသည္။ အကယ္၍ ၿမိဳ႕သစ္မ်ား၏ ၂၅ ႏွစ္ခန႔္ရွိလာသည့္ သက္တမ္းအရလည္းေကာင္း၊ ေျမေပၚအေျခအေနအရ ခ်န္ထားရန္မလိုဟု ယူဆလွ်င္လည္းေကာင္း သက္ဆိုင္ရာစီမံကိန္းပညာရွင္ တို႔က ျပန္လည္သုံးသပ္ၿပီး ၎တို႔သေဘာထားကို အခိုင္အမာရယူေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳလိုပါသည္။ Open Space ဟူ သည္ လိုအပ္လွ်င္ခ်ထားျခင္း၊ ေရာင္းခ်ျခင္းျပဳႏိုင္သည္ဟု လြယ္လြယ္သေဘာထားမႈမ်ား မေပၚေပါက္ေစရန္ ျဖစ္ေပသည္။ အေတြ႕အႀကဳံမ်ားအရ အမွန္တကယ္လည္း ေပၚေပါက္ခဲ့ဖူးၿပီး ၿမိဳ႕ျပျပည္သူတို႔ နစ္နာခဲ့ရသည့္ သာဓကမ်ား ရွိခဲ့တာပဲျဖစ္ပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံတွင် အစိုးရသက်တမ်း ကုန်ခါနီးပြီဆိုလျှင် မြေရောင်း၊ မြေချကိစ္စများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုအပ်၏။ တပ်မတော် အစိုးရလက်ထက်တွင် သက်တမ်းကုန်ရန် တစ်နှစ်မျှလိုတော့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း မြေကွက်ပေါင်း မြောက်မြားစွာ ရောင်းချခဲ့ကြောင်း တွေ့ရှိရ၏။ အနာဂတ်အိမ်ရာဖွံ့ဖြိုးရေးဆောင်ရွက်ရန် အချက်အချာကျသည့် မြေကွက် များအားလုံးနီးပါး မြေလှောင်၊ ဈေးကစားသူတို့လက်တွင်းသက်ဆင်းခဲ့၏။

ဒီမိုကရေစီခေတ်သစ် ယခင် အစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီးတွင် အစိုးရသက်တမ်းကုန်ရန် လပိုင်းမျှလိုအပ်သည့် ကာလအတွင်း မြို့မြေကွက်ပေါင်းရာနှင့်ချီ၍ ရောင်းချထားပေးခဲ့ပြန်၏။ မလုပ်သင့်၊ မလုပ်အပ်သော ကိစ္စဖြစ်ခြင်းကြောင့် လက်ရှိ တိုင်းဒေသကြီးအစိုးရက ပြန်လည်ရုပ်သိမ်းပြီး ပယ်ဖျက်မှုများ ပြုလုပ်ခဲ့ရ၏။ ‘မမျှမတ၊ မြေယာ ချ၊ ဒုက္ခရောက်လိမ့်မင်း’ ဟု သံပေါက်ရေးခဲ့ရပြန်၏။ အမှန်တကယ် မြေယာလိုအပ်သူတို့ထံ သို့ စနစ်တကျ မူဝါဒချမှတ်ပြီး ဖြည့်ဆည်းပေးရန်လိုအပ်၏။ ကတိုက်ကရိုက် ဆောင်ရွက်ခြင်းကြောင့် မြေဈေးကွက်အတွင်း ဈေးကျဆင်းမည့်အစား အဂတိ တရားနှင့် ဝယ်လှောင်ဈေးကစားမှုများ ပေါ်ပေါက်နိုင်၏။

ယခုအခါ လက်ရှိအစိုးရ သက်တမ်းကုန်ရန် တစ်နှစ်မျှသာလိုအပ်သောအချိန်ကာလ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြေကွက်များ ရောင်းချသည်နှင့် ကြုံရပြန်၏။ လျှောက်လွှာပုံစံကို အလုပ်ပျက်အကိုင်ပျက် ညအိပ်ပြီးတန်းစီ၍ ဝယ်ယူကြရကြောင်း၊ရဲများပင် လုံခြုံရေးပေးရကြောင်း ကြားသိရ၏။ လျှောက်လွှာတစ်စောင်လျှင် ငွေကျပ်တစ်သောင်း ဖြင့် ရောင်းချပေးသည်မှာ နည်းသည်၊ များသည်မပြောလိုသော်လည်း လူတစ်ဦးအတွက်သတ်မှတ်သည့် အနိမ့်ဆုံးတစ်ရက် လုပ်ခ နှစ်ဆကျော်ရှိနေသည်မှာ အမှန်ဖြစ်၏။ အကယ်၍ စည်းကမ်းချက်များကို ကြိုတင်ထုတ်ပြန်ပေးပြီးမှ လျှောက်လွှာများ ရောင်းချပေးလျှင် ပိုမိုကောင်းမွန်မည်ဟု ထင်မြင်မိ၏။

