တိုင္းေဒသႀကီးမွေရာင္းခ်သည့္ ေျမကြက္ေနရာအေသးစိတ္ သက္ဆိုင္ရာစည္ပင္ရံုးတြင္ေၾကျငာထား - Property News in Myanmar from iMyanmarHouse.com
1075 Views

တိုင္းေဒသႀကီးမွေရာင္းခ်သည့္ ေျမကြက္ေနရာအေသးစိတ္ သက္ဆိုင္ရာစည္ပင္ရံုးတြင္ေၾကျငာထား

### Zawgyi Version ###

တိုင္းေဒသႀကီးအစိုးရမွ ေရာင္းခ်လ်က္ရွိသည့္ ေျမကြက္ေနရာအေသးစိတ္ကုိ သက္ဆိုင္ရာျမိဳ႕နယ္စည္ပင္ ရံုးမ်ားတြင္ ၾကည့္ရွဳနိုင္ျပီးကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႕မွ ျမိဳ႕နယ္အလိုက္သတ္မွတ္ထားသည့္ ေစ်းနွဳန္းမ်ားကုိ အေျခခံ၍ ေရာင္းခ်သြားမည္ဟု ရန္ကုန္ျမိဳ႕တာ္စည္ပင္သာယာေရး ေကာ္မတီ၏ ထုတ္ျပန္ခ်က္အရသိရသည္။

“ ေရာင္းခ်မဲ့ ျမိဳ့နယ္ေတြရဲ့ ေျမကြက္အေသးစိတ္ကုိ သက္ဆိုင္ရာအီးအိုရံုးေတြမွာ ကပ္ထားတယ္ သြားေလ့လာျပီး သတ္မွတ္ထားတဲ့ ေျမကြက္ကုိ ေလွ်ာက္လို႕ရပါတယ္။ ဒီမွာကေျမကြက္ေနရာေတြပဲ ကပ္ထားတာ လာေလွ်ာက္တာတို႕လာ၀ယ္တာမ်ိဳးေတြေတာ့လက္မခံပါဘူး” ဟု ရန္ကုန္ျမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီမွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားသည္။

အဆိုပါ ေျမကြက္အေသးစိတ္ကုိ ျမိဳ႕နယ္စည္ပင္သာယာရံုးတြင္ တရား၀င္ေၾကျငာထားျပီး မိမိ၀ယ္ယူလိုသည့္ ေျမကြက္မ်ားကုိ သတ္မွတ္ထားသည့္ေလွ်ာက္လႊာမ်ားတြင္ ေဖာ္ျပကာ အေရွ႕ပုိင္းခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဳး ရံုး၌ နို၀င္ဘာ ၈ ရက္ေန႕ေနာက္ဆံုးထားေလွ်ာက္ထားရမည္ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ စီမံခန္႔ခြဲပိုင္ခြင့္ရွိေသာတိုင္းေဒသႀကီးအတြင္းရွိ ေျမမ်ားကို စီးပြားေရးႏွင့္ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္၊ လူေနထိုင္ႏိုင္ရန္ ေျမအသုံးျပဳခြင့္မ်ားကို သတ္မွတ္စရိတ္ ေပးသြင္း၍ အသုံးျပဳခြင့္ေပးမည္ျဖစ္ေၾကာင္း ေျမစီမံခန့္ခြဲမွဳေကာ္မတီထံမွ သိရသည္။

အဆိုပါေျမမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ၫြန္ၾကားခ်က္ျဖင့္ အစိုးရအဖြဲ႕ ေျမစီမံခန္႔ခြဲေရးေကာ္မတီမွ ေရာင္းခ်ျခင္းျဖစ္ျပီး ဒဂံု ေလးျမိဳ့နယ္နွင့္ လွိဳင္သာယာ၊ ေရႊျပည္သာျမိဳ႕နယ္မ်ားမွ ေျမမ်ားကုို ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ေျမစီမံခန္႕ခြဲမွဳေကာ္မတီထံမွသိရသည္။

ယင္းေျမကြက္မ်ားကုိ ေအာက္တိုဘာ ၇ ရက္ေန့မွ စတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး အေရွ႕ပုိင္းခရိုင္ေထြအုပ္ရံုးမွ တန္းစီစနစ္၊ တိုကင္စနစ္မ်ားျဖင့္ ေရာင္းခ်လ်က္ရွိျပီး ေျမကြက္၀ယ္ယူရန္လာေရာက္တန္းစီသူ ေန႕စဥ္ေထာင္ေက်ာ္ျဖင့္ ၀ယ္ယူရခက္ခဲသည့္ ျပသနာမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း က်ပ္တစ္ေသာင္းျဖင့္ ေျမကြက္ေလွ်ာက္လႊာလာေရာက္ တန္းစီ၀ယ္ယူမ်ားထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

တိုင်းဒေသကြီးအစိုးရမှ ရောင်းချလျက်ရှိသည့် မြေကွက်နေရာအသေးစိတ်ကို သက်ဆိုင်ရာမြို့နယ်စည်ပင် ရုံးများတွင် ကြည့်ရှုနိုင်ပြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ မြို့နယ်အလိုက်သတ်မှတ်ထားသည့် ဈေးနှုန်းများကို အခြေခံ၍ ရောင်းချသွားမည်ဟု ရန်ကုန်မြို့တာ်စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

“ ရောင်းချမဲ့ မြို့နယ်တွေရဲ့ မြေကွက်အသေးစိတ်ကို သက်ဆိုင်ရာအီးအိုရုံးတွေမှာ ကပ်ထားတယ် သွားလေ့လာပြီး သတ်မှတ်ထားတဲ့ မြေကွက်ကို လျှောက်လို့ရပါတယ်။ ဒီမှာကမြေကွက်နေရာတွေပဲ ကပ်ထားတာ လာလျှောက်တာတို့လာဝယ်တာမျိုးတွေတော့လက်မခံပါဘူး” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မြေကွက်အသေးစိတ်ကို မြို့နယ်စည်ပင်သာယာရုံးတွင် တရားဝင်ကြေငြာထားပြီး မိမိဝယ်ယူလိုသည့် မြေကွက်များကို သတ်မှတ်ထားသည့်လျှောက်လွှာများတွင် ဖော်ပြကာ အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး ရုံး၌ နိုဝင်ဘာ ၈ ရက်နေ့နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောတိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးနှင့် စက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ လူနေထိုင်နိုင်ရန် မြေအသုံးပြုခွင့်များကို သတ်မှတ်စရိတ် ပေးသွင်း၍ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း မြေစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

အဆိုပါမြေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် အစိုးရအဖွဲ့ မြေစီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခြင်းဖြစ်ပြီး ဒဂုံ လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များမှ မြေများကို ရောင်းချခြင်းဖြစ်ကြောင်း မြေစီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။

ယင်းမြေကွက်များကို အောက်တိုဘာ ၇ ရက်နေ့မှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အရှေ့ပိုင်းခရိုင်ထွေအုပ်ရုံးမှ တန်းစီစနစ်၊ တိုကင်စနစ်များဖြင့် ရောင်းချလျက်ရှိပြီး မြေကွက်ဝယ်ယူရန်လာရောက်တန်းစီသူ နေ့စဉ်ထောင်ကျော်ဖြင့် ဝယ်ယူရခက်ခဲသည့် ပြသနာများဖြစ်ပေါ်လျက်ရှိကြောင်း ကျပ်တစ်သောင်းဖြင့် မြေကွက်လျှောက်လွှာလာရောက် တန်းစီဝယ်ယူများထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service