ဗိုလ္ဗထူးတန္ဖိုးမွ်တအိမ္ရာရွိ U-900 ႏွင့္ U-600 အမ်ိဳးအစား တိုက္ခန္းဝယ္ယူခြင့္ရရွိထားသူမ်ား အား အရစ္က်ေပးသြင္းေငြမ်ား လာေရာက္ေပးသြင္းရန္ သတိေပးႏႈိးေဆာ္ထား - Property News in Myanmar from iMyanmarHouse.com
6378 Views

ဗိုလ္ဗထူးတန္ဖိုးမွ်တအိမ္ရာရွိ U-900 ႏွင့္ U-600 အမ်ိဳးအစား တိုက္ခန္းဝယ္ယူခြင့္ရရွိထားသူမ်ား အား အရစ္က်ေပးသြင္းေငြမ်ား လာေရာက္ေပးသြင္းရန္ သတိေပးႏႈိးေဆာ္ထား

### Zawgyi Version ###

ဗိုလ္ဗထူးတန္ဖိုးမွ်တအိမ္ရာရွိ U-900 ႏွင့္ U-600 အမ်ိဳးအစား တိုက္ခန္းဝယ္ယူခြင့္ရရွိထားသူမ်ားအား အရစ္က်ေပးသြင္းေငြမ်ား လာေရာက္ေပးသြင္းရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ႏိုင္ငံပိုင္သတင္းစာတြင္ သတိေပးႏႈိးေဆာ္ထားသည္။

ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ ၊(၄၈) ရပ္ကြက္၊ဗိုလ္မႉးဗထူးလမ္းေဘးရွိေျမေနရာ၌ ရန္ကုန္ၿမိဳ႔ေတာ္စည္ ပင္သာယာေရးေကာ္မတီ၏ႀကီးၾကပ္မႈျဖင့္ Myanmar V-Pile Co.,Ltd မွေဆာင္ရြက္ေသာ ဗိုလ္ဗထူးတန္ဖိုးမွ် တအိမ္ရာစီမံကိန္း(ဒုတိယအဆင့္)တြင္ ၄ ခန္းတြဲ ၈ ထပ္တိုက္ (၂၇) လုံး (၈၆၄ ခန္း) ေဆာင္ရြက္လွ်က္ရွိၿပီး U-900 ႏွင့္ U-600 အမ်ိဳးအစား တိုက္ခန္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ ျပည္သူလူထု သို႔မဲႏိႈက္ေရာင္ခ်ခဲ့သည္။

U-900 တိုက္ခန္းအမ်ိဳးအစား၌ Type-A တြင္ စတုရန္းေပ ၉၂၇ ရွိေသာ တိုက္ခန္း(၅၇၀)ခန္းရွိၿပီး တစ္ခန္းလွ်င္ တန္ဖိုးက်ပ္ ၃၇၇ သိန္းႏွင့္ Type-A တြင္ စတုရန္းေပ ၈၇၇ ရွိေသာ တိုက္ခန္း(၃၈)ခန္းရွိၿပီး တစ္ခန္းလွ်င္ တန္ဖိုးက်ပ္ ၃၅၉ သိန္းရွိသည္။

U-600 တိုက္ခန္းအမ်ိဳးအစား၌ Type-A တြင္ စတုရန္းေပ ၆၁၄ ရွိေသာ တိုက္ခန္း (၂၄၀) ခန္းရွိၿပီး တစ္ခန္းလွ်င္ တန္ဖိုးက်ပ္ ၂၈၅ သိန္းႏွင့္ Type-B တြင္ စတုရန္းေပ ၅၆၅ ရွိေသာတိုက္ခန္း (၁၆) ခန္းရွိၿပီး တစ္ခန္းလွ်င္ တန္ဖိုးက်ပ္ ၂၆၇ သိန္းရွိသည္။

ယင္းတိုက္ခန္းမ်ားမွာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလတြင္ၿပီးစီးရမည္ျဖစ္ေသာ္လည္း တိုက္ခန္းမဲေဖာက္ ေရာင္းခ်စဥ္ တိုက္ခန္းဝယ္ယူခြင့္ ရရွိသူ ၅၀ ရာခိုင္ႏႈန္းသာ ပထမအရစ္ေပးသြင္းနိုင္ခဲ့ၿပီး က်န္ ၅၀ ရာခိုင္ႏႈန္းမွာ မေပးႏိုင္၍ ဝယ္ယူခြင့္ဖ်က္သိမ္းၿပီး အျခားဝယ္လိုသူမ်ားအား လြတ္လပ္စြာဝယ္ယူႏိုင္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေၾကညာေရာင္းခ်ခဲ့ရာ လုပ္ငန္းမ်ား ေႏွာင့္ေႏွးမႈမ်ားျဖစ္ခဲ့ေၾကာင္းသိရသည္။