မြေရောင်းချပေးသော ရည်ရွယ်ချက်မှာ လယ်မြေများအားယခင် တပ်မတော်အစိုးရလက်ထက် မြေသိမ်းဆောင်ရွက်ရာတွင် လျော်ကြေးမရရှိခဲ့သော လယ်သမားကြီးများအား လျော်ကြေးပေးနိုင်ရန်ဟူသော မွန်မြတ်သည့် စေတနာကို အခြေခံ၍ ပေါ်ပေါက်လာကြောင်း တွေ့ရှိရပေသည်။ တစ်ဖက်တွင် ယခင်သိမ်းဆည်းခံ မြေများပေါ်သို့ လယ်သမားများက ပြန်လည်ဝင်ရောက်ခြင်းနှင့် စီမံကိန်းများကို မြေပေါ်တွင်လက်တွေ့ဖော်ဆောင်ရန် အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ‘စကားနည်းရန်စဲ’ ဆိုသကဲ့သို့ ပြီးပြတ်အောင် ဆောင်ရွက်ခြင်းလည်း ဖြစ်မည်ဟု ယူဆပါသည်။ ပြည်သူ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးရမည့် စီမံကိန်းများ သွက်လက်မြန်ဆန်စေလိုသော စေတနာလည်း ပါဝင် ကြောင်း တွေ့ရှိရ၏။

အမှန်စင်စစ် ဤကဲ့သို့ လျော်ကြေးအတွက် သုံးစွဲမည့်ငွေကြေးရရှိရန်ရည်ရွယ်ပြီး မြေရောင်းချမှုလုပ်ငန်း ဆောင်ရွက်ရခြင်းမှာ လွန်စွာကျယ်ပြန့်သောလုပ်ငန်းဖြစ်သဖြင့် ပြည်ထောင်စုအစိုးရ၏ တစ်နိုင်ငံလုံးအကျုံးဝင်သော မြေ ယာမူဝါဒတစ်ရပ် ရှိသင့်သည်ဟု ယူဆမိပါသည်။

မြေယာလျော် ကြေးကိစ္စသည် ရန်ကုန်တိုင်းဒေသကြီးသာမက အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ ရင်ဆိုင်ကြုံတွေ့နေရကြောင်း တွေ့ရှိရခြင်းကြောင့်ဖြစ်၏။ ထို့အပြင် မြို့မြေစီမံခန့်ခွဲမှုသည် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု၏ ဥပဒေပြုဇယားတွင် ပါဝင်နေကြောင်းတွေ့ရှိရပေသည်။

တစ်ဖန် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် မြေဖြည့်ဆည်းမှု (Land Supply) ဟူသည် မြေဈေးကျဆင်းရန်နှင့် ဝင်ငွေအလယ်အလတ်၊ ဝင်ငွေနည်းပြည်သူတို့ မြေဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် အဓိကထားသော နည်းဗျူဟာတစ်ရပ်အဖြစ် ကျင့်သုံးလေ့ရှိပြီး မိမိတို့နိုင်ငံ၌ ထူးထူးခြားခြားမြေ စီမံခန့်ခွဲမှု သမိုင်းနောက်ခံအခြေအနေများအရ မြေရောင်းချ၍ လိုငွေရရန် အဓိကထားဆောင်ရွက်ရသည့်သဘော ဖြစ်လာကြောင်းလည်းတွေ့ရှိရခြင်းကြောင့် အစိုးရမြေယာမူဝါဒ ဘောင် (Policy Framework) အတွင်း တစ်ပြေးညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖော်ပြရခြင်းဖြစ်ပေသည်။

ရောင်းချမည့် မြေများစာရင်းတွင် 'Open Space'ဟု သုံးစွဲဖော်ပြထားသော မြေကွက်များလည်း တွေ့ရှိရ၏။ အမှန်အားဖြင့် ၎င်းစကားရပ်သည် မြို့ပြစီမံကိန်းအရ မြေအသုံးချမှုကို အနာဂတ်အတွက် တမင်ချန်လှပ်ရန် သုံးစွဲလေ့ရှိသော စကားရပ်ဖြစ်၏။ ပစ္စုပ္ပန်အတွက်မဟုတ်ဘဲ နောင်မျိုးဆက်သစ်များ၏ မြေယာလိုအပ်ချက်အရ သုံးစွဲနိုင်ခွင့်ရရှိစေရန် ချန်လှပ်ပေးထားရခြင်းဖြစ်ပေသည်။ အကယ်၍ မြို့သစ်များ၏ ၂၅ နှစ်ခန့်ရှိလာသည့် သက်တမ်းအရလည်းကောင်း၊ မြေပေါ်အခြေအနေအရ ချန်ထားရန်မလိုဟု ယူဆလျှင်လည်းကောင်း သက်ဆိုင်ရာစီမံကိန်းပညာရှင် တို့က ပြန်လည်သုံးသပ်ပြီး ၎င်းတို့သဘောထားကို အခိုင်အမာရယူဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါသည်။ Open Space ဟူ သည် လိုအပ်လျှင်ချထားခြင်း၊ ရောင်းချခြင်းပြုနိုင်သည်ဟု လွယ်လွယ်သဘောထားမှုများ မပေါ်ပေါက်စေရန် ဖြစ်ပေသည်။ အတွေ့အကြုံများအရ အမှန်တကယ်လည်း ပေါ်ပေါက်ခဲ့ဖူးပြီး မြို့ပြပြည်သူတို့ နစ်နာခဲ့ရသည့် သာဓကများ ရှိခဲ့တာပဲဖြစ်ပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service