ဒဂုံလေးမြို့နယ် လျောကြေးမပေးခဲ့သည့်နေရာများ ပြန်လည်ပေးအပ်ရန် တိုင်းဒေသကြီးအစိုးရ ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
857 Views

ဒဂုံလေးမြို့နယ် လျောကြေးမပေးခဲ့သည့်နေရာများ ပြန်လည်ပေးအပ်ရန် တိုင်းဒေသကြီးအစိုးရ ပြင်ဆင်

### Zawgyi Version ###










### Unicode Version ###

ဒဂုံလေးမြို့နယ်ရှိ မြေသိမ်းဆည်းထားပြီး လျောကြေးမအပ်ခဲ့သည့်နေရာများကို ပြန်လည်ပေးအပ်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။

အဆိုပါလျော်ကြေးပြန်လည်ပေးအပ်မည့်ကိစ္စကို ဦးဖြိးမင်းသိန်းက ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့်ကျေးရွာတွင်ပြုလုပ်သည် ရန်ကုန်မြို့သစ်စီမံကိန်းမူလမြေပိုင်ရှင်များ မြေပြန်လည်ပေးအပ်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဒဂုံလေးမြို့နယ်ရှိ သိမ်းဆည်းထားသည့် မြေများကို မူလမြေပိုင်ရှင်လယ်သမားများထံ လျော်ကြေးငွေများ စက်တင်ဘာလ နောက်ဆုံးအပတ်မှစတင်၍ ပြန်လည်ပေးအပ်ခဲ့ပြီး တရားဝင်ပိုင်ဆိုင်မှုအထောက်အထားရှိသည့် စလစ်ပိုင်ရှင်များကို သတ်မှတ်ထာသည့်တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၇ ဘီလီယံနီးပါးလျော်ပေးခဲ့ကြောင်း အစိုးရအဖွဲ့စာရင်းများအရသိရသည်။

ထို့အပြင် အဆိုပါမြေလျော်ကြေးပေးရန် ကျန်ရှိသည့် လယ်မြေများကို နောက်ထပ် ဘီလီယံ ၃၀ ကျော် ထပ်မံပေးအပ်သွားရန်ပြင်ဆင်လျက်ရှိပြီး လာမည့်နှစ်ဧပြီလ၌လည်း နောက်ထပ်ဘီလီယံ ၂၀၀ ဝန်းကျင် ပြန်လည်လျော်ပေးသွားမည်ဟု ဦးဖြိုးမင်းသိန်းကပြောကြားသည်။

ဘာကြောင့် မြေလျော်ကြေးပေးဖို့လုပ်ရလဲဆိုလျင် မြို့ပြဖြစ်သွားသည့် နေရာများမှာ မြေသည်မြို့မြေ ဖြစ်သွားခြင်းကြောင့် လယ်ပြန်စိုက်လို့မရတော့ကြောင်း၊ လယ်သိမ်းထားသည့် နေရာများမှာ လယ်ပြန်စိုက်ရန် ပုံစံခွန် ထုတ်ပေးမှုကို မလုပ်နိုင်သည့် နေရာများမှာ မြေလျော်ကြေးပေးဖို့ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခင်လယ်သမားများပိုင်ဆိုင်သည့်မြေသည် မြို့ပြဖြစ်လာသည့်အတွက် မြို့မြေများဖြစ်သွားခဲ့ပြီး လယ်ပြန်စိုက်ရန် မရတော့သည့်အတွက် လယ်သိမ်းထားသည့်မြေနေရာတွင် လယ်ပြန်စိုက်ရန် ပုံစံခွန်ထုတ်ပေးမဲ့မလုပ်နိုင်သည့်နေရာများကို မြေယာလျော်ကြေးပေးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ထံမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ရန်ကုန်မြို့သစ်စီမံကိန်းရှိမြေနေရာနှင့်မလွတ်သည့်နေရာများမှ မူလမြေ ပိုင်ရှင်များကိုလည်း မြေကွက်အမျိုးအစားအလိုက် ၂၀ ရာခိုင်နှုန်းစီယာယီမြေပေးမိန့်များဖြင့်ပြန်လည်ပေးအပ်လျက်ရှိပြီး ယင်းအနေအခြေမှ ပြည်သူနှင့်ထိတွေ့မှုအရ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေကိုသိရှိနိုင်မည်ဖြစ်ကြောင်းဦးဖြိုးမင်းသိန်းကဆက်လက် ပြောကြားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service