ကုိရီးယားနိုင္ငံမွ ျမန္မာနိုင္ငံတြင္ အိမ္ရာဖြံျဖိဳးေရးလုပ္ငန္းမ်ားလုပ္ကုိင္မည္ - Property News in Myanmar from iMyanmarHouse.com
3501 Views

ကုိရီးယားနိုင္ငံမွ ျမန္မာနိုင္ငံတြင္ အိမ္ရာဖြံျဖိဳးေရးလုပ္ငန္းမ်ားလုပ္ကုိင္မည္

### Zawgyi Version ###

ကုိရီးယားနုိင္ငံသည္ ျမန္မာနိုင္ငံတြင္ အစိုးရအိမ္ရာဖြံျဖိဳးေရးလုပ္ငန္းမ်ားလုပ္ကုိင္ရန္ MOU ေရးထိုးထားျပီး တန္ဖိုးတန္းအိမ္ရာမ်ားကို အဓိကဦးစားေပးေဆာက္လုပ္သြားမည္ဟု IBK ဘဏ္ထံမွသိရသည္။

ကိုရီးယားနိုင္ငံသည္ ျမန္မာနိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းမ်ား လာေရာက္လုပ္ကုိင္ရန္ စိတ္အားထက္ သန္လ်က္ရွိေၾကာင္း IBK ဘဏ္မွ စီးအီးအို ကေျပာၾကားသည္။

ကုိရီးယားနိုင္ငံသည္ ျမန္မာနိုင္ငံအတြင္းအစိုးရနွင့္ပူးေပါင္း၍ အိမ္ရာမ်ားဖြံျဖိဳးတိုးတက္ေရးကုိ နည္းပညာနွင့္ ေငြေၾကးအကူအညီမ်ားေပးအပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ထို့အျပင္ ကုိရီးယားနုိင္ငံ၏ ဘဏ္မ်ားျဖစ္သည့္ Kookmin Bank (KB) နွင့္ Industrial Bank Of Korea (IBK) တို႕ျမန္မာနိုင္ငံဘဏ္လုပ္ငန္းအတြင္း ထပ္မံ၀င္ေရာက္လာေၾကာင္း အဆိုပါဘဏ္မ်ား၏ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါဘဏ္နွစ္ခုသည္ ေတာင္ကုိးရီးယားသမၼတခရီးစဥ္တြင္ တခါတည္း၀င္ေရာက္လာသည့္ လုပ္ငန္းမ်ားျဖစ္ျပီး အေရွ႕ေတာင္အာရွနိုင္ငံမ်ားျဖစ္သည့္ ဗီယက္နမ္တြင္အဓိက ရင္းနွီးျမွပ္နွံလ်က္ရွိျပီး ျမန္မာနိုင္ငံကုိ ဒုတိယေျခလွမ္းအေနျဖင့္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါဘဏ္မ်ားထံမွသိရသည္။

ကိုရီးယားနိုင္ငံမွ ပထမဆံုးျမန္မာနိုင္ငံအတြင္း ဘဏ္လုပ္ငန္းအေနျဖင့္ ၂၀၁၆ ခုနွစ္က Shinhan Bank မွ စတင္၀င္ေရာက္ခဲ့ျခင္းျဖစ္ျပီး ယခု၀င္ေရာက္သည့္ KB နွင့္ IBK ဘဏ္သည္ ဒုတိယအႀကိမ္၀င္ေရာက္လာ သည့္ဘဏ္လုပ္ငန္းျဖစ္ေၾကာင္း ယင္းဘဏ္မ်ားထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် အစိုးရအိမ်ရာဖွံဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် MOU ရေးထိုးထားပြီး တန်ဖိုးတန်းအိမ်ရာများကို အဓိကဦးစားပေးဆောက်လုပ်သွားမည်ဟု IBK ဘဏ်ထံမှသိရသည်။

ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်အားထက် သန်လျက်ရှိကြောင်း IBK ဘဏ်မှ စီးအီးအို ကပြောကြားသည်။

ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံအတွင်းအစိုးရနှင့်ပူးပေါင်း၍ အိမ်ရာများဖွံဖြိုးတိုးတက်ရေးကို နည်းပညာနှင့် ငွေကြေးအကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကိုရီးယားနိုင်ငံ၏ ဘဏ်များဖြစ်သည့် Kookmin Bank (KB) နှင့် Industrial Bank Of Korea (IBK) တို့မြန်မာနိုင်ငံဘဏ်လုပ်ငန်းအတွင်း ထပ်မံဝင်ရောက်လာကြောင်း အဆိုပါဘဏ်များ၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဘဏ်နှစ်ခုသည် တောင်ကိုးရီးယားသမ္မတခရီးစဉ်တွင် တခါတည်းဝင်ရောက်လာသည့် လုပ်ငန်းများဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်တွင်အဓိက ရင်းနှီးမြှပ်နှံလျက်ရှိပြီး မြန်မာနိုင်ငံကို ဒုတိယခြေလှမ်းအနေဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဘဏ်များထံမှသိရသည်။

ကိုရီးယားနိုင်ငံမှ ပထမဆုံးမြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းအနေဖြင့် ၂၀၁၆ ခုနှစ်က Shinhan Bank မှ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုဝင်ရောက်သည့် KB နှင့် IBK ဘဏ်သည် ဒုတိယအကြိမ်ဝင်ရောက်လာ သည့်ဘဏ်လုပ်ငန်းဖြစ်ကြောင်း ယင်းဘဏ်များထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
cherry-condo
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service