လာမည့္ႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ စံခ်ိန္တင္အေနအထားျဖစ္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းဆို - Property News in Myanmar from iMyanmarHouse.com
991 Views

လာမည့္ႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ စံခ်ိန္တင္အေနအထားျဖစ္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းဆို

### Zawgyi Version ###

ဒုတိယသမၼတဦးျမင့္ေဆြႏွင့္ျမန္မာ့စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ အႀကိမ္ (၃၀) ေျမာက္ ပုံမွန္ေတြ႕ဆုံပြဲ၌ ျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုဝန္ႀကီးက ယခုႏွစ္တြင္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ျမန္မာျပည္ကိုလာေရာက္ ရင္းႏွီးျမွဳပ္ႏွံမႈေႏွာင့္ေႏွးတာမ်ားရွိေၾကာင္း၊၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ၄ ဒသမ ၂ ဘီလီယံခန္႔သာခြင့္ျပဳေပးႏုိင္ခဲ့ေၾကာင္း ၊ သို႔ေသာ္လည္း တစ္ဖက္တြင္ အဆိုျပဳထားသည့္ အဆိုျပဳခ်က္မ်ားအရလာမည့္ႏွစ္တြင္ စံခ်ိန္တင္ေလာက္သည့္ အေျခအေနမွာရမည္ဟု ေမွ်ာ္မွန္ထားေၾကာင္း ေျပာသည္။

အထူးသျဖင့္ ကမ္းလြန္ေရနံလုပ္ကြက္ႏွင့္ ျပည္တြင္းမွာလုပ္မည့္ ဓာတ္သတၱဳရွာေဖြေရးလုပ္ငန္းမ်ားကို စိစစ္ၿပီးခြင့္ျပဳမယ္ဆိုရင္ ကၽြန္ေတာ္တို႔နိုင္ငံမွာအရင္ကမၾကဳံစဖူး ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ႀကီးႀကီးမားမားရရွိမည့္ အလားအလာရွိပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာထားသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈျမွင့္တင္ေရးစီမံကိန္းအရလာမည့္ႏွစ္ ၂၀ အတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ ေဒၚလာဘီလီယံ၂၀၀ ေက်ာ္ ရရွိရန္ေမွ်ာ္မွန္းထားေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာထားသည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ၅ ဒသမ ၈ ဘီလီယံ ေမွ်ာ္မွန္းထားခဲ့ေသာ္လည္း ၄ ဒသမ ၅ ဘီလီယံသာဝင္ေရာက္ခဲ့သျဖင့္ ေမွ်ာ္မွန္းခ်က္ထက္ တစ္ဘီလီယံ ေက်ာ္ေလ်ာ့နည္းခဲ့ေၾကာင္း၊ယခုဘ႑ာႏွစ္(၂၀၁၉-၂၀၂၀) တြင္လည္း ၅ ဒသမ ၈ ဘီလီယံေမွ်ာ္မွန္းထားေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ဒုတိယသမ္မတဦးမြင့်ဆွေနှင့်မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် အကြိမ် (၃၀) မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ယခုနှစ်တွင် နိုင်ငံရေးအခြေအနေကြောင့် မြန်မာပြည်ကိုလာရောက် ရင်းနှီးမြှုပ် နှံမှုနှောင့်နှေးတာများရှိကြောင်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၂ ဘီလီယံခန့်သာခွင့်ပြုပေးနိုင်ခဲ့ကြောင်း ၊ သို့သော်လည်း တစ်ဖက်တွင် အဆိုပြုထားသည့် အဆိုပြုချက်များအရလာမည့်နှစ်တွင် စံချိန်တင်လောက်သည့် အခြေအနေမှာရမည်ဟု မျှော်မှန်ထားကြောင်း ပြောသည်။

အထူးသဖြင့် ကမ်းလွန်ရေနံလုပ်ကွက်နှင့် ပြည်တွင်းမှာလုပ်မည့် ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းများကို စိစစ်ပြီးခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာအရင်က မကြုံစဖူး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ရရှိမည့် အလားအလာရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအရ လာမည့်နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာဘီလီယံ၂၀၀ ကျော် ရရှိရန်မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားခဲ့သော်လည်း ၄ ဒသမ ၅ ဘီလီယံသာ ဝင်ရောက်ခဲ့သဖြင့် မျှော်မှန်းချက်ထက် တစ်ဘီလီယံ ကျော်လျော့နည်းခဲ့ကြောင်း၊ယခု ဘဏ္ဍာနှစ်(၂၀၁၉-၂၀၂၀)တွင်လည်း ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service