ဗိုလ္ဗထူးတန္ဖိုးမွ်တအိမ္ရာရွိ U-600 တိုက္ခန္းမ်ားမွာ ယခုႏွစ္ႏိုဝင္ဘာလကုန္တြင္အပ္ႏွံႏိုင္မည္ျဖစ္ ၿပီး U-900 တိုက္ခန္းမ်ားမွာေျမျပင္တြင္(၃)လႊာထိၿပီးစီးေနၿပီး ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လကုန္တြင္ အပ္ႏွံႏိုင္မည္ ျဖစ္ေၾကာင္းသိရသည္။

U-600 တိုက္ခန္းဝယ္ယူခြင့္ရရွိထားသူမ်ားအေနႏွင့္ ပဥၥမအရစ္အထိ က်သင့္ေငြေပးသြင္းရန္လည္း ေကာင္း၊U-900 တိုက္ခန္းဝယ္ယူခြင့္ရရွိထားသူမ်ားမွာ ဒုတိယအရစ္အထိ က်သင့္ေငြမ်ားအားအျမန္ဆုံးေပး သြင္းရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အသိေပးႏႈိးေဆာ္ထားသည္။

 

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာရှိ U-900 နှင့် U-600 အမျိုးအစား တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူများ အား အရစ်ကျပေးသွင်းငွေများ လာရောက်ပေးသွင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နိုင်ငံပိုင်သတင်းစာတွင် သတိပေးနှိုးဆော်ထားသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၊(၄၈) ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်းဘေးရှိမြေနေရာ၌ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုဖြင့် Myanmar V-Pile Co.,Ltd မှဆောင်ရွက်သော ဗိုလ်ဗထူးတန်ဖိုးမျှ တအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)တွင် ၄ ခန်းတွဲ ၈ ထပ်တိုက် (၂၇) လုံး (၈၆၄ ခန်း) ဆောင်ရွက်လျှက်ရှိပြီး U-900 နှင့် U-600 အမျိုးအစား တိုက်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်သူလူထု သို့မဲနှိုက်ရောင်ချခဲ့သည်။

U-900 တိုက်ခန်းအမျိုးအစား၌ Type-A တွင် စတုရန်းပေ ၉၂၇ ရှိသော တိုက်ခန်း(၅၇၀)ခန်းရှိပြီး တစ်ခန်းလျှင် တန်ဖိုးကျပ် ၃၇၇ သိန်းနှင့် Type-A တွင် စတုရန်းပေ ၈၇၇ ရှိသော တိုက်ခန်း(၃၈)ခန်းရှိပြီး တစ်ခန်းလျှင် တန်ဖိုးကျပ် ၃၅၉ သိန်းရှိသည်။

U-600 တိုက်ခန်းအမျိုးအစား၌ Type-A တွင် စတုရန်းပေ ၆၁၄ ရှိသော တိုက်ခန်း (၂၄၀) ခန်းရှိပြီး တစ်ခန်းလျှင် တန်ဖိုးကျပ် ၂၈၅ သိန်းနှင့် Type-B တွင် စတုရန်းပေ ၅၆၅ ရှိသောတိုက်ခန်း (၁၆) ခန်းရှိပြီး တစ်ခန်းလျှင် တန်ဖိုးကျပ် ၂၆၇ သိန်းရှိသည်။

ယင်းတိုက်ခန်းများမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ပြီးစီးရမည်ဖြစ်သော်လည်း တိုက်ခန်းမဲဖောက် ရောင်းချစဉ် တိုက်ခန်းဝယ်ယူခွင့် ရရှိသူ ၅၀ ရာခိုင်နှုန်းသာ ပထမအရစ်ပေးသွင်းနိုင်ခဲ့ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှာ မပေးနိုင်၍ ဝယ်ယူခွင့်ဖျက်သိမ်းပြီး အခြားဝယ်လိုသူများအား လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာရောင်းချခဲ့ရာ လုပ်ငန်းများ နှောင့်နှေးမှုများဖြစ်ခဲ့ကြောင်းသိရသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာရှိ U-600 တိုက်ခန်းများမှာ ယခုနှစ်နိုဝင်ဘာလကုန်တွင်အပ်နှံနိုင်မည်ဖြစ် ပြီး U-900 တိုက်ခန်းများမှာမြေပြင်တွင်(၃)လွှာထိပြီးစီးနေပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်တွင် အပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။

U-600 တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူများအနေနှင့် ပဉ္စမအရစ်အထိ ကျသင့်ငွေပေးသွင်းရန်လည်း ကောင်း၊U-900 တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူများမှာ ဒုတိယအရစ်အထိ ကျသင့်ငွေများအားအမြန်ဆုံးပေး သွင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးနှိုးဆော်ထားသည်။

 

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